Saturday, April 26, 2008

April 27 မှာ ဘာ လုပ် ရ မှာ လည်း

မနက်ဖြန် စလုံး ရှိ မြန် မာ တို့ ၏ အသဲ ကြား က မဲ တစ် ပြား ကို ရဲ ရဲ ဝံ့ ဝံ့  ပေး ဖို့ ပြင် နေ ကြ ပြီ ။

သင် စစ် အာ ဏာ ရှင် စနစ် ကို မထောက် ခံ တဲ့ ၊ မြန် မာ တစ် ယောက် လား ။


သင် တို့ မျိုး ဆက် တသက် လုံး စစ် ကျွန် မ ဖြစ် ဖို့

သင် တို့ ညီ ၊ ညီ အစ် မ များ ပ ညာ အေး အေး ဆေးဆေး သင် နိုင် ဖို့ 

သင် တို့ ၏ မိ သား စု ၊ ဆွေ မျိုး သား ချင်း များ အေး အေး လူ လူ စီး ပွား ရှာ နိုင် ဖို့

သင် တို့ ၏ မိ ဘ များ ၊ အဘိုး ၊ အ ဘွား များ များ မ ကြာ ခင် မှာ ဘုန်း ကြီး ကျောင်း များ သို့ သွား ၍ အေး အေး လူ လူ တရား ရှာ နိုင် ဖို့




“စစ် အစိုး ရ ၏ စစ်ကျွန် အဖြစ် တ သက် လုံး သွတ် သွင်း မဲ့ အခြေ ခံ ဥ ပ ဒေ မူ ကြမ်း ကို ကြက် ခြေ ခတ် ဖို့ ကျွန်ုပ် တို့ ၊ သင် တို့ ၏ တာ ဝန် ဖြစ် လာ ပြီ ။ ”



သင် လည်း ကိုယ့် နိုင် ငံ ၊ ကိုယ့် အ မျိုး ၊ ကိုယ့် မိ သား စု အတွက် တာ ဝန် ကျေ သူ တစ် ယောက် ဖြစ် ပါ စေ ။

Thursday, April 3, 2008

အလုံး စုံ ပျက် သုန်း ခြင်း သို့ ဦး တည် နေ ပြီ လော

ယခု အပတ် အတွင်း မြန် မာ့ နိုင်ငံ ရေး အခြေ အ နေ တို့ ပို မို ရှုတ် ထွေး လာ သည် ကို တွေ့ ရ သည် ။

1. NLD ပါတီ ဝင် များ အဖမ်းခံ ရ ခြင်း ချောင်း အရိုက် ခံ ရ ခြင်း ၊

2. လူ့ အခွင့် အရေး လှုပ် ရှား သူ ဦး မြင့် အေး ချောင်း အရိုက် ခံ ရ ခြင်း

3. DKBA အဖွဲ့  မှ ဗိုလ် နှုတ် ခမ်း မွှေး အသတ် ခံ ရ ခြင်း

4. နောက်ဆုံး သာ မည ဆရာ တော် ရုပ် အလောင်း ကို အမည် မသိ လက် နက် ကိုင် များ က လု ယူ သွား ခြင်း

စသည် ဖြင့် နိုင်ငံ ရေး ၊ လူ မှု ရေး ၊ ဘာ သာ ရေး ကိစ္စ များ ဖြစ် ပွား ခဲ့ သည် ။ အမှတ် စဉ် နှင့် ၂ တွင် မည်သူ တွေ က လုပ် သ လဲ ဆို တာ ရှင်း ပါ သည် ။ အမှတ် ၃ တွင် ကရင် လက် နက် ကိုင် များ အချင်း ချင်း သဘော ကွဲ လွဲ အောင် ဖန် တီး ထား ပါ သည် ။ ( လောလော ဆယ် တွင် လည်း ကချင် နှင့် မွန် တို့ ကို ဖဲ့ စည်းရုံး နေ ခြင်း ၊ ခြိမ်း ခြောက် နေ ခြင်း ) အမှတ် စဉ် ၄ တွင် ဘာ သာ ရေး နှင့်  ပက် သက် ပြီး ပွဲ ဆူ အောင် အခြေခံ ဥပဒေ ဆန္ဒ ခံ ယူ ပွဲ ကို လူ ထု စိတ် မ ဝင် စား အောင် ပြု လုပ် ထား သည် ကို တွေ့  ရ သည် ။ ( ရှေ့ တွင် လည်း ကောလ ဟာ လ အမျိုး မျိုး ထုတ် ထား သည် ကို တွေ့  ရ ပါ သည် )

မေ လ ဆန္ဒ မဲ မ ပေး မှီ တစ် ခု ခု ဖြစ် နိုင် ပါ သည် ။ လူ ထု အာရုံ ကို လှည့် နိုင် ပါ သည် ။ ၄င်း တို့ မှာ

1. တိုင်း ရင်း သား လက် နက် ကိုင် များ အချင်း ချင်း ( အဖွဲ့ အတွင်း သို့မဟုတ် အဖွဲ့ ကွဲ အချင်း ချင်း ) ပို မို သွေး ကွဲ အောင် လုပ် မည် ။

2. တရား ဝင် မြေ ပေါ် အဖွဲ့ အစည်း များ ၊ နိုင်ငံ ရေး တက် ကြွ သူ များ ကို နောက် ကွယ် က သော် လည်း ကောင်း ၊ ဗြောင် ကျ ကျ သော် လည်း ကောင်း တိုက် ခိုက် မည် ။

3. ဘာ သာ ရေး အဓိကရုဏ်း တစ် ခု ခု ဖြစ် အောင် ဖန် တီး လိမ့် မည် ။

4. ကော လ ဟာ လ များ အမျိုး မျိုး ဖန် တီး လိမ့်  ဦး မည် ။

5. လူ များ ဒုက္ခ ရောက် အောင် ( ဥပမာ ၊ မီး ဘေး ) သေ ကြေ ပျက် စီး အောင် ၊ကြောက် လန့် အောင် ( ဥပမာ ၊ဗုံး ခွဲ ခြင်း များ ) ဖြင့် ပိုမို ရှုတ်ထွေးေ အာင် ပြု လုပ် ပါ လိမ့် မည် ။

6. ပြည် ပ နှင့် အဆက် အသွယ် အင်တာနက် ၊ ဖုန်း လိုင်းများ ဖြတ် တောက် ပါ လိမ့် မည် ။

နောက်ဆုံး တော့ ခံ ရ မည် က ပြည် သူ လူ ထု သာ ဖြစ် သည် ။ လူ ထု အတွင်း တွင် လည်း နိုင်ငံ ရေး သတိ ရှိ ဖို့  လို ပေ သည် ။ လူအများ စု က သူတို့ ထင် သလို စွမ်း အား ရှင် စိတ် ဓါတ်၊ ကြံ့ ဖွတ် စိတ် ဓါတ် မျိုး မ ဟုတ် ရှင် ကြီး ဝမ်း လည်း ဝင် ခဲ့ ပြီး ပြီ ၊ ရှင် ငယ် ဝမ်း လည်း ဝင် ခဲ့  ပြီး ပြီ ။ အား လုံး သူ မသာ ၊ ကိုယ် မ သာ ပါ ။ လူ ထု က ကောင်း ကောင် ရွေး တတ် ပါ သည် ။ အချုပ်က တော့ တိုက် ပွဲ တစ် ခု အတွက် တော့ ကြို တင် ပြင် ဆင် ထား ရ မှာ ပါ ။