Thursday, October 18, 2007

သားသုံး သား ကာကွယ်ရေး

အခုတလော သားသုံးသား ရှင်းလင်းရေး အသံရှင် ကို စိတ်ဝင်စားနေ သည် ကို တွေ့ရ သည်။ ပဲခူးမှ ဆရာတော် တစ်ပါး ဖြစ်မည်ဟု တစ်ချို့ က ပြောဆိုကြသည်။ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ရ အောင် ။

ဖြစ်နိုင်။ ။ ပဲခူးမှ ဆန္ဒပြပွဲ များ အတွင်း အဆိုပါ ဆရာတော်မှ တိုင်းမှူးအား တိုင်ကြားလွှာ တက်လာခြင်း၊ ထိုကျောင်းတိုက်အတွင်း စစ်စည်းကမ်းနှင့် အုပ်ချုပ်နေသည် ဟု ဆိုခြင်း၊ ထိုအတော အတွင်း ဒကာဒကာမ များ က မနှစ်မြို့ ကြောင်းပြ သဖြင့် ထိုဆရာတော်မှ ကျောင်းတိုက် ၏ ငွေစာရင်း ရှင်းတမ်း ထုတ်၍ ဂရုမစိုက်ကြောင်း ပြခြင်း တို့ ကို စဉ်းစား ရ ပါ မည်။

မဖြစ်နိုင်။ ။ အခုအချိန်တွင် စစ်အစိုးရမှ သတင်းအမှား များ ထုတ်ကာ Psy-war အဖြစ် အသုံးချ နေခြင်း ၊ ( ဥပမာ။ ။ ဆန္ဒပြပွဲ များ အတွင်း စစ်တပ် အတွင်း ကွဲ သ ယောင်သတင်း လွှင့်ခြင်း ၊ ဂမ်ဘာရီ လာ ရင် အားလုံး အဆင်ပြေ သွား မ ယောင် လွှင့်နေ ခြင်း ၊ ဘလော့ များ အတွင်း ပုံ အမှား များ တက်လာ ပြီး အခြေအနေ ရှုပ် ထွေးအောင် ဖန်တီးနေခြင်း ) ။ သံဃာများ အတွင်း ဂိုဏ်းကွဲ အောင် ပြုလုပ်နေ ခြင်း ။ အဆိုပါ ဘုန်းကြီး အား အသုံး ချ ၍ လူထု က သံဃာ များ အကြည်ညို ပျက် အောင် လုပ်ဆောင်နေခြင်း ၊ ထို အသံ ဖိုင်သည် အထူး လျှို့ ဝှက် ဖြစ် ပါ က ပေါက်ကြားရန် မလွယ် ကူခြင်း ၊ စသည့် အချက် များ ကို စဉ်းစား ရ ပါ မည်။

ဖြစ်သည် ဆိုပါ က ထို ဘုန်း ကြီး သည် သံဃာ မမြောက် တော့ ပါ။ ကိုးကွယ် ရာ မထိုက် တော့ ပါ။ သာမန်လူ အဆင့် အောက် ကျ ရောက် သွား ပါ ပြီ ။ ဝိုင်း၍ ရှုံ့ ချ သင့် ပါ သည်။ စစ်အစိုး ရ ၏ အာဘော် အရ ခဲဖြင့် ပေါက် ရန် ကြိုး စား သော ရဟန်းရှင်လူ များ အား သေနတ်နှင့် ပစ်၍ ကာကွယ်ရသည် ဆိုပါ က လူသတ်ရန် တိုက်တွန်းနေ သော အဆိုပါ ပုဂ္ဂိုလ် အား မည်သို့ လုပ်ဆောင်ရမည်နည်း ။

အဆိုပါ သတင်း မှန် သည် မှား သည် ကို ကား ကာယကံရှင်များ သာ သိ ပေ လိမ့် မည်။ မည်သူမဆို မိမိ ပြောမိ၊လုပ်မိ သမျှ ကို တာဝန်ခံရ ပါ မည်။

No comments: