Friday, March 14, 2008

စစ်အစိုး ရ နဲ့ လူထု ထောက်ခံ မှု

ဒီတပတ် မှာ ထူးခြားတဲ့ သတင်း တွေ က တော့ သတင်း စာ ဆရာကြီး လူထု စိန် ဝင်း ရဲ့ လူထု ကို ပန်ကြားချက် ၊ ဟံသာဝတီ ဦးဝင်း တင် ရဲ့ အကျဉ်းထောင် တွင်း မှ တိုက်တွန်း ချက် များ ကို စစ်အစိုး ရ ရဲ့  အာဘော် လို့ ယူဆ ရ တဲ့ ဒေါက်တာ နေဝင်းေ မာင် ရဲ့  ပြော စ ကား များ ကို မိုး မ ခ နှင့်  အခြား ဘလော့ များ တွင် အတူတူ ဖော်ပြ ထား တာ ပါ ပဲ ။ ( ဘေး မှ side bar တွင် တင် ထား ပါ သည် )

ပြီးတော့ စစ်အစိုး ရ က အောက် လမ်း နည်း များ ဖြစ် တဲ့ ပြည် သူ့ ထောက်ခံ မှု ကို လိမ် ညာ ၍ တစ်မျိုး ခြိမ်းခြောက် လို့ တနည်း နဲ့ လက် ကိုင် တုတ် အဖွဲ့ အစည်း များ ကို အသုံး ချ လို့ ရ ယူ နေ တာ ကို တွေ့  ရ တာ ပါ ပဲ ။ တဆက် တည်း မှာ ပဲ ဝန် ထမ်း များ ကို သက်ဆိုင် ရာ ဌာန တွေ မှာ ပဲ ပေး နိုင် အောင် စီစဉ် နေ တာ ကို လည်း ကြား ရ ပါ တယ် ။ မှတ်ပုံ တင် လုပ် ပေး မယ် ပြော ပြီး စည်း ရုံး နေ တာ လည်း လုပ် နေ တာ တွေ့ ရ တယ် ။ မဲ ရုံ မှုး များ ကို လျှို့  ဝှက် ခန့် အပ် နေ တာ တွေ ၊ မီး သတ် တွေ ကို စည်း ရုံး ခိုင်း တာ တွေ ၊ ဝန်ထမ်း များ ကို လည်း အခု လို အကျဉ်း အကျပ် ထဲ က လွတ် အောင် မဲ ပေး မှ ရ မယ် လို့  မဲ ဆွယ် နေ တာ ကို လည်း တွေ့  ရ ပါ တယ် ။ ( အားလုံး ကျပ်တည်း အောင် ၊ အဆင်ပြေသည်များ ကို ပို ခက် ခဲ အောင် ၊ ရှင်း နေ သည် များ ကို ပို ရှုပ် အောင် ဘယ် သူတွေ က လုပ် နေ တာ လဲ ဆို တာ ဝန် ထမ်း အများ စု က သိ ကြ ပါ တယ် ။ ) နိုင် ငံ ရပ် ခြား တွင် အခု အထိ မြန် မာ နိုင် ငံ သား များ ဆန္ဒ မဲ ပေး ခွင့် ရှိ မ ရှိ အခု ထက် တိုင် မသိ ရ သေး ပါ ။ ( သူတို့ က တော့ အခု အချိန် အထိ တရား မဝင် သွား ရောက် သူများ စာ ရင်း ထဲ တွင် ထည့် ထား သည် လို့ သိ ရ ပါ တယ် ။ ဒါ ပေ မယ့်  အခွန် ဆို ရင် တော့ လာ ထား ပါ ပဲ တဲ့ ။ ပြီးတော့ ကိုယ့်  နိုင်ငံ သား ဘယ် လောက် ရောက် နေ တာ ဆို တာ လည်း တိတိပပ သိ ပုံ မရ ပါ ဘူး )

အတိုက် အခံ တွေ ဘက် က တော့ ၁၉၉၀ ရွေး ကောက် ပွဲ ကို အသိ အ မှတ် ပြု ရေး ၊ အခု မဲဆန္ဒ ကောက် ခံ ပွဲ ကို သပိတ် မှောက် ရေး ၊ အကယ် ရွေး ချယ် စရာ လမ်း မရှိ ပါ က ကန့် ကွက် မဲ ပေး ရေး ကို တောင်း ဆို နေ သည် ကို တွေ့  ရ တယ် ။ တစ်ချို့  လည်း ဝိဝါ ဒ ကွဲ စရာ တွေ ဖြစ် လာ ကြ ပါ တယ် ။ အခု အချိန် ထိ NLD က ဘယ် လမ်း ကို ရွေး မ လဲ ဆို တာ ကို စောင့် ကြည့် ရ ဦး မှာ ပါ ။ NLD ရဲ့  statement လောက် က တော့ အံ တို နေပြီ ဖြစ် တဲ့ ၊ ရှက် ကြော မရှိ တဲ့ နအဖ က တော့ မမှု ပါ ။ ပြီး တော့ အခြေအနေ က အချိန် မ ရွေး ပေါက် ကွဲ သွား နိုင် တဲ့ အနေ အထား တစ် ခု ဖြစ် နေ ပြန် ပါ တယ် ။ (အဲ ဒီ အချိန် တစ် ခု ရောက် သွား ခဲ့  ရင် ဒု တိ ယ စစ် အုပ် စု တစ် ခု က တိုင်း ပြည် ကို ချောက် ထဲ က ပြန် ကယ် တင် ချင် ကောင်း ကယ် တင် ပြီး ထူးမခြား နား ဇာတ် ကို ထပ် က ချင် ပါ လိမ့်  မယ် ။ ) ကျွန် တော် တို့ လူထု ဘက် က တော့ အား လုံး ငြိမ်း ငြိမ်း ချမ်း ချမ်း နဲ့ အဆင် ပြေ ချင် လှ တယ် ။ ယာ လဲ ဖွတ် ဖွတ် ညက် ညက် ကျေ ပြီး တော့ အိမ် ကြက် တွေ လည်း မော လှ ပါ ပြီ

ဒီနေ့ ဖတ် လိုက် ရ တဲ့ သတင်း တစ် ခု က တော့ အစိုး ရ အာ ဘော် ဆောင်း ပါး တစ် ပု ဒ် မှာ မဲမပေး ပဲ နေ ပါ က နိုင်ငံ သား အခွင့် အရေး ဆုံး ရှုံး တော့ မည် တဲ့  ။ ( ၃၅ နှစ်အောက် မည်သည့် မြန် မာ နိုင်ငံ သား မဆို အခု အချိန် အထိ မဲမပေး ဘူး ခင်ဗျ ) ထောက်ခံ မဲ မပေး လျှင် ဒီမို ကရေ စီ နဲ့ ပို ဝေး သွား မည် တဲ့ ။ ( အခု လက် ရှိ ဒီမို ကရေ စီ မရှိ ဘူး လို့  ဝန်ခံ လိုက် တာ ပဲ ခင် ဗျာ ။ ) သူတို့ ကိုယ် တိုင် က ဒီ မို ကရေ စီ ဆို တာ ကြီး ကို လို အပ် မှ ဝယ် လို့ ရ တဲ့ အရာ မျိုး ၊ တောင်း လျှင် ရ တဲ့ သ ဘော မျိုး ရေး ထား တာ ပါ ဒီ လို မျိုး လက် လွတ် စပယ် ပြော ဆို တာ မျိုး တွေ ကို ရပ် တန်း က ရပ် ပြီး လူထု ကို အခြေ ခံ ဥပဒေ ကို ဘယ် လို ဘယ် ပုံ ရွေး ဆွဲ ထား ကြောင်း ရှင်း ပြ ခြင်း ၊ ပြည် သူ လူ ထု မည်၍ မည် မျှ လျှင် ဘယ် နှစ် အုပ် စသည် ဖြင့် အခမဲ့ ပေး ဝေ ဖတ် ရှု လေ့ လာ ခြင်း ၊ ဆွေး နွေး စေ ခြင်း ၊ တို့  ကို ပြု လုပ် သင့် ပါ တယ် ။ ( အခု အချိန် အထိ တော့ မည်သည့်  အလုပ် မှ မလုပ် ရ သေး ပါ ၊ ) ရှင်း ပါ တယ် ။ လူထု က ပို သိ လေ လေ ၊ ပို ပြီး ကန့် ကွက် လေ လေ ဖြစ် မည် ။ ဒါ ကြောင့်  သူတို့ မရှင်း ပြ ရဲ ပါ။ မကြိုက် ဘူး လား ။ ဖွင့် ဟ တော့  မပြော လေ နှင့် ။ ထောင်ဒဏ် သုံး နှစ်က အနည်း ဆုံး ။

ပြည်သူလူ ထု ဘက် ကတော့ ရှင်း ပါ သည် ။ အများ စု က တော့ ကန့် ကွက် ကြ လိမ့် မည် ။ နိုင်ငံ ရပ် ခြား က မြန် မာများ က ရော ? ၊ ရှင်း ပါ သည် ။ ကန့် ကွက် မဲ ပေး ကြ ပါ လိမ့် မည် ။ မဲ မလိမ် ရင် မည်သည့် မဲ မျှ ကို မမျှော် လင့် ပါ နှင့် စစ်အာဏာရှင် အစိုး ရခင် ဗျား ။

Saturday, March 8, 2008

အခြေခံ ဥပဒေ မူ ကြမ်း ကို ကန့် ကွက် မဲ ပေး ကြ


အခု တ လော ပွက်ပွက်ညံ အောင် ကြားနေ ရ တာ က NO VOTE ( မဲမပေး ဘဲ သပိတ်မှောက် ရေး ) , VOTE NO ( ကန့် ကွက် မဲပေး ရေး ) ကိစ္စ ပဲ ဖြစ် ပါ တယ် ။ ဘာ ပဲ ပြော ပြော ဝင်ရောက် ဆွေးနွေး နေ သူ တိုင်း ဟာ အမိ မြန်မာပြည် အတွက် စေတနာ ရှိ တဲ့ လူ ချည်း ပါ ပဲ ။ ဘာလို့ လည်း ဆို တော့ ဒီ အခြေခံ ဥပဒေ ဟာ အများ ဆန္ဒ မပါ တဲ့ ၊ ပြည် သူ လူ ထု မထောက်ခံ နိုင် တဲ့ အရာ ဖြစ်နေ လို့ ပါ ဘဲ ။ အတည်ပြု လို့ လည်း ဘယ် လို မှ မဖြစ် နိုင် တဲ့ အရာ ဖြစ်နေ ပါ တယ် ။ ဒါ ကြောင့် ပြည် တွင်း ပြည် ပ က ဝို်င်း ဝန်း ကန့် ကွက် နေ ကြ တာ ပါ ။

ဘာ ကြောင့် လက် မခံ နိုင် တာ ရ တာ လဲ ။ ရှင်း နေ ပါ တယ် ။ ( လူ ပြိန်း အမြင် အရ သာ ဖြစ်ပါ တယ် ။ ပညာ ရှင် များ အတွက် မဟုတ် ပါ )

၁) စစ်တပ် က နေရာ အား လုံး ရဲ့  ၂၅% အသား လွတ် နေ ရာ ဝင် ယူ ထား ပါ တယ် ။

၂) ဒေါ် အောင် ဆန်း စု ကြည် ဝင်ပါ လို့ မရ အောင် လုပ် ထား ပါ တယ်။

၃) အရေးကြီး တဲ့ ဝန်ကြီး လေး နေ ရာ လောက် ကို ကာကွယ် ရေး ဦးစီး ချုပ် က တိုက် ရိုက် ခန့် မယ် တဲ့ ။ သမ္မတ ထက် လုပ်ပိုင်ခွင့် ပို ကြီး နေ ပါ တယ် ။

၎) အချိန်မရွေး အာဏာ သိမ်း ခွင့် ရှိ နေ ပါ တယ် ။

၅) အမျိုးသား လုံ ခြုံ ရေး နှင့် ကာကွယ် ရေး ကောင်စီ မှာ စစ်တပ် က လူ တွေ များနေ တယ် ။ သမ္မတ က အရေး ကြီး တဲ့ ကိစ္စ တွေ ကို သူတို့ ဆန္ဒ မပါ ဘဲ လုပ် လို့  မရဘူး ။ ပါ လီ မန် ရဲ့  နေရာ ပျောက် နေ ပါ တယ် ။

၆)စစ်တပ် ဟာ ထူးခြား တဲ့ လုပ် ငန်း သဘာ ဝ ကြောင့် နိုင်ငံ ဝန်ထမ်း မဟုတ် ဘူး လို့ လည်း ဆို ထား ပြန် ပါ တယ် ။

၇) ကာကွယ် ရေး ဦး စီး ချုပ် သည် လက်နက်ကိုင် အဖွဲ့ များ ၏ အချုပ် လို့ လည်း ဆို ပြန် ပါ တယ် ။ ကာကွယ်ရေး ဝန် ကြီး နေ ရာ ပျောက် နေ ပါ တယ် ။

၈) နိုင်ငံ တော် ရဲ့ မြို့တော် နဲ့ အလံ က လက်ခံ နိုင်စရာ မရှိ ပါ ။

စသည်ဖြင့် အချက် တွေ က အများ ကြီး ပါ ။

အချုပ်ပြော ရ ရင် သမ္မတ က စစ်တပ် က သဘော ကျ တဲ့ လူ ၊ ဒါ မှ မ ဟုတ် စစ်တပ် က လာ တဲ့ လူ ဖြစ် သွား နိုင် တယ် ။( ဒီ နေ ရာ မှာ လည်း မိန်း မ သမ္မတ မဖြစ် ရ လို့ မပြော ရုံ တမယ် ပဲ ရှိ ပါ တယ် ။ )သမ္မတ က စစ်တပ် မထောက်ခံ ဘဲ ဘာ မှ မလုပ် နိုင် ဘူး ။ ကာကွယ် ရေး ဦး စီး ချုပ် က အထက် က ရောက် နေ တယ် ။ ရိုင်း ရိုင်း နှိုင်း ရ ရင် “ဘု ရား ကား အောက် ၊ မျောက် ကား အထက်” ဖြစ် နေ တယ် ။

ဒါကြောင့် ဒီ ဥပဒေ ကြီး အတည် ဖြစ် လို့ မရ ပါ ဘူး ။ မြန် မာ ပြည် သူ များ ကန့် ကွက် မဲ ပေး နိုင် အောင် လုပ် ရ ပါ လိမ့် မယ် ။ ပြည် တွင်း က လူ များ က တော့ boycott လုပ် ဖို့ တော့ မလွယ် ပါ ဘူး ။ သူတို့ မှာ လည်း အရာ ရာ ကို ကြောက် နေ ရ တာ ပါ ။ အရေး အကြီး ဆုံး က တော့ ဆန္ဒ ခံယူ ပွဲ သည် Free and Fair ဖြစ်ဖို့ ပါ ။


အထက် ပါ ပုံ ကို ကို ထိုက် ဘလော့ မှ ကူး ယူ ပါ တယ် ။

Monday, March 3, 2008

ကိုင်း…ပြောစမ်းပါရစေ (၆)


ပြီးခဲ့တဲ့အပတ်မှာ ပေါ်မှပေါ်လာပါ့မလားလို့ စောင့်ကြည့်နေတဲ့ စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဥပဒေ ထွက်လာပါတယ်။ အများမျှော်လင့်တဲ့အတိုင်း မေးခွန်းထုတ်ဖွယ်ကောင်းတဲ့ အချက်အလက်တွေကို ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတွေ့ရပါတယ်ဗျာ။ ပထမအချက်ကတော့ ဆန္ဒခံယူပွဲကို ကြီးကြပ်မယ့် ကော်မရှင်မှာ စစ်အစိုးရရဲ့ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေအများစု ပါဝင်နေကြတဲ့ အချက်ပါပဲ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ကော်မရှင်ရဲ့ သမာသမတ်ရှိမှု အပေါ်မှာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ သိက္ခာသမာဓိရှိပြီး ပြည်သူလူထုလေးစားတဲ့ ပုဂ္ဂိုလ်များ မပါဝင်တဲ့ ဆန္ဒခံယူပွဲကော်မရှင် ဖြစ်တဲ့အတွက်ကြောင့် ဘက်လိုက်မှုကင်းရှင်းတဲ့၊ တရားမျှတတဲ့ ဆန္ဒခံယူပွဲ ပေါ်ပေါက်နိုင်ဖို့ မမျှော်လင့်နိုင်တော့ပါဘူး။ အခြေခံဥပဒေကို ကိုယ်တိုင်ရေးပြီး၊ ဆန္ဒခံယူမှုပွဲကို ကိုယ်တိုင်ကြီးကြပ်တဲ့ လုပ်ရပ်ဟာ လက်ခံနိုင်ဖို့ရာ မရှိပေဘူးဗျ။

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေရဲ့ အခန်း(၉)မှာ ဖော်ပြထားတာက ဆန္ဒခံယူပွဲကော်မရှင်ဟာ “ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲပေးသူဦးရေ၊ ထောက်ခံဆန္ဒမဲပေးသူဦးရေ နှင့် ယင်းတို့၏ နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေငြာရမည်” လို့ပြောထားပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ကန့်ကွက်မဲပေးသူဦးရေ နဲ့ ရာခိုင်နှုန်းကို ကြေငြာရန် ထည့်သွင်းမဖော်ပြတဲ့ အတွက်ကြောင့် ဒီဥပဒေဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်။ တနည်းပြောရရင် ကော်မရှင်ဟာ အခြေခံဥပဒေကို လူထုက ပယ်ချတယ်၊လက်ခံတယ် လို့ ကြေငြာဖို့ အာဏာမရှိပေဘူး။ ဒါဆိုရင် ဘယ်အဖွဲ့အစည်းက တာဝန်ရှိသလဲဆိုတာ မေးဖို့ရှိနေပါတယ်ဗျ။

အလွန်ထူးခြားတာကတော့ စစ်အစိုးရပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ဘယ်လိုအခြေအနေမှာ အခြေခံဥပဒေဟာ အတည်ဖြစ်သလဲ ဆိုတဲ့ အဓိကကျတဲ့ အခန်းပျောက်နေပါတယ်ခင်ဗျ။ စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပတာဖြစ်ပါလျက်နဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ မည်ရွေ့မည်မျှသော ရာခိုင်နှုန်းရရင် အတည်ဖြစ်တယ်ဆိုတဲ့ အဓိကအချက် မပါဝင်နေခြင်းဟာ အထူးသံသယဝင်ဖွယ်ဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါရစေလား။

ကိုညို


Thursday, February 21, 2008

ို

ကိုင်း…ပြောစမ်းပါရစေ (၅)

ကျွန်ုတို့၏ လက်ငင်းတာဝန်နှင့်ဝတ္တရားများ

အခုတလော မြန်မာ့ပြည်တွင်း နိုင်ငံရေးအခြေအနေ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်ခင်ဗျ။ နအဖ စစ်အစိုးရရဲ့ ကြေငြာချက် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ ထွက်ပေါ်လာခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ စစ်အစိုးရက လာမယ့် ၂၀၀၈ခုနှစ် မေလမှာ အခြေခံဥပဒေကို အတည်ပြုဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမယ်၊ နောက် ၂၀၁၀ခုနှစ်မှာ အတည်ပြုပြီးတဲ့ အခြေခံဥပဒေနဲ့အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဖက်အုပ်ချုပ်မှုကို လွှဲပြောင်းမယ်လို့ ဆိုင်းမဆင့်၊ဗုံမဆင့် ကြေငြာခဲ့တယ်။ ရွှေဝါရောင်တော်လှန်ရေး ရက်ရက်စက်စက် ဖြိုခွဲခံခဲ့ရတာ ပူပူနွေးနွေးပဲရှိနေတဲ့ အချိန်အခါမျိုးမှာ နအဖစစ်အစိုးရရဲ့ နိုင်ငံရေးအရ အရေးကြီးတဲ့ ကြေငြာချက်တွေ ထွက်လာတာကို လေးလေးနက်နက် သုံးသပ်သင့်ပေတယ်ဗျ။

ဒီနေရာမှာ အရေးတကြီး သတိပေးချင်တာကတော့ နအဖစစ်အစိုးရဟာ လူထုကြီးရဲ့ ထောက်ခံမှုရဖို့ မသေချာလှဘူးဆိုတာ ကောင်းကောင်းကြီး သိနေတယ် ဆိုတာပါပဲဗျ။ စက်တင်ဘာ အရေးအခင်းမှာ ဗုဒ္ဓဘုရားရဲ့ သားတော်များဖြစ်တဲ့ သံဃာတော်တွေကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ ပုံရိပ်တွေဟာ ဗုဒ္ဓဘာသာဝင် မြန်မာတို့ရဲ့ ရင်ထဲစွဲထင်နေဆဲပါ၊ ဒါ့အပြင် စစ်အစိုးရလက်အောက် အနှစ်၂၀အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လုပ်ရပ်တွေကိုလဲ မိဘပြည်သူအများက အမှတ်ရနေဆဲဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ မြန်မာပြည်သူတွေဟာ ခွင့်လွတ်ကျေအေးဖို့ ဝန်မလေးကြပါဘူး၊ ဒါပေမယ့် သမိုင်းပုံရိပ်ဆိုတာ ဖျောက်ဖျက်ဖို့ ခက်လှပါတယ်ခင်ဗျ။ နောက်တစ်ဖန် အဖက်ဖက်က ယိုယွင်းကျဆင်းနေတဲ့ စီးပွားရေးအခြေအနေကြောင့် ပြည်သူအများစုဟာ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ ဒီအချက်တွေကို စစ်အစိုးရက ကောင်းကောင်း သဘောပေါက် နားလည်ထားပြီးသားပါခင်ဗျ။

ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမယ်လို့ ဖေဖေါ်ဝါရီလ ၉ရက်မှာ ကြေငြာခဲ့ပေမယ့် ဒီနေ့ဒီအချိန်အထိ အရေးကြီးတဲ့ နောက်ဆက်တွဲ ကြေငြာချက်တွေ မထွက်လာသေးဘူးခင်ဗျ။ ပုံမှန်အတိုင်းဆိုလို့ရှိရင် ဆန္ဒခံယူပွဲကျင်းပမယ့်နေ့ရက်ကို အတိအကျ ကြေငြာရမှာပါ။ နောက်ပြီး ဆန္ဒခံယူပွဲကို ဘယ်ပုံဘယ်နည်းနဲ့ ကျင်းပပြုလုပ်မယ် ဆိုတာကိုလည်း တိုင်းသိပြည်သိ ကြေငြာရတော့မှာပါ။ ပြီးတော့ နိုင်ငံတစ်ဝှန်းလုံး မဲဆန္ဒနယ်မြေတွေ သတ်မှတ်တဲ့ အမိန့်ကြေငြာစာတွေ ထွက်ရှိသင့်နေပါပြီ။

အဓိကအကျဆုံးကတော့ စစ်အစိုးရက အတင်းအကြပ် ထောက်ခံခိုင်းဖို့ရှိတဲ့ “နအဖ အခြေခံဥပဒေ” ထွက်ပေါ်လာခြင်း မရှိသေးတဲ့အချက်ပါဗျ။ မြန်မာနိုင်ငံတစ်ဝှန်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတို့ရဲ့ ကတိကဝတ် စာချုပ်ဖြစ်တဲ့ အတွက်ကြောင့် လူတိုင်းလူတိုင်း ဒီအခြေခံဥပဒေမှာ ပါရှိတဲ့ အချက်အလက်တွေကို ကျေကျေလည်လည် နားလည်သဘောပေါက်ကြဖို့လိုပါတယ်ခင်ဗျ။ နားလည်သဘောပေါက်ကြမှလဲ ပြည်သူတွေဟာ အမှန်အမှားကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်ခင်ဗျ။

အခြေခံဥပဒေဆိုတာမျိုးဟာ “ဥပဒေကဲ့သို့အာဏာတည်သောအမိန့်” တွေလို အမိန့်ပေးရုံနဲ့ အတည်မဖြစ်ပေဘူး။ ဒီအခြေခံဥပဒေဟာ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်အတွက်၊ တိုင်းသူပြည်သားတွေရဲ့ အနာဂတ်အကျိုးအတွက် သင့်တော်တယ်၊ မသင့်တော်ဘူးလို့ ပြည်သူလူထုရှေ့မှောက်မှာ အဆုံးအဖြတ် ခံယူရပေမယ်ဗျ။ ဒီလို ပြည်သူ့အဆုံးအဖြတ် ခံယူရာမှာ တိုင်းပြည်လူဦးရေရဲ့ အနည်းဆုံး ရာခိုင်နှုန်း ဘယ်လောက်ရမှ အတည်ဖြစ်တယ် ဆိုတာမျိုးလဲ အတိအလင်းပြောသင့်နေပါပြီဗျ။ ဒါ့အပြင် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေဖြစ်တဲ့ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို နှောက်ယှက်ပါက အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ၅/၉၆ကို ရုတ်သိမ်းသင့်ပေတယ်။ အခုလို လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ကြေငြာချက်တွေ ယနေ့တိုင် မထွက်ပေါ်လာသေးတဲ့ အချက်ဟာဖြင့် ပုံမှန်မဟုတ်ပေဘူးခင်ဗျ။ ဒီလိုအနေအထားမှာ လူထုဆန္ဒ ခံယူပွဲ ကျင်းပဖို့ ခြေလှမ်းလှမ်းလိုက်တာဟာ အရှင်းဆုံးပြောရရင် အဖက်ဖက်က ကျရောက်နေတဲ့ ဖိအားတွေ လျော့ကျသွားစေချင်လို့သာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်ခင်ဗျာ။

တဆက်ထဲမှာဘဲ ကျနော်တို့ မြန်မာပြည်သူတွေဟာ အရေးကြုံက၊သက်လုံကောင်းခဲ့ကြတဲ့ ပြည်သူတွေ ဖြစ်တယ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်က သက်သေပြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းရှိပြည်သူအများ အခုကြုံလာနေပြီဖြစ်တဲ့ အရေးမှာ သက်လုံကောင်းနိုင်စေဖို့၊ ပြည်ပရှိ ဒီမိုကရက်တစ်အင်အားစုများက ဝိုင်းဝန်းလုပ်ဆောင် သင့်ပေတယ်ခင်ဗျ။ သဘောတရားရေးရာ ကွဲလွဲမှုတွေကို ဘေးချိတ်ထားပြီး၊ ငါ့မြင်းငါစိုင်းနေတဲ့ စစ်အစိုးရကို သူတို့ရဲ့ ရွေ့ ကွက်ထဲမှာ ကျဆုံးစေဖို့ ကြိုးစားကြသင့်လှပါတယ်။ လာမယ့်မေလမှာ ပြည်သူတွေက ပယ်ချခဲ့ရင် စစ်အစိုးရဟာ ဘေးကြပ်နံကြပ် အခြေအနေကိုကြုံတွေ့ ရမှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ကျနော်တို့ဟာ လွတ်လပ်ပြီး၊တရားမျှတမှုရှိတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်စေဖို့၊ ကုလသမဂ္ဂရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ ရှိစေနိုင်ဖို့ ဝိုင်းဝန်းလှုံ့ဆော်သင့်ပါတယ်။ တစ်ချိန်ထဲမှာဘဲ အဆုံးအဖြတ်မဲပေးရမယ့် ပြည်သူတွေကို “နအဖ အခြေခံဥပဒေ”ရဲ့ အပြစ်တွေ၊ ကျရောက်လာမယ့်ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ချပြသင့်ပါတယ်။ အကောင်းဆုံးနဲ့အထိရောက်ဆုံး နည်းလမ်းကတော့ ရေဒီယို၊သတင်းဋ္ဌာနတွေကတဆင့် နေ့စဉ်နေ့တိုင်း “အခြေခံဥပဒေဝေဖန်ချက်”တွေ ထုတ်လွှင့်စေတဲ့ နည်းလမ်းဘဲ ဖြစ်ပါတယ်ခင်ဗျ။

အချုပ်ပြောရရင် ပြည်သူ့အဆုံးအဖြတ်ကို ခံယူတဲ့နေရာမှာ ရလဒ်နှစ်မျိုး ထွက်ပေါ်လာနိုင်ပါတယ်။ ဆန္ဒခံယူပွဲမှာ စစ်အစိုးရက တင်ပြလာတဲ့ အခြေခံဥပဒေကို ပြည်သူအများက ပယ်ချခဲ့မယ်ဆိုရင် နအဖစစ်အစိုးရ အနေနဲ့ ဘယ်ပုံဘယ်နည်းလုပ်ဆောင်မှာလဲ ဆိုတာကို အတိအလင်းမေးမြန်းဖို့ရာ ရှိပေတယ်ခင်ဗျ။ စစ်အစိုးရကလည်း သိက္ခာရှိရှိနဲ့ ပြည်သူ့ဆန္ဒကို လက်ခံမယ်၊ လက်မခံဘူး ဆိုတဲ့ ကတိကဝတ်မျိုး တိုင်းသိပြည်သိ ကြေငြာသင့်ပေတယ်ဗျ။ နိုင်ငံသားတို့ သဘောတူနိုင်တဲ့ အခြေခံဥပဒေ ပေါ်ပေါက်လာတဲ့အထိ ရေးဆွဲပါရစေ ဆိုတဲ့အခြေအနေမျိုးကတော့ လက်ခံနိုင်ဖွယ်မရှိပေဘူး ဆိုတာကိုတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်ခင်ဗျ။

ဒီတော့ကာ လာမယ့်ဆန္ဒခံယူပွဲဟာ တရားမျှတမှုရှိမယ်၊ သမာသမတ်ရှိတဲ့ ဆန္ဒခံယူပွဲကော်မရှင် တစ်ခုခုရဲ့ ကြီးကြပ်မှုအောက်မှာရှိမယ်၊ ထွက်ပေါ်လာမယ့်ရလဒ်ကို သိက္ခာရှိရှိ လက်ခံမယ်ဆိုရင်တော့၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြုံးဝါးခဲ့သလို “သတ္တိရှိရင် ရွေးကောက်ပွဲ လုပ်ပေးလိုက်” လို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးလိုက်ပါရစေလား။

ကိုညို

Tuesday, February 19, 2008

ချစ်သမီးသို့ …

ရေဆန်

သမီးရေ …
ဂန္ထ၀င်ခရီးမှာ

နေခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။

ညဥ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်။

လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်။

မုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။

သမီးရေ …
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး …။ ။


(နှစ် ၅၀ပြည့် ကရင်တော်လှန်ရေး အထူးထုတ် သနူးထူးဂျာနယ်၊ ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁-ရက်)

ဖဒိုမန်းရှာရဲ့ ကဗျာတပုဒ်ပါ။ ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြပါတယ်။

ကိုညို


Thursday, February 14, 2008

ဝမ်းနည်းမှတ်တမ်း

၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ အထွေထွေအတွင်းရေးမှုး ဖဒိုမန်းရှာလဖန်းဟာ အမည်မသိ သေနတ်သမားနှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားခဲ့ရရှာပြီ ဖြစ်ပါတယ်ခင်ဗျာ။ စစ်အာဏာရှင်စနစ် လက်အောက်မှာ ပျက်စီးယိုယွင်းနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ဖို့အတွက် အဖိုးတန်တဲ့ ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပါတယ်။ တော်လှန်ရေး အစဉ်အလာကြီးမားပြီး၊ အမျှော်အမြင်ရှိတဲ့ ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာကျဆုံးမှုဟာ ကရင်တိုင်းရင်းသား တို့အတွက်သာမက ဗမာတိုင်းရင်းသားတို့အဖို့လည်း ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်ခင်ဗျာ။ ဖဒိုမန်းရှာ ကျဆုံးရခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင် ရပါတယ်ခင်ဗျာ။

ကိုညို


Tuesday, February 12, 2008

ကိုင်း…ပြောစမ်းပါရစေ (၄)

လွန်ခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် သမိုင်းဘီး တစ်ပတ်လည်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်ခင်ဗျ။ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း မှတဆင့် မှာကြားလိုက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” ဆိုတဲ့ စကားပဲဖြစ်ပါတယ်ခင်ဗျ။ ဒီစကားဟာ မြန်မာတွေအတွက် သိပ်တော့မစိမ်းလှပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကလည်း အလားတူစကားမျိုးကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ဘိလပ်သွားပြီး အရေးဆိုစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်မျိုးထည်းသော စကားကို ဖခင်ဖြစ်သူ ဗိုလ်ချုပ် နဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့ပြောခဲ့ကြပေမယ့် လေသံအပြင်းအပျော့ ကွာခြားလှတာကို တွေ့ရပါသဗျ။

“ကျုပ်တို့ဟာ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါတယ်” ၁၉၄၇ခုနှစ်က ထွက်ပေါ်လာခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ကြုံးဝါးသံပါ။ အားမာန်အပြည့်နဲ့ ကြုံးဝါးလိုက်တဲ့ ဒီစကားသံမှာ၊ မြန်မာ့လွတ်လပ်ရေးအတွက် ရရာနည်းလမ်းနဲ့ ကြိုးပမ်းမယ်ဆိုတဲ့ သံဓိဌာန်ချထားသံ၊ သွားရောက်တွေ့ဆုံဆွေးနွေးရမယ့် ဘိလပ်အစိုးရကို တင်းတင်းမာမာနဲ့ ရာဇသံ ပေးလိုက်တဲ့အသံ၊ ပြည်သူလူထုကို “လာမယ့်ဘေး၊ပြေးတွေ့နိုင်စေဖို့” တပ်လှန့ှ်နှိုးဆော်သံတွေနဲ့ ပြည့်ဝနေပါတယ်ခင်ဗျ။ ဖခင်ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်စကားသံဟာ ကြားကြရတဲ့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဇာတိမာန် တဖွားဖွား ပေါ်ပေါက်လာစေခဲ့တယ်ဗျ။ မိမိတို့ရပိုင်ခွင့်ဖြစ်တဲ့ “လုံးဝလွတ်လပ်ရေး” အတွက် ရှေ့ လာမယ့်ဘေးမှန်သမျှကို ပြေးတွေ့ဖို့အတွက် အသင့်ဖြစ်နေစေပါတယ်ဗျ။ ပြည်သူလူထုဘက်ကလဲ ဘိလပ်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတဲ့ လူထုစည်းဝေးပွဲတွေ တခြိမ့်ခြိမ့် ကျင်းပပြီး အဆိုးဆုံးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ပြသခဲ့ကြတယ် မဟုတ်လား။

နှစ်ပေါင်း၆၀အကြာ ဒီနေ့ဒီအချိန်မှာ ဒီသမိုင်းဝင်စကားသံ ပြန်လည်ပေါ်ထွက်လာပါတယ်ခင်ဗျ။ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာတို့ကို “အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” လို့တိုက်တွန်းလိုက်ပါတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားသံမှာ၊ မတရားဖိနှိပ်မှုအောက်မှာ မလူးသာ၊မလွန့်သာ ဖြစ်နေတဲ့ လူထုကို အသိပေးလိုသံ၊ နီးကပ်လာနေပြီဖြစ်တဲ့ ဘေးဆိုးကြီးကို အသင့်ပြင်ရင်ဆိုင်နိုင်စေလိုသံတွေ ပြည့်နှက်နေပါတယ်ခင်ဗျ။ တစ်ခွန်းတည်းသော စကားဖြစ်ပေမယ့် တာသွားတဲ့ အတိုင်းအတာကတော့ ကွဲပြားလှကြောင်း တွေ့နိုင်ပါတယ်ဗျ။

ဒီလို အမျိုးသားခေါင်းဆောင်ကြီးနှစ်ဦးရဲ့ ပြည်သူလူထုကို တပ်လှန့်နှိုးဆော်သံ အပြင်းအပျော့ ကွဲပြားနေရခြင်းရဲ့ အခြေခံအကြောင်းရင်းကတော့၊ ရရှိတည်ဆောက်ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုရေချိန် အနိမ့်အမြင့် ကွာခြားမှုကြောင့်ပါဘဲခင်ဗျ။ ၁၉၄၇ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ အမျိုးသားစည်းလုံးညီညွတ်မှုရေချိန်ဟာ အထွတ်အထိပ်ရောက်နေခဲ့တယ် လို့ဆိုနိုင်ပါတယ်။ ဖဆပလ၊ ကွန်မြူနစ် အကွဲအပြဲတွေရှိခဲ့ပေမယ့် နှစ်ဖွဲ့ လုံးဟာ လုံးဝလွတ်လပ်ရေး ပန်းတိုင်ကိုသာ ဦးတည်ခဲ့တဲ့အတွက် ပြည်သူလူထုကြား အက်ကြောင်းမရှိခဲ့ပေဘူး။ စေ့စပ်ရေးဂိုဏ်းသားတွေဖြစ်တဲ့ စော၊စိန်၊မော် တို့ဟာလဲ လူထုကို တွေဝေယိမ်းယိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒီလို ပြည်သူတရပ်လုံးရဲ့ အုံးအုံးကျက်ကျက် ထောက်ခံအားပေးမှုကိုရရှိခဲ့တဲ့အပြင်၊ တိုးတက်သောနိုင်ငံရေးအင်အားစုများ စည်းစည်းလုံးလုံးရှိနေခဲ့တဲ့ အတွက်ကြောင့် ဖခင်ဗိုလ်ချုပ်ဟာ အခုလို ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်တာပါခင်ဗျ။

ဒီနေ့ဒီအချိန်မှာတော့ တိုးတက်တဲ့နိုင်ငံရေးအင်အားစုများကြား စည်းလုံးမှုရေချိန်ဟာ ထင်သလောက်မြင့်မားခြင်း မရှိပေဘူးဗျ။ ဒါ့အပြင် အခြေခံဥပဒေကိုထောက်ခံကြဖို့ လူထုကိုမဲဆွယ်နေတဲ့ စေ့စပ်ရေးဂိုဏ်းသားများ (ယနေ့အခေါ် တတိယလှိုင်းအုပ်စု) အသံတွေကလည်း ဟိုကဒီက ဆိုသလို ထွက်ပေါ်နေတယ်ဗျ။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်လှန့်သံမှာ မတရားဖိနှိပ်ခံနေရတဲ့ ဘဝကလွတ်မြောက်စေလိုတဲ့ စေတနာတွေ ယိုဖိတ်နေတာကို အထင်အရှား တွေ့မြင်နိုင်ပါတယ်ခင်ဗျ။

ဒီတော့ ကျနော်တို့ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှိုးဆော်သံအတိုင်း ရှေ့ လာမယ့်အဆိုးဆုံး အခြေအနေအတွက် အသင့်ပြင်ထားကြသင့်ပြီ ဖြစ်ပါတယ်ခင်ဗျ။ ဒီလို အသင့်ပြင်တဲ့နေရာမှာ အမျိုးသားရေးအတွက် ဆောင်ရွက်နေတဲ့ အင်အားစုတွေအကြား အရင်ကထက် စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဆောင်သင့်ပေတယ်။၊ သမိုင်းမှန်၊အဖြစ်မှန်တွေကို ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိမြင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းသင့်တယ်ခင်ဗျ။၊ စေ့စပ်ရေးဂိုဏ်းသားတွေရဲ့ အန္တရာယ် ကို လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချကြပြီး၊ ဒီလူတွေရဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေကို ပြတ်ပြတ်သားသား ချေမှုန်းကြသင့်ပါတယ်ခင်ဗျ။ ဒီလို မြန်မာ့ဒီမိုကရေစီရေးအတွက် အတူတူ ဆောင်ရွက်နေသူတွေအကြား ညီညွတ်မှုဒီရေ မြင့်တက်လာမယ့် မဝေးတော့တဲ့ တနေ့မှာ ကျနော်တို့ဟာ “ကျုပ်တို့ဟာ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါတယ်” လို့ ပြတ်ပြတ်သားသား ကြုံးဝါးနိုင်လာမယ် ဖြစ်ကြောင်း နမိတ်ဖတ်လိုက်ပါရစေလား။

ကိုညို