Friday, November 9, 2007

ပြောကြည့် ရ အောင် ၎

မ်ဘာရီ တော့  ပြန်သွား ပြန်ပါ ပြီ။ ကျော်ဆန်းရဲ့ အကြိမ်းအမောင်း ကိုလည်း ခံလိုက်ရ သေးသည်။ ခင်ဗျား ပြန်သွား ရင် အခြေအနေတွေ က ပို ဆိုး လာတယ်။ ကျုပ်တို့ ကတော့ ဘယ်သူမှ ဂရု မစိုက် ဟု ပြော လိုက် လေ သည်။ ကုလ ကို တောင်ဘေး ထွက် နေ ရန် ခြိမ်းခြောက်လိုက်သေးသည်။ ကျွန်တော် ပြောရင်းဆိုရင်း အာဏာရှင် အီ ဒီ အာမင် ကို သွား သတိရ သည်။ ဘယ်သူမှ မနိုင်၍ စစ်အတွင်း က သူ့ ဆရာရင်း လွှတ် ပြီး ပြော ခိုင်း တောင် လေးဘက်ထောက်ဝင် ရ သော လယ်တော တွင်း မှ ကောက်ရိုး အိမ် ကလေး အတွင်း တွင် လက်ခံ တွေ့ ဆုံ ခဲ့ သည်။ ယခု လည်း အစိုးရ အဖွဲ့ ကို သာ မက တိုင်းရင်း သား ကိုယ်စားလှယ် အမျိုးသမီး များ ကို ကုလကိုယ်စားလှယ် က သွား ရောက် တွေ့ ဆုံ ရ သည့် အပေါက် ရေး ခဲ့ သည်။ စစ်ကောင်စီ ဥက္ကဌ က မတွေ့ ရဲ ၍ မတွေ့  ။ ဘာ တွေ အကြံ ထုတ်နေ လည်း မသိ ။

ဒေါ် စု ၏ ကြေညာချက် တွင် သူ့ စေတနာကို လှမ်း မြင်လိုက် ရ သည်။ ဗခ ကျော်ဆန်း ၏ ကြေညာချက် တွင် မူ ကုလကို ကြိမ်း ထား သည်။ ပြင်ပ မှ ဖိအား ကြောင့် မဟုတ် ဟု ကြောက်ကန်ကန် ငြင်းထား သည်။ အားလုံး ကို ထီ မထင် သော အပြော များ ပါ သည်။ ကျွန်တော်တို့ အီရတ် ပြန်ကြားရေး ဝန်ကြီး ၏ နောက်ဖေးပေါက် က ဆင်း ပြေး ခါ နီး ထိ လိမ် သွား သော အပြော များ ကို ကြား ဖူး ၍ တော် သေး သည်။ နို့မို့ ဆို ရင် သူ့ အပြော နှင့် ပင် ဖျား သွား လောက် သည်။

တရား ဥပဒေ က လည်း ၉ နှစ် ခွဲ ထောင် ချ ထား သော လူ ကို ၂ နှစ် ခွဲ အထိ လျှော့ချ သည် တဲ့ ။ ဒါ တောင် သူတို့ ကို ပြန် ကျေး ဇူး တင် ရ ဦး မည်။ နိုင်ငံ ရေး အမှု များ ကို ချ ချင် သလောက် ချ ခွင့် ၊ ရှိ သည် မဟုတ်ပါ လား ။ အမှု တွဲ များ ကို ပေါင်း ၍ နှစ် ၁၀၀ ကျော် တွေ လည်း ရှိ တာ ပဲ ။ တရား ဥပဒေ ရယ် ၊ ဥပဒေ ကဲ့ သို့ အာဏာ တည် သော အမိန့် ရယ် ၊ ဘိုး တော် ဘု ရား ခေတ် က ဥပဒေ ရယ် ၊ စည်းမျဉ်း စည်းကမ်း ရယ် ပေါင်း လိုက် တော့ သာမန် ဘာမှ မသိ သော လူ တောင် ထောင်ချ ၍ ရ နေ သည်။ သွား လေ သူ ခင်ညွှန့် တောင် ဆိုင်း ငံ့ ၄၄ နှစ် မဟုတ်ပါ လား ။ သူတောင် တရား တွေ ဘာ တွေ ရ နေ သည် ဆို၍ ကျွန်တော် ပြုံး မိ သေး သည်။ ဘယ် တော့ ကန့်လန့် ကာ ကြား က ထွက် လာ မလဲ ဆို တာ ကြည့် ရ ဦး မည်။ နိုင်ငံ ရေး ဘယ် တော့ မှ မလုပ် တော့ ပါ ဟု ပြော ထား သော ဦး အောင်ကြီး တောင် အချိန် တန် တော့ လိုက် ကာ လေး မ က ထွက် လာေ သး သည် မဟုတ် ပါ လား ။ သူ့ နိုင်ငံ ရေး ကျား သေ ကို အင်တာဗျူး မှော် ဆရာ မြတ်ခိုင် က အသက်သွင်း မည် ကြံသည်။ တပ်မတော် ကို စိတ် နဲ့ တောင် မပြစ် မှား နဲ့ ဆိုတဲ့ တစ်ချက် နှင့် ပင် မြောင်းထဲ ရောက်သွား သည်။ ဒါ တောင် သမဂ္ဂ ကိစ္စ တွေ မဖော်ရ သေး ။ ကျန်လူ တွေ သေကုန် ပြီ ဖြစ် ၍ လိမ်လို့ ကောင်း နေ တုန်း ။ ဦး နေ ဝင်း နှင့် တုန်း က လည်း ok ဟု ပြော သံ ကြား လိုက် ရ သည် ဟု ပဲ သိ လိုက် ရ သည်။

တစ်နေ့  က တေ ဇ ၏ အလိမ်တွေ ကို ဖတ်လိုက် ရသည်။ သူ့ ဝန်ထမ်း တွေ ပဲ လက်ခုတ်တီး ကြ ပေ လိမ့် မည်။ သူ့ ထူး ကုမ္ပဏီ က ပတ်ဝန်း ကျင် ထိန်း သိမ်း ရေး တွေ လုပ် နေ သည် ဆို ၍ နည်း နည်း ရီ မိ သည်။ သူပုန် အဖွဲ့များ နှင့် ပေါင်း ကာ တစ် တော လုံး တစ် တောင် လုံး ရှင်း တာ ဘယ် ကုမ္ပဏီ လဲ ? ။ သစ်တော တိုင်း လက်ညိုး ထိုး မလွဲ ခုတ်ခွင့် ရှိ တာ ဘယ် ကုမ္ပဏီ လဲ ?။ စီး ပွား ရေး ကို လက်ဝါး ကြီး အုပ် ခွင့် ရှိတာ ဘယ် ကုမ္ပဏီ လဲ ? ။ လက်နက် ကိုယ် စား လှယ် လုပ် ကာ နေ့ ချင်း ည ချင်း ကြီး ပွား သွား တာ ဘယ် ကုမ္ပဏီ လဲ ? ။ သြော် … အရှင် မွေး တော့ နေ့ ချင်း ည ချင်း ကြီး ပေ မေ ပါ့ ။ မုဒိ တာ ပွား လိုက် ပါ သည်။

ဂမ် ဘာ ရီ တစ် ယောက် နောက် လ လောက် ပြန် လာ ဦး မည် လား ။ သူ့ ကို လည်း မျှော် သည် ပေါ့ ။ သို့ သော် လည်း ကိုယ် တွေ ဘက် က လည်း ကိုယ် နိုင် သ လောက် လုပ် ဖို့ လို သည်။ စင်္ကာပူ က မြန် မာ များ အတွက် မူ ကား အခြေအနေ မကောင်း လှ ။ သူ ရို့ က divide and rule သုံး နေ ပြီ ။ မီး စ တစ် ဖက် ရေ မှုတ် တစ် ဖက် ၊ ကိုယ့် အရိုး နဲ့ ကိုယ် အ ထိုး ခံ ဖို့ ပြင်ထား ပေ ရော့ ။ ကျွန်တော် တို့ မြန် မာ များ ဒီ မှာ စည်း ကမ်း လိုက် နာ ကြ ပါ သည်။ ထမင်း ကျွေးထား သည် မဟုတ် ပါ လား ။ ကျွန်တော် တို့ သဘော က တော့ စလုံး ၏ စည်း ကမ်း ကို လည်း မဖောက်ဖျက် ဘဲ ၊ အမိမြန်မာ ပြည် အတွက် စုစည်းမှု အား တွေ ရ ချင် သည်။ ပြည်တွင်း က လူ တွေ အ တွက် အား ဖြစ် စေ ချင် သည် ။ ကိုယ့် မြန် မာ တွေ က ထမင်း ဝ နေ ရုံ နှင့် သူတို့ လို နိုင်ငံ ရေး စိတ်မဝင်စား ကြ သော လူမျိုး မဟုတ် ။ ပိုက်ဆံ ရ ရင် ပြီး ရော ဟူ သော လူ မျိုး တစ် မျိုး မှ ဆင်း လာ သည် လည်း မဟုတ် ပေ ။

No comments: