Thursday, January 17, 2008

ကိုင်းပြောစမ်းပါရစေ (၃)

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး အရှိန်မြင့်နေဆဲ ကာလတစ်ခုမှာ ပြည်ပရောက် မြန်မာတွေကြား မေးခွန်းတစ်ခု ဂယက်ရိုက်ခဲ့တယ်ခင်ဗျ။ အဲဒါကတော့ “ငါတို့ဘာလုပ်နိုင်သလဲ၊ အခုဘာတွေလုပ်ကြမလဲ“ ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်ဗျ။ ၈၈အရေးတော်ပုံနောက် အကြီးမားဆုံး လူထုလှုပ်ရှားမှု အကြမ်းဖက်ဖြိုခွဲခံရပြီး အခုအချိန်မှာလည်း မေးခွန်းတွေ မေးနေကြဆဲပါ။ သေချာတဲ့အချက်ကတော့ ပြည်တွင်းမှာ လှုပ်ရှားမှု ပေါ်ပေါက်လာတဲ့ အခါကြမှ တုံ့ပြန်ခဲ့တဲ့ အတွက်ကြောင့် ပြည်ပအင်အားစုတွေရဲ့ ကူညီမှုဟာ ထိရောက်သင့်သလောက် မထိရောက်ခဲ့ဘူးဆိုတာပါပဲခင်ဗျ။

နိုင်ငံ့အရေး လုပ်ဆောင်ကြတဲ့ အင်အားစုများဟာ ပထမဆုံးအဆင့်မှာ အခြေခိုင်ခိုင်ရပ်တည်နိုင်ဖို့ ကြိုးပမ်းကြရပါတယ်။ ဒုတိယအဆင့်အနေနဲ့ မိမိရပ်တည်မှု ခိုင်မာလာတာနဲ့အမျှ အဖွဲ့အင်အား တောင့်တင်းလာဖို့ လူထုအကြားဆင်းပြီး လှုပ်ရှားကြရပါတယ်ခင်ဗျ။ နောက်ဆုံးအဆင့်ကတော့ မိမိတို့ရဲ့အယူအဆ၊ လမ်းကြောင်းကို တိုင်းသူပြည်သား အများစုက ထောက်ခံလာရင် အဆုံးသတ်အောင်ပွဲ ရယူဖို့ကြိုးပမ်းရပါတယ်။

ဒီနေရာမှာ ပြည်တွင်းအင်အားစုနဲ့ ပြည်ပအင်အားစု နှစ်ခုမှာ အဆုံးသတ် အောင်ပွဲကို ရယူပေးနိုင်တဲ့ အင်အားစုဟာ ပြည်တွင်းအင်အားစုသာ ဖြစ်ပေတယ်ဗျ။ ပြည်ပအင်အားစုဟာ ပြည်တွင်းအင်အားစုရဲ့ ကျောထောက်နောက်ခံသာဖြစ်တယ် ဆိုတာကို အရင်ဆုံး ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်ခင်ဗျ။ ဒီအတွက် အောင်ပွဲရယူပေးမယ့် ပြည်တွင်းအင်အားစုရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရာကြီးပွားကြောင်း အတွက် ဘက်ပေါင်းစုံကနေ ပံ့ပိုးသင့်ပေတယ်ဗျ။

အခုလိုကူညီပံ့ပိုးကြရာမှာ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်လေးတွေကတော့

၁။ ပြည်တွင်းအင်အားစုကို ရုပ်ဝတ္တု၊ငွေကြေး ထောက်ပံ့ခြင်း

၂။သမိုင်းမှန်၊ သတင်းမှန်၊ ပကတိအခြေအနေမှန်ကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခြင်း

၃။ ပြည်တွင်းအင်အားစုက အဆုံးသတ်အောင်ပွဲအတွက် လုံးပန်းနေချိန်တွင်၊ ပြည်ပအင်အားစုမှ ပြန်လည်ထူထောင်ရေးကာလ အတွက် ကြိုတင်ပြင်ဆင်တားခြင်း။

၎။ အထက်ပါ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော လူအများအကြား အညီအညွတ်ရှိစေခြင်း တို့ဘဲဖြစ်ပါတယ်ခင်ဗျ။

ဒီတော့ ကျနော်တို့ဟာ ပြည်တွင်းမှာ တစ်ခုခုဖြစ်မှ ထလုပ်ရှားကြမယ့်အစား၊ လူအများ ပေါ့ပေါ့ပါးပါးနဲ့ ပါဝင်လုပ်ဆောင်နိုင်မယ့် ယေဘုယျ လုပ်ငန်းစဉ်လေးတွေ အခုကတည်းက ချမှတ်ပြီး လုပ်သင့်နေပြီဖြစ်ကြောင်း အကြံပြုပါရစေလားခင်ဗျာ။

ကိုညို


Sunday, January 6, 2008

ကိုင်း…ပြောစမ်းပါရစေ (၂)

လွတ်လပ်ရေးနေ့အတွေး

နှင်းမြူတွေဆိုင်းနေတဲ့ ဇန်န၀ါရီလ နံနက်ခင်းတစ်ခင်းမှာ ပြည်သူ့လွှတ်တော်ရှေ့ လမ်းရှောက်နေရင်းနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်မိပါတယ်။ တက်သစ်စ နေခြည်နုအောက်မှာ ၀င်းပနေတဲ့ရွှေရောင်တွေဟာ မြူတွေကြားကထိုးထွက်ပြီး ဟိုတစ်စဒီတစ်စနဲ့ တလက်လက် တောက်ပနေပါတယ်။ တချိန်ထဲမှာပဲ အတွေးတစ်ခု ၀င်လာပါတယ်၊ လောကမှာ ရွှေရောင်ဓမ္မတရားစစ်ဆိုတာ အဓမ္မမြူခိုးတွေ ဘယ်လိုပဲ ကာဆီးထားထား အမြဲထွန်းလင်းနေဆဲဖြစ်ပြီး၊ အဓမ္မတရားဟာ တချိန်မှာတော့ ဖယ်ခွာရစမြဲ ဆိုတာပါခင်ဗျာ။

တစ်ဆက်ထဲ အင်္ဂလိပ်တို့ လက်အောက်က လွတ်မြောက်ခဲ့တာ နှစ်ပေါင်း၆၀ တိုင်ခဲ့ပါပကောလို့ တွေးလိုက်မိတယ်ဗျာ။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ကျနော်တို့မြန်မာတွေဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သလို လွတ်လပ်ရေးရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရသေးပါဘူးဗျ။ လူမှုရေး၊ စီးပွားရေး ယုတ်စွအဆုံး နေ့တဓူဝအရေး နယ်ပယ်တွေမှာ အာဏာပိုင်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ပြည်သူတွေဟာ မလူးသာ မလွန့်သာ ဖြစ်နေဆဲပါ။ ကိုယ့်ဘ၀ခရီးလမ်းကို ကိုယ်ပိုင်ပြဌာန်းချက်အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဖို့အတွက် ခက်ခဲနေဆဲပါခင်ဗျ။ အမှန်ပြောရရင် ကျနော်တို့တွေ မလွတ်လပ်သေးပါဘူး။

၁၈၈၅ခုနှစ် ပါတော်မူပြီး ကတည်းက မြန်မာတို့ဟာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်ဗျ။ တင်းကျပ်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေမှန်သမျှကို ချိုးဖျက်နိုင်ဖို့ အမြဲကြိုးစားခဲ့ကြတယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းတို့လှုပ်ရှားမှု၊ ပထမ ကျောင်းသားသပိတ၊် ဒို့ဗမာအစည်းအရုံးရဲ့ စည်းရုံးလှုပ်ရှားမှု၊ ဒုတိယ ကျောင်းသားသပိတ်၊ ၁၃၀၀ပြည့် အရေးတော်ပုံ အစရှိတဲ့ လှုပ်ရှားမှုတွေဟာ မတရားတဲ့ဖိနှိပ်ချုပ်ချယ်မှု မြူမှောင်တွေကြားက ပြတ်ပြတ်သားသား လင်းလက်လာတဲ့ ရွှေရောင်အလင်းတန်းများဘဲ ဖြစ်ပါတယ်ခင်ဗျ။

မြန်မာတို့ရဲ့ နိုင်ငံရေးအသိ၊ စည်းလုံးညီညွတ်မှုရေချိန် မြင့်မားလာတာနဲ့အမျှ လွတ်လပ်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး၊ ၉၁ဌာန အုပ်ချုပ်ရေး စတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ ညီညွတ်ရေးရေချိန် မြင့်မားလာနေတဲ့ မြန်မာတို့ကို ချွေးသိပ်ခဲ့ရတယ်ဗျ။ ဒီနေရာမှာ နယ်ချဲ့ တို့ပေးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အနှစ်သာရ စစ်မှန်မှု ကိုပြောလိုတာ မဟုတ်ပေဘူး။ အဖိနှိပ်ခံလူထု စည်းလုံးညီညွတ်မှုရှိလေလေ အုပ်ချုပ်သူတွေ အလျှော့ပေး လိုက်လျောရလေလေ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြလိုခြင်းသာ ဖြစ်တယ်ခင်ဗျ။ အမျိုသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာတို့ရဲ့ စည်းလုံးညီညွတ်မှု အထွတ်အထိပ်ရောက်ရှိခဲ့တဲ့အတွက် ၁၉၄၈ခုနှစ်မှာ လုံးဝလွတ်လပ်ရေး ရရှိခဲ့ပါတယ်။

အမျိုးသားစည်းလုံးမှု ပျက်ပြားခဲ့တဲ့အတွက် ၁၄နှစ်အကြာမှာ ရွှေရောင်တောက်ပခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဟာ အာဏာရှင်လူတစ်စု လက်အောက်မှာ ဆိတ်သုန်းခဲ့ရတယ်ဗျ။ မြန်မာပြည်ကို မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု သံကွန်ချာ ထပ်မံလွှမ်းမိုးခဲ့ရပြန်တယ်။ ကျနော်တို့ဟာ ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးများအတွက် ခေါင်းငုံ့မခံဘဲ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း တွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု တံတိုင်းကို ရိုက်ချိုးဖို့ ကြိုးစားခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပါတယ်ခင်ဗျ။ ဒါတွေဟာ စစ်အာဏာရှင် အုပ်စိုးမှု အမိုက်မှောင်အတွင်းက ပွင့်အံထွက်လာတဲ့ ပြည်သူတွေရဲ့ ရွှေရောင်သတ္တိတွေ ဖြစ်တယ်။

၁၉၈၈ခုနှစ်အရေးတော်ပုံမှာ ပြည်သူလူထုရဲ့ စည်းလုံးမှု အထွတ်အထိပ် ရောက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ တဆက်ထည်းမှာဘဲ မြန်မာပြည်ဟာ ပိုမိုနက်ရှိုင်းတဲ့ ဖိနှိပ်ချုပ်ချယ်မှု အမှောင်ထုအတွင်း ကျရောက်ခဲ့ရတယ်ဗျ။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို မဲပေးခဲ့ပြီး ပြည်သူ့ ဆန္ဒကို ရဲရဲဝံ့ဝံ့ ဖော်ပြခဲ့တယ်။ ၉၂ ကျောင်းသားလှုပ်ရှားမှု၊ ၉၆၊၉၈ ကျောင်းသားလှုပ်ရှားမှု နဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေဟာ စစ်အာဏာရှင်အုပ်စိုးမှု အမိုက်မှောင်အောက်က လွတ်မြောက်လိုတဲ့ ဆန္ဒကြောင့် ထွက်ပေါ်လာတဲ့ အလင်းတန်းတွေပဲ ဖြစ်ပါတယ်ဗျ။

၁၈၈၅ခုနှစ် ကတည်းက ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးဟာ အနှစ်၆၀ကျော် ကြာပြီးမှ ကျနော်တို့ရဲ့ ဘိုးဘွားတွေရဲ့ သွေးချွေးတွေပေးဆပ်ပြီး ရယူခဲ့ရတာပါ။ အဲဒီလိုပဲ ၁၉၆၂ခုနှစ်မှာ ပြန်လည်ဆုံးရှုံးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွေးရာပါအခွင့်အရေးတွေကို ပြန်လည်ရယူဖို့အတွက် ဖြတ်သန်းလာခဲ့ရတဲ့ လူထုလှုပ်ရှားမှုတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ လွတ်မြောက်ရေးပန်းတိုင်ဆီ အရောက်လှမ်းနိုင်မယ့် အချိန်ဟာ အကန့်အသတ်မဲ့ပါ။ အဲဒီ့အတွက် ကျနော်တို့တွေဟာ စိတ်ရှည်သည်းခံမှု၊ စည်းလုံးညီညွတ်မှု၊ တော်လှန်ရေးသတိ အစဉ်နိုးကြားနေဖို့ လိုအပ်ပါတယ်ဗျ။ ဒါ့အပြင် ပြည်တွင်း၊ပြည်ပ တော်လှန်ရေးအင်အားစုအတွင်း စည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်လာနိုင်တာနဲ့အမျှ မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ လွတ်လပ်မှုဟာ ဖုံးလွှမ်းထားတဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု အမှောင်တိုက်မှ ထွက်မြောက်လာနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။

ကျနော် အတွေးနက်နေတဲ့ အချိန်အတွင်းမှာဘဲ မျက်နှာမူရာမှာရှိတဲ့ ရွှေတိဂုံစေတီတော်ကြီးဆီက ရွှေရောင်အလင်းတန်းများဟာ ပိန်းပိတ်နေတဲ့ မြူတွေကြားက ဟိုနားဒီနားကနေ ထိုးဖောက်တောက်ပနေပါတယ်။ တဖြည်းဖြည်းချင်း ထွန်းလင်းလာတဲ့ နံနက်နေရောင်အောက်မှာ မြူခိုးတွေဟာ အလန့်တကြား ကွယ်ပျောက်နေပါပြီ။ ရွှေရောင်တွေ ၀င်းဝင်းလက်လက်နဲ့ တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကို ရွှေတောင်ကြီးအလား အဝေးက ဖူးမြော်လိုက်ရပါတယ်။ အဆုံးမှာတော့ ဤလောကမှာ ဓမ္မ ကသာ အနိုင်ရမြဲ မဟုတ်ပါလားခင်ဗျာ။

ကိုညို

Friday, January 4, 2008

လွတ်လပ် ရေး နေ့ အတွေးများ

ဒီနေ့ ကား ၂၀၀၈ ခုနှစ် ဇန္နဝါရီ လ ၊ ၄ ရက် နေ့ ၊ လွတ်လပ်ရေးနေ့ အခါသမယ တည်း ။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ က ကျွနုပ် တို့ ဗြိတိသျှ တို့ ထံမှ တခြားသော အာရှ နိုင်ငံ များ ထက် စောစွာ လွတ်လပ်ရေး ရခဲ့ လေသည်။ သို့ ရာ တွင် လွတ်လပ် ရေး နှင့် အတူ ပေါက် ဖွား လာ သော ပြည်တွင်း စစ် မီး ကို ကား အခု ထိ တိုင်အောင် မငြိမ်း နိုင်သေး ။ ဒီမိုကရေစီ အရသာ ကို ၁၀ နှစ်မျှ ခံစား ပြီး နောက် ၁၉၅၈ ခုနှစ် ၌ အိမ်စောင့် အစိုးရ ၊ ထို့ နောက် ၁၉၆၂ ခုနှစ် မှ စ၍ အာဏာသိမ်း စစ်အစိုးရ ၊ နောက်ပိုင်း ၁၉၇၄ ခုနှစ် ၌ အာဏာရှင် နာမည် ပြောင်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ လက်ထက် ၊ ၁၉၈၈ မှ ၍ နဝတ၊ နအဖ အမျိုးမျိုး ပြောင်း ခေါ် သော်လည်း အာဏာ ကို လက်မလွှတ်တမ်း ဆုပ်ကိုင်သွား မည့် စစ်အာဏာရှင် အစိုးရ ၊ စသည်ဖြင့် အာဏာရှင် အမျိုးမျိုး နှင့် ရင်ဆိုင် ခဲ့ ရ လေ သည်။ အစိုးရ အဆက်ဆက် ကို တော်လှန်သော သူပုန် များ က လည်း ( အရောင်အမျိုးမျိုး ၊ အယူဝါဒ အမျိုးမျိုး ၊ ခံယူချက် အမျိုးမျိုး ) ဖြင့် စုံခဲ့ လေ သည်။ တစ်ချို့ ဒေ သ များ တွင်ကား စစ်တပ် လည်း ကြောက် ရ ၊ သူပုန် လည်း ကြောက် ရ ၊ မြို့ ပေါ် လက်နက် ကိုင် များ လည်း ကြောက်ရ နှင့် လူထု မှာ ကျွဲ အုပ် များ ကြား မှ မြေဇာပင်များ သဖွယ် ဖြစ်ခဲ့ လေ သည်။ ယခုအချိန် အထိ နိုင်ငံအတွင်း မှာ ပင် စစ် ပြေး ရွာပုန်း ရွာ ရှောင် ဒုက္ခသည်များ ရှိ နေ သည်။ ဤသည်မှာ လည်း အား လုံး အသိပ င် ။

ကျွန်တော် တို့ နိုင်ငံ ဘယ် တော့ မှ လွတ်လွတ် လပ် လပ် နေ နိုင် မလဲ ။ လွတ်လပ် နေ တာ ပဲ ဟု ငြင်း နိုင် ပါ သည်။ ဟုတ် ပါ သည်။ စစ်အစိုးရ လက် ထက် တွင် ပညာ ရေး ၊ စီးပွားရေး ၊ နိုင်ငံ ရေး ၊ နိုင်ငံ တကာ နှင့် ဆက်ဆံ ရေး တွင် များ စွာ ကျဆင်း ခဲ့ သည် ။ ကမ္ဘာ့ အဆင်းရဲ ဆုံး တိုင်းပြည် တစ်ပြည် အဖြစ် သို့  ရောက် သွား သည်။ မကောင်းသည့် ဘက် တွင် အပေါ် ဆုံး မှ နေ သည့်  တိုင်း ပြည် ဖြစ်သွား သည်။ မကောင်းသည့်  ဝိသေသ များ စွာ ပိုင်ဆိုင် သော နိုင် ငံ တစ်နိုင် ငံ ဖြစ် လာ သည်။ စီးပွား ရေး ခြွတ်ခြုံ ကျ ခဲ့ သည်။ ငွေကြေး ဖောင်းပွ မှု က များ လာ သည်။ ဝင်ငွေ က သဘာဝ ဓါတ်ငွေ့ တစ်ခု တည်း လောက်လောက်လား လား ရှိ ပေ မယ့် တစ်ခြား နိုင်ငံ ၏ ပွဲစား လုပ် ခ တောင် မရှိ ၊ တောထဲတွင် မြို့ တော် တည် နေ သည်။ နန်းတော် များ ဆောက် နေ သည်။ ပြည်သူ့ အကျိုး စီးပွား တစ်ခု မှ မပါ ၊ ပြည့် သူ့  ဆန္ဒ တစ်ခု မှ မပါ ။ လွယ်သည်များ ကို ခက် အောင် လုပ် ၍ ၊ ခက် သည် များ ကို ပို ၍ ခက် အောင် လုပ် ပစ် သည်။ တိုင်း ပြည် ကို ရောင်း စား နေ သည့် ၊ အလွဲ သုံး စား လုပ် နေ သည့် အစိုးရ လက် ထက် တွင် လွတ်လပ် ရေး သည် အလကား ဖြစ် နေ သည်။

ည ၁၂ ကျော် လျှင် ဧည့် စာရင်း စစ် မည့် ရန် ကို ကြောက် နေ ရ သည်။ ခွေးဟောင် သံ ကြား လျှင် ကို ကြောက် နေ ရ သည်။ တလော က ဘုရား တက် လျှင် ကို မှတ်ပုံတင် ပြ ရ သည်။ ပြည်သူတို့ လွတ် လွတ်လပ် လပ် လုပ် ကိုင် ခွင့် ၊ အသက်မွေးဝမ်း ကြောင်း ပြု ခွင့် ၊ တောင် မရှိ သလောက် ဖြစ်နေ သည်။ ( လွတ်လွတ်လပ် လပ် ဆန္ဒ ပြ ခွင့် ကို ထား ဦး ) ။ ကျန်ခဲ့ သော အပတ် က စားသောက်ဆိုင်များ ဖွင့်ခွင့် ကို ပိုမို တင်းကျပ် မည် ဟု အမိန့် ထွက် လာသည်။ စားသောက်ဆိုင်များ က လူတွေကို အချိန် ကုန် ၊ ငွေ ကုန် ဖြစ်စေသည် ဆိုသော ကမ္ဘာကျော် မှာ ကြား ချက် ကို ရန် ကုန် မြို့ တော်ဝန် က ပြော ခဲ့လေ သည်။ တိုင်းပြည် စီးပွား ရေး ကောင်း ၍ လူတော် တော်များ များ တွင် အလုပ်အကိုင်များ ရှိ ပါ က ထိုလူများ ထိုဆိုင်များ တွင် သွား ရောက် ၍ အချိန်ဖြုန်း ကြ မည် လား ၊ အခြေခံ ပညာ တတ် လျှင် ပင် စဉ်းစား တတ် ပါ သည်။

ယခု အပတ် စိတ်ဝင်စား ဖွယ် သတင်းများ ထဲ မှ တစ်ခု မှာ - နွား ၆ ကောင် ဖြင့် လျှပ်စစ်မီး ထုတ် သော စက် ဖြစ် လေ သည်။ ရေးသည့် သတင်း ထဲ မှာ လည်း တစ် ကီ လို လျှင် ဝပ် နှစ် ထောင် ရှိ သည် ဟု ဆို ထားသေး သည်။ ပြီး တော့  စမ်းသပ် ပြ သည် ပစ္စည်း မှာ လည်း ကော်ဖီ Maker ဖြစ် နေ သည်။ ရန် ကုန် မြို့ မှာ တောင် အမှောင် ထဲ ထိုင် ၍ ခြင် ရိုက် နေ ရ သော ခေတ် ဖြစ် လေ ရာ ၊ တော ရွာ လေး တစ် ရွာ တွင် နွား တွေ က သွား နေ ၊ နောက်ချေး နံ့ တသင်းသင်း ၊ ဖုံ တထောင်းထောင်း နှင့် ၊ ကော်ဖီ Latte သို့ Expresso ကို သူတို့ စမ်းသောက် နေ သည် ကို ကျွန်တော် စဉ်းစား ကြည့်မိသည်။ အခု အပတ် ရဲ့ ရီ စရာ တစ်ခု ဖြစ် လေသ ည်။ သူတို့ ရွာ တွင် နွား များ ညဘက် OT ဆင်းရ မည့် အရေး ကို လည်း တွေးပူ မိ သည်။

ကျွန်တော် တို့  မျက်စိ ရှေ့ မှာ တွင် မအောင်မြင်သော ပရိုဂျက် တို့ အများ ကြီး ပင် ။ ဗခ ခင်ညွှန့် လက် ထက် လှေ ပြိုင် ပွဲ တွေ လုပ် သည် ။ တော နယ် များ မှ ၊ ရွာဦးကျောင်း များ အောက် တွင် မနာ အောင် ထား ကာ တစ်နှစ် မှ တစ်ခါ သာ ထုတ် သော ပြိုင်လှေ များ ကို သယ် ချ လာ သည်။ ထို့ နောက် နှစ် အနည်း ငယ် သာ လုပ် ပြီး ၊ ချောင်ထိုး ထား လုပ် ကြသည်။ ထို့ နောက် လှေ များ မှာ ရန် ကုန်သို့ ရောက် ပြီး နှစ် မကြာ မီ ၊ ကိစ္စ ချော သွား ကြ လေ သည်။

ထို့ နောက် သစ်စိမ့် ဆီ ဆို ၍ တစ်နိုင်ငံ လုံး စိုက် ကြ သေး သည်။ TV မှ လွှင့် ၍ သူထက် ကောင်း တာ ဘာ မှ မရှိ သည့် ပုံ စံ ပြော ကြသည်။ ပြီး တော့ လည်း ပြီး သွား တာ ပါ ပဲ ။ နောက် တော့ ကြက်ဆူဆီ ၊ စိုက် ကြ ဟေ့ တစ်နိုင်ငံ လုံး ၊ ကြာတော့ လည်း ပြီးသွား မှာ ပါ ။ သူတို့ က တော့ စမ်းပြ ပါ သည်။ ကြိတ်စက် နှင့် ကြိတ် ၊ ပိတ်စိမ်းပါး နှင့် စစ် ပြီး ဒီ ဇယ် ဆီ နှင့် ရော မောင်း ပြ သည်။ အိုကေ ။ ဗိုလ် ချုပ်ကြီး ပြန် သွား ပြီး ထိုစက်များ နော်ဇယ် များ ဆေး ၊ တစ် ချို့  ဖြုတ်လဲ လိုက် ရ သည်။ ၁၀ တန်း လောက် အောင် လျှင် စဉ်းစားတတ် ပါ သည်။

ဒါတွေ က သိသာထင်ရှား သော အချက် တွေ ပါ။

ကျွန်တော် အတွေး တွေ စုံသွား သည်။ ဒါ ဒီ နေ့ တွေးမိ တာ လေး တွေ ပါ။ နောက် များ ကျ မှ ပဲ …….။


96gen: