Friday, October 19, 2007

ပြောကြည့်ရအောင် (၂)

စက်တင်ဘာ ဆန္ဒပြပွဲ များ အတွင်းနှင့် နောက်ပိုင်းများတွင် သက်ဆိုင်ရာ ကြံ့ဖွတ် များနှင့် စွမ်းအားရှင် များ အား တာဝန်သိ ပြည်သူများ ( နအဖ အသုံးမဟုတ်ပါ ) က မှတ်တမ်းတင်ထားခြင်း ပြုလုပ်လာသည် ကို တွေ့ ရ သည်။ ထိုသူတို့ ၏ လုပ်ရပ် နှင့် အပြုအမူ ကြောင့် ထိုသို့ လုပ် ရ ခြင်းဖြစ် ကြောင်း ကို လည်း သူတို့ အား သိ စေရမည်။ ဖြစ်နိုင်ရင် စာဖြင့် အကြောင်းကြားရမည်။ ၄င်း တို့၏ အမျိုးအဆွေ၊ မိသားစု ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ အား အားမပေးခြင်း ဖြင့် သူတို့ အား တုန်လှုပ်စေရ မည်။ သူတို့ ထဲ တွင် လက်တစ်ဆုပ်စာ များ က သာ အာဏာပိုင်များ က ပေးထားသော အခွင့်အာဏာများ၊ အခွင့်အရေးများ ကို ယစ်မူးနေခြင်းဖြစ်သည်။ အများစု က မူ မဝင်မဖြစ်ဝင်ထားရသူများ ၊ ကာယကံရှင် ကိုယ်တိုင် အသင်းဝင်ဖြစ်မှန်း မသိသောသူများ အများအပြား ပါ လေသည်။

ခေတ်တစ်ခေတ် ပြောင်းလဲတိုင်း ရှေ့သို့ တက်လာသူများ၊ နောက်သို့ရောက်သွားသူများ ၊ ချောင်ထိုးခံရသူများ ရှိစမြဲပင်။ တော်လှန်ရေးတစ်ခု ဆိုလျှင်လည်း အသတ်ခံရသူများ ၊ အနှိပ်စက်ခံရသူများ ၊ အသက်ရှင်ကျန်ခဲ့သူများ ၊ စိုင်ကော်၍ ချုံပေါ် ရောက်သွားသူများ ၊ ခေါင်းဆောင် ကောင်းများ ဟူ၍ ထွက်ပေါ် လာစမြဲပင်။ ပြည်သူများ ဘက်က နှိက်စက်ခံရသူများ ၊ အသတ်ခံရသူများ ၊ ပျောက်ဆုံးသွားသူများ ကို မှတ်တမ်းတင်ထားသင့်သည်။ မဆလခေတ် ၊ နဝတခေတ်၊ နအဖခေတ် တစ်လျှောက်လုံး
နိုင်ငံရေး မှု ဖြင့် ဘယ်နှစ်ယောက် သေဆုံး ၊ ပျောက်ဆုံး ၊ ထောင်ကျ မှတ်တမ်း များ ရှိသင့်ပေသည်။ ပြည်သူများ ဘက်ကမူ နအဖ လက်ထက် တွင် အသက်ရှင်အောင် ကြိုးစားနေ ရင်း မဆလ ခေတ် က ခံ ခဲ့ ရ သည် များ ကို မေ့ချင်ယောင်ဆောင်နေ ရသည်။

သူတို့ ဘက် တွင် လည်း ဤ ရပ်ကွက်အတွင်း NLD ဘယ်နှစ်ယောက် ၊ ကျောင်းသားဘယ်နှစ်ယောက် ၊ ထောက်ခံသူဘယ်လောက်၊ တက်ကြွသူဘယ်နှစ်ယောက် ဟူ၍ မှတ်တမ်းများ ရှိသင့်သလောက် ရှိလေသည်။ ပြည်သူများ ဘက်မှလည်း အိုင်တီ ပညာရှင်များ အကူအညီ ဖြင့် လုပ်သင့်သည်များ ကို လုပ်ရပေမည်။

ယခု နအဖ လက်ကိုင်တုတ် အဖြစ် တာဝန်ကျေကျေ ဆောင်ရွက် ပေးနေ သော ကြံ့ဖွတ် နှင့် စွမ်းအားရှင် များ ကို မှတ်တမ်း တင်ရပေမည်။ သူတို့၏ လုပ်ရပ်များ ကို မှတ်တမ်းတင် ထား ရ ပေ မည်။ ခံရသူများ က ဘယ်တော့မှ မကျေ နိုင်ပါ။ မေ့လည်း မမေ့နိုင်ပါ။

No comments: