Thursday, October 25, 2007

ပြောကြည့် ရ အောင် ၃

ဒီ ညနေ အထိ ဘလော့ခ်တွေ ဖတ်မိ သလောက်က တော့ ၊ ဆရာအောင်ဝေး ရဲ့ ပုန်းခိုကျင်း ထဲက စာများ ပဲ ဖြစ်ပါတယ် ။ ဆရာ ရဲ့ “ ရွှေဝါရောင် သွေးစည်းညီ ညွတ်မ”ှု နဲ့ ၊ “အဝါရောင် သွေး တော်လှန်ရေး ”စာလုံး များ ကတော့ ထိလှ ပါ ပေ တယ်။ ဆရာရဲ့ စာ ထဲမှာ စစ်ရေး နဲ့ စိတ်ဓါတ်စစ် ဆင် ရေး မှာ ကြံ့ဖွံ့ နဲ့ ၊ စွမ်းအား ရှင် တို့  အမည် များ ကို မှတ်တမ်း တင် ဖို့ ပါ နေ ပါ တယ်။ လုပ်သင့်တဲ့ အလုပ် တွေ ပါ ခင်ဗျာ ။


နောက်တစ်ခု က တော့ တေဇ ရဲ့ Air Bagan ရပ် ဆိုင်း တော့ မယ် ။ ဆို တဲ့ သတင်း ပါ။ Approved မဖြစ်သေး ပေ မယ့် ရေရှည် ဆက် ရပ် တည် ဖို့ မဖြစ် နိုင်တဲ့ အခြေအနေ တစ်ခု ပါ။ နောက်တစ်ခု က sanction လုပ်ခံရ တဲ့ လူတွေ ရဲ့ စာရင်း ဖြစ် ပါ တယ်။ အဲဒီ အထဲမှာ သူတို့ လူ တစ်စု နဲ့ မိသားစု ဝင် တွေ ပါ ပါ နေ ပါ တယ်။ ထိသင့် သလောက် တော့ အထိနာမဲ့ ပွဲ တစ်ခု ပါ။ အဲဒီ အထဲ က စိုး သာ ရဲ့ သမီး တစ် ယောက် နာမည် မပါ သလို ပဲ။ သူ က စလုံး မှာ မာစတာ ပြီး ပြီး အလုပ်လုပ် နေ တယ် လို့ သိရ ပါ တယ်။


စိတ်အဝင်စား ဆုံး တစ်ခု က တော့ စ လုံး အစိုး ရ က မြန်မာ တွေ အချင်းချင်း သပ်လျှို ပြီး ခွဲ နေ တယ် ဆို တဲ့ သတင်း ပါ။ နောက် ဆုံး အသင်း တစ် ခု ကို တရားဝင် ဖွဲ့ ခွင့် ပြု လိုက်ပြီး နိုင်ငံရေး နဲ့ ဆက်နွယ် တဲ့ အလုပ် တွေ ကို တရားဝင် ပါ မစ် ယူ လုပ် ခွင့် ပြု လိုက် တယ် ဆို တာ ပါ ပဲ။ ဒီ အတိုင်း ဆို တော့ မင်းတို့  လုပ် ချင် သ လား ၊ ငါတို့ နဲ့ လာ ပေါင်း ပြီး လုပ် ပါ ဆို သလို ဖြစ် နေ ပါ ပြီ ။ သိတဲ့ အတိုင်း ပါ ပဲ ၊ စလုံး မှာ က နိုင်ငံရေး ကို တရား ဝင် လုပ် ခွင့် က အနိုင်ရ ပါ တီ တစ်ခု ပဲ ရှိ ပါ တယ်။ ဆို တော့ ကာ … ဗိုလ်လုပ် ချင် ရင် ဗိုလ် သင်တန်း တက် ရ တယ် ဆို တဲ့ ဗမာ ပြ ည် က ဟာ သ လို ပါ ပဲ ။ ဟိုးအရင် ကတည်း က လုပ် လာ တဲ့ အိုးဝေ စင်္ကာပူ က ဘေး ထွက် ထိုင်နေရမယ့် သဘော ဖြစ်နေ ပါ တယ်။ စင်္ကာပူ အေးလွင် တို့ အုပ်စု များ ဖြစ် နေ မလား ကျွန်တော်တို့ စောင့်ကြည့်ရအောင် ပါ။


Tuesday, October 23, 2007

အမျိုး ပျောက်မှာ စိုးကြောက်လှပါသည်



ငယ်ငယ် က ကြည့်ဖူးတဲ့ မြန်မာရုပ်ရှင်တွေ ထဲ က ဓမြတိုက်တဲ့ အခန်းအတိုင်းပါ ပဲ။ ဒါ တွေ က တကယ် ဖြစ်ခဲ့ တယ် လို့ ကြားရပါ တယ်။ ကြားရတာ စိတ်မကောင်း စရာပါ။ ဆန္ဒ ပြ သူကို မမိလို့ အမေနဲ့ နှမ ကို ဖမ်း ၊ သား ဘုန်းကြီး ကို မတွေ့လို့ ဆွေမျိုးတွေ ကို ဓါးစားခံ ခေါ် ၊ တရားဝင် မာဖီးယားဂိုဏ်း များ အောက်မေ့ရပါတယ်။

Saturday, October 20, 2007

အောင်ဝေး သရဏဂုံတင်ခြင်း

ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
လွတ်လပ်မှုကို လိုပါ၏

ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားမျှတမှုကို လိုပါ၏

သံဃံ သရဏံ ဂစ္ဆာမိ
ငြိမ်းချမ်းမှုကို လိုပါ၏

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စစ်အာဏာရှင်အုပ်စု အလိုမရှိ

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ကြံ့ဖွတ် လူသတ်သမား အလိုမရှိ

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
စွမ်းအားရှင် ခွေးသရမ်း အလိုမရှိ

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် သံဃာ၊ ရိုသဒ္ဓါ၊ ညီညာကြရာ၏

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။

ရှရီ နမော ဗုဒ္ဓါယ
သန့်ရှင်းသော အစိုးရ ထူထောင်ကြ

ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။ ။


အောင်ဝေး(၁၇-၁၀-၀၇)
ခေတ္တ ပုန်းခိုကျင်းတစ်နေရာ

ဆရာအောင်ဝေး ရဲ့ ကဗျာ ကို ကြိုက်လို့ ရှယ်ပါတယ်။ သူတစ်နေရာမှာ လုံခြုံစွာ ရှိနေမယ်လို့ ယူဆရပါတယ်။ ဘေးကင်းတဲ့ အချိန်အထိ ခိုနိုင်ဘို့ ဆုတောင်းပါ တယ်။
( ဒေါက်တာလွဏ်းဆွေ ဘလော့ မှ ကူးယူပါ သည် ။ )




Friday, October 19, 2007

ပြောကြည့်ရအောင် (၂)

စက်တင်ဘာ ဆန္ဒပြပွဲ များ အတွင်းနှင့် နောက်ပိုင်းများတွင် သက်ဆိုင်ရာ ကြံ့ဖွတ် များနှင့် စွမ်းအားရှင် များ အား တာဝန်သိ ပြည်သူများ ( နအဖ အသုံးမဟုတ်ပါ ) က မှတ်တမ်းတင်ထားခြင်း ပြုလုပ်လာသည် ကို တွေ့ ရ သည်။ ထိုသူတို့ ၏ လုပ်ရပ် နှင့် အပြုအမူ ကြောင့် ထိုသို့ လုပ် ရ ခြင်းဖြစ် ကြောင်း ကို လည်း သူတို့ အား သိ စေရမည်။ ဖြစ်နိုင်ရင် စာဖြင့် အကြောင်းကြားရမည်။ ၄င်း တို့၏ အမျိုးအဆွေ၊ မိသားစု ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ အား အားမပေးခြင်း ဖြင့် သူတို့ အား တုန်လှုပ်စေရ မည်။ သူတို့ ထဲ တွင် လက်တစ်ဆုပ်စာ များ က သာ အာဏာပိုင်များ က ပေးထားသော အခွင့်အာဏာများ၊ အခွင့်အရေးများ ကို ယစ်မူးနေခြင်းဖြစ်သည်။ အများစု က မူ မဝင်မဖြစ်ဝင်ထားရသူများ ၊ ကာယကံရှင် ကိုယ်တိုင် အသင်းဝင်ဖြစ်မှန်း မသိသောသူများ အများအပြား ပါ လေသည်။

ခေတ်တစ်ခေတ် ပြောင်းလဲတိုင်း ရှေ့သို့ တက်လာသူများ၊ နောက်သို့ရောက်သွားသူများ ၊ ချောင်ထိုးခံရသူများ ရှိစမြဲပင်။ တော်လှန်ရေးတစ်ခု ဆိုလျှင်လည်း အသတ်ခံရသူများ ၊ အနှိပ်စက်ခံရသူများ ၊ အသက်ရှင်ကျန်ခဲ့သူများ ၊ စိုင်ကော်၍ ချုံပေါ် ရောက်သွားသူများ ၊ ခေါင်းဆောင် ကောင်းများ ဟူ၍ ထွက်ပေါ် လာစမြဲပင်။ ပြည်သူများ ဘက်က နှိက်စက်ခံရသူများ ၊ အသတ်ခံရသူများ ၊ ပျောက်ဆုံးသွားသူများ ကို မှတ်တမ်းတင်ထားသင့်သည်။ မဆလခေတ် ၊ နဝတခေတ်၊ နအဖခေတ် တစ်လျှောက်လုံး
နိုင်ငံရေး မှု ဖြင့် ဘယ်နှစ်ယောက် သေဆုံး ၊ ပျောက်ဆုံး ၊ ထောင်ကျ မှတ်တမ်း များ ရှိသင့်ပေသည်။ ပြည်သူများ ဘက်ကမူ နအဖ လက်ထက် တွင် အသက်ရှင်အောင် ကြိုးစားနေ ရင်း မဆလ ခေတ် က ခံ ခဲ့ ရ သည် များ ကို မေ့ချင်ယောင်ဆောင်နေ ရသည်။

သူတို့ ဘက် တွင် လည်း ဤ ရပ်ကွက်အတွင်း NLD ဘယ်နှစ်ယောက် ၊ ကျောင်းသားဘယ်နှစ်ယောက် ၊ ထောက်ခံသူဘယ်လောက်၊ တက်ကြွသူဘယ်နှစ်ယောက် ဟူ၍ မှတ်တမ်းများ ရှိသင့်သလောက် ရှိလေသည်။ ပြည်သူများ ဘက်မှလည်း အိုင်တီ ပညာရှင်များ အကူအညီ ဖြင့် လုပ်သင့်သည်များ ကို လုပ်ရပေမည်။

ယခု နအဖ လက်ကိုင်တုတ် အဖြစ် တာဝန်ကျေကျေ ဆောင်ရွက် ပေးနေ သော ကြံ့ဖွတ် နှင့် စွမ်းအားရှင် များ ကို မှတ်တမ်း တင်ရပေမည်။ သူတို့၏ လုပ်ရပ်များ ကို မှတ်တမ်းတင် ထား ရ ပေ မည်။ ခံရသူများ က ဘယ်တော့မှ မကျေ နိုင်ပါ။ မေ့လည်း မမေ့နိုင်ပါ။

Thursday, October 18, 2007

သားသုံး သား ကာကွယ်ရေး

အခုတလော သားသုံးသား ရှင်းလင်းရေး အသံရှင် ကို စိတ်ဝင်စားနေ သည် ကို တွေ့ရ သည်။ ပဲခူးမှ ဆရာတော် တစ်ပါး ဖြစ်မည်ဟု တစ်ချို့ က ပြောဆိုကြသည်။ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ရ အောင် ။

ဖြစ်နိုင်။ ။ ပဲခူးမှ ဆန္ဒပြပွဲ များ အတွင်း အဆိုပါ ဆရာတော်မှ တိုင်းမှူးအား တိုင်ကြားလွှာ တက်လာခြင်း၊ ထိုကျောင်းတိုက်အတွင်း စစ်စည်းကမ်းနှင့် အုပ်ချုပ်နေသည် ဟု ဆိုခြင်း၊ ထိုအတော အတွင်း ဒကာဒကာမ များ က မနှစ်မြို့ ကြောင်းပြ သဖြင့် ထိုဆရာတော်မှ ကျောင်းတိုက် ၏ ငွေစာရင်း ရှင်းတမ်း ထုတ်၍ ဂရုမစိုက်ကြောင်း ပြခြင်း တို့ ကို စဉ်းစား ရ ပါ မည်။

မဖြစ်နိုင်။ ။ အခုအချိန်တွင် စစ်အစိုးရမှ သတင်းအမှား များ ထုတ်ကာ Psy-war အဖြစ် အသုံးချ နေခြင်း ၊ ( ဥပမာ။ ။ ဆန္ဒပြပွဲ များ အတွင်း စစ်တပ် အတွင်း ကွဲ သ ယောင်သတင်း လွှင့်ခြင်း ၊ ဂမ်ဘာရီ လာ ရင် အားလုံး အဆင်ပြေ သွား မ ယောင် လွှင့်နေ ခြင်း ၊ ဘလော့ များ အတွင်း ပုံ အမှား များ တက်လာ ပြီး အခြေအနေ ရှုပ် ထွေးအောင် ဖန်တီးနေခြင်း ) ။ သံဃာများ အတွင်း ဂိုဏ်းကွဲ အောင် ပြုလုပ်နေ ခြင်း ။ အဆိုပါ ဘုန်းကြီး အား အသုံး ချ ၍ လူထု က သံဃာ များ အကြည်ညို ပျက် အောင် လုပ်ဆောင်နေခြင်း ၊ ထို အသံ ဖိုင်သည် အထူး လျှို့ ဝှက် ဖြစ် ပါ က ပေါက်ကြားရန် မလွယ် ကူခြင်း ၊ စသည့် အချက် များ ကို စဉ်းစား ရ ပါ မည်။

ဖြစ်သည် ဆိုပါ က ထို ဘုန်း ကြီး သည် သံဃာ မမြောက် တော့ ပါ။ ကိုးကွယ် ရာ မထိုက် တော့ ပါ။ သာမန်လူ အဆင့် အောက် ကျ ရောက် သွား ပါ ပြီ ။ ဝိုင်း၍ ရှုံ့ ချ သင့် ပါ သည်။ စစ်အစိုး ရ ၏ အာဘော် အရ ခဲဖြင့် ပေါက် ရန် ကြိုး စား သော ရဟန်းရှင်လူ များ အား သေနတ်နှင့် ပစ်၍ ကာကွယ်ရသည် ဆိုပါ က လူသတ်ရန် တိုက်တွန်းနေ သော အဆိုပါ ပုဂ္ဂိုလ် အား မည်သို့ လုပ်ဆောင်ရမည်နည်း ။

အဆိုပါ သတင်း မှန် သည် မှား သည် ကို ကား ကာယကံရှင်များ သာ သိ ပေ လိမ့် မည်။ မည်သူမဆို မိမိ ပြောမိ၊လုပ်မိ သမျှ ကို တာဝန်ခံရ ပါ မည်။

Tuesday, October 16, 2007

ပြောကြည့်ရအောင်

မနေ့ က ဒေါက်တာလွဏ်းဆွေ ဘလော့ခ်တွင် ဖိုးသားဆိုသူ၏ အကြံပြုချက်ကို သဘောကျသည်။ သူက “ ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ များ တပ်ပေါင်းစု ဖွဲ့ ရေး ၊ တစ်ချိန်တည်း မှာ ပဲ Military Wing ကို ပါ တည်ဆောက်ရေး ကို ပြောထား သည်။ ” ကြိုက်ပါသည်။ စစ်တပ်က လက်နက် နှင့် ပါဝါ ကို အဓိက ထား ချင်သည်။ တစ်ဖက်က လည်း နိုင်ငံရေး စကား ပြော ၊ တစ်ဖက်ကလည်း စစ်ရေး နှင့် ထောက်ထား မှ ရ မည်။ ( လူတတ်ကြီး လုပ်နေခြင်း မဟုတ်ပါ၊) ကျွန်တော် က အိုင်ယာလန် တို့ ၏ ဆင်ဖိန်း ပါတီ လှုပ်ရှား မှု ကို သဘော ကျ သည်။ သူတို့ ၏ကြိုးပမ်းမှု ကို ကမ္ဘာကို ကိုင်လှုပ်ခဲ့ သော အင်္ဂလန် အစိုးရ အလျှော့ပေးခဲ့ ရ သည်။

စစ်အာဏာရှင် ကို ကိုင်လှုပ် ချင်လျှင် လူထု အုံကြွ မှု ဖြင့် သော်လည်း ကောင်း ၊ နိုင်ငံရေး ပါတီ တစ်ခု မှ နိုင်ငံရေး မျက်နှာ ၊ စစ်မျက်နှာ (မြေအောက်မျက်နှာ) ဖွင့် ၍ တိုက်မှ ရမည်ဟု ထင်ပါ သည်။ စစ် အာ ဏာရှင် ကို မေတ္တာ ထိုင် ပို့ နေ ၍ ဘာ မှ အကျိုး မထူး ဟု ထင် ပါ သည် ။ စစ်တပ် က သူတို့ အာဏာ ကို ထိပါး လာ သော လူထု ကို ရန်သူ ကဲ့ သို့ သဘော ထား ပါ သည်။ ထို့ ကြောင့် ဘုန်းကြီး သော၊ ကျောင်းသား သော၊ ဘာသော ၊ ညာ သော မကြည့်ပါ။ အကုန်ပစ်ခတ် ပြီး နှိမ်နင်း မည် ဖြစ်ပါ သည်။ လောလော ဆယ် လည်း ကြုံ ခဲ့ ပြီး ဖြစ်သည်။

လူတိုင်း လူတိုင်း နိုင်ငံရေး၊ စစ်ရေး ဗဟုသုတ ရှိစေချင်သည်။ နို့ မို့ ဆို ရင် သတ်ကွင်း ထဲ ဝင်လာ သော လူများ ကို စစ်ဗိုလ် များ က နောက် ကွယ် ကနေ ကြည့် ၍ ထိုင်ရီ နေ မည် ဖြစ် ပါ သည်။

Monday, October 15, 2007

ဘေးရန်ကင်းကွာ

မနေ့ က တိုပါးယိုး ဘုန်းကြီးကျောင်းတွင် ဆုတောင်းပွဲ ကျင်းပ သည်။ စလုံး အစိုးရ TV မှ ကြေညာသွား သည်။ အတိုက်အခံ ဘက် က လည်း မြန်မာတို့ ကို အသုံးပြု ၍ လက်ရှိ အစိုးရ ကို တိုက်ချင်ပုံရ သည်။ မနေ့ က အနီဝတ် ကို ရွှေ တို့ ကို စလုံး တစ် ယောက် က လက်ချာရိုက်နေ သည် ကို တွေ့ခဲ့ရ သည်။ နည်းမျိုးစုံ သုံး သင့် ပါသည်။ သို့ သော် လေး သံ လည်း နား ထောင်သင့် ပါသည်။ ဘေး ကင်းဖို့ ပါ။ ကျွန်တော် တို့ ရင်ဆိုင်နေရ သည်မှာ ပုလင်းတူ ဗူးဆို့ များ ဆိုသည် ကို သတိချပ်သင့် ပါသည်။
စလုံးအစိုးရ၏ ပေါ်လစီ ကိုလည်း အံ့သြမိသည်။ အရင် အဖြူရောင်လှုပ်ရှားမှု တုန်းက စစ်ဆေးမေးမြန်းတာ ရှိခဲ့ သည်။ အခုကျ တော့ သူကိုယ်တိုင်က အကျီအနီ ရောင် ဝတ်ကြ ဆိုပြီး တရားဝင်ပြော နေ သည်။ ကိုရွှေတွေ ကို Locate လုပ်ချင်၍ လား မပြော တတ် ပါ။ အတိုင်းအတာ တစ်ခု ဖြင့်သာ ယုံသင့် ပါသည်။

မိတ်ဆက်

ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း က updated သတင်းများ အချိန်နှင့် အမျှ တင်ပေးခဲ့ တဲ့ ကိုနစ်နေမန်း တို့၊ ကိုထိုက်တို့ ကျေးဇူး ကြောင့် မြန်ပြည် သတင်း များ ကို ကို ရွှေ တို့ သိခွင့် ရ ခဲ့ သည်။ သတင်းဌာန များ တောင် မတင်နိုင် သေးခင် သူတို့ အားထုတ်နိုင်ခဲ့ သည်။ ထိုအချိန် တွင် တစ်ဖက် က လည်း သာဂီနွား တို့ ၊ ဇော်မျိုး တို့ အဖွဲ့ လည်း ဝင်နှောင့် ခဲ့ သည်။ ဟို ရုရှ က ကောင်တွေ က လည်း တစ်မှောင့်၊ ကမ္ဘာ ဖျက်ပညာ များ သင်ယူရင်း မြန်မာ ကို လည်း ဖျက်ချင်သည် တဲ့ ။ ဗိုလ်ဖြစ်ခါစ ကို ဗိုလ် ပေါက်စ လို့ ပြောမိ၍ ဒေါ သ ဖြစ်သူ က ရှိ သေး သည်။ အော် ရီ လိုက် ချင်ပါ သည်။ သူ့ တို့ အဖေ တွေ ပြော သမျှ ကို လိုက် ယုံ နေ သူ က ရှိ သေး သည်။ သံဃာ တွေ က အတု တွေ တဲ့ ။ ကိုယ် တွေ ကို တောင် တရား ပြန်ဟော လိုက် သေး။ သတင်းစာ ကြီး ဖတ်ရသလို ပါ ပဲ။ တရား သော အမှု က မတရား သော အမှု ကို နိုင်ရမည်။ အချိန်တစ်ခု တော့ ပေး ရ ပါ မည်။