Tuesday, October 16, 2007

ပြောကြည့်ရအောင်

မနေ့ က ဒေါက်တာလွဏ်းဆွေ ဘလော့ခ်တွင် ဖိုးသားဆိုသူ၏ အကြံပြုချက်ကို သဘောကျသည်။ သူက “ ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ များ တပ်ပေါင်းစု ဖွဲ့ ရေး ၊ တစ်ချိန်တည်း မှာ ပဲ Military Wing ကို ပါ တည်ဆောက်ရေး ကို ပြောထား သည်။ ” ကြိုက်ပါသည်။ စစ်တပ်က လက်နက် နှင့် ပါဝါ ကို အဓိက ထား ချင်သည်။ တစ်ဖက်က လည်း နိုင်ငံရေး စကား ပြော ၊ တစ်ဖက်ကလည်း စစ်ရေး နှင့် ထောက်ထား မှ ရ မည်။ ( လူတတ်ကြီး လုပ်နေခြင်း မဟုတ်ပါ၊) ကျွန်တော် က အိုင်ယာလန် တို့ ၏ ဆင်ဖိန်း ပါတီ လှုပ်ရှား မှု ကို သဘော ကျ သည်။ သူတို့ ၏ကြိုးပမ်းမှု ကို ကမ္ဘာကို ကိုင်လှုပ်ခဲ့ သော အင်္ဂလန် အစိုးရ အလျှော့ပေးခဲ့ ရ သည်။

စစ်အာဏာရှင် ကို ကိုင်လှုပ် ချင်လျှင် လူထု အုံကြွ မှု ဖြင့် သော်လည်း ကောင်း ၊ နိုင်ငံရေး ပါတီ တစ်ခု မှ နိုင်ငံရေး မျက်နှာ ၊ စစ်မျက်နှာ (မြေအောက်မျက်နှာ) ဖွင့် ၍ တိုက်မှ ရမည်ဟု ထင်ပါ သည်။ စစ် အာ ဏာရှင် ကို မေတ္တာ ထိုင် ပို့ နေ ၍ ဘာ မှ အကျိုး မထူး ဟု ထင် ပါ သည် ။ စစ်တပ် က သူတို့ အာဏာ ကို ထိပါး လာ သော လူထု ကို ရန်သူ ကဲ့ သို့ သဘော ထား ပါ သည်။ ထို့ ကြောင့် ဘုန်းကြီး သော၊ ကျောင်းသား သော၊ ဘာသော ၊ ညာ သော မကြည့်ပါ။ အကုန်ပစ်ခတ် ပြီး နှိမ်နင်း မည် ဖြစ်ပါ သည်။ လောလော ဆယ် လည်း ကြုံ ခဲ့ ပြီး ဖြစ်သည်။

လူတိုင်း လူတိုင်း နိုင်ငံရေး၊ စစ်ရေး ဗဟုသုတ ရှိစေချင်သည်။ နို့ မို့ ဆို ရင် သတ်ကွင်း ထဲ ဝင်လာ သော လူများ ကို စစ်ဗိုလ် များ က နောက် ကွယ် ကနေ ကြည့် ၍ ထိုင်ရီ နေ မည် ဖြစ် ပါ သည်။

No comments: