Thursday, February 14, 2008

ဝမ်းနည်းမှတ်တမ်း

၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ အထွေထွေအတွင်းရေးမှုး ဖဒိုမန်းရှာလဖန်းဟာ အမည်မသိ သေနတ်သမားနှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားခဲ့ရရှာပြီ ဖြစ်ပါတယ်ခင်ဗျာ။ စစ်အာဏာရှင်စနစ် လက်အောက်မှာ ပျက်စီးယိုယွင်းနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ဖို့အတွက် အဖိုးတန်တဲ့ ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပါတယ်။ တော်လှန်ရေး အစဉ်အလာကြီးမားပြီး၊ အမျှော်အမြင်ရှိတဲ့ ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာကျဆုံးမှုဟာ ကရင်တိုင်းရင်းသား တို့အတွက်သာမက ဗမာတိုင်းရင်းသားတို့အဖို့လည်း ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်ခင်ဗျာ။ ဖဒိုမန်းရှာ ကျဆုံးရခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင် ရပါတယ်ခင်ဗျာ။

ကိုညို


No comments: