မနက်ဖြန် စလုံး ရှိ မြန် မာ တို့ ၏ အသဲ ကြား က မဲ တစ် ပြား ကို ရဲ ရဲ ဝံ့ ဝံ့  ပေး ဖို့ ပြင် နေ ကြ ပြီ ။
သင် စစ် အာ ဏာ ရှင် စနစ် ကို မထောက် ခံ တဲ့ ၊ မြန် မာ တစ် ယောက် လား ။
သင် တို့ မျိုး ဆက် တသက် လုံး စစ် ကျွန် မ ဖြစ် ဖို့
သင် တို့ ညီ ၊ ညီ အစ် မ များ ပ ညာ အေး အေး ဆေးဆေး သင် နိုင် ဖို့ 
သင် တို့ ၏ မိ သား စု ၊ ဆွေ မျိုး သား ချင်း များ အေး အေး လူ လူ စီး ပွား ရှာ နိုင် ဖို့
သင် တို့ ၏ မိ ဘ များ ၊ အဘိုး ၊ အ ဘွား များ များ မ ကြာ ခင် မှာ ဘုန်း ကြီး ကျောင်း များ သို့ သွား ၍ အေး အေး လူ လူ တရား ရှာ နိုင် ဖို့
“စစ် အစိုး ရ ၏ စစ်ကျွန် အဖြစ် တ သက် လုံး သွတ် သွင်း မဲ့ အခြေ ခံ ဥ ပ ဒေ မူ ကြမ်း ကို ကြက် ခြေ ခတ် ဖို့ ကျွန်ုပ် တို့ ၊ သင် တို့ ၏ တာ ဝန် ဖြစ် လာ ပြီ ။ ”
သင် လည်း ကိုယ့် နိုင် ငံ ၊ ကိုယ့် အ မျိုး ၊ ကိုယ့် မိ သား စု အတွက် တာ ဝန် ကျေ သူ တစ် ယောက် ဖြစ် ပါ စေ ။
Saturday, April 26, 2008
April 27 မှာ ဘာ လုပ် ရ မှာ လည်း
Thursday, April 3, 2008
အလုံး စုံ ပျက် သုန်း ခြင်း သို့ ဦး တည် နေ ပြီ လော
ယခု အပတ် အတွင်း မြန် မာ့ နိုင်ငံ ရေး အခြေ အ နေ တို့ ပို မို ရှုတ် ထွေး လာ သည် ကို တွေ့ ရ သည် ။
1. NLD ပါတီ ဝင် များ အဖမ်းခံ ရ ခြင်း ၊ ချောင်း အရိုက် ခံ ရ ခြင်း ၊
2. လူ့ အခွင့် အရေး လှုပ် ရှား သူ ဦး မြင့် အေး ချောင်း အရိုက် ခံ ရ ခြင်း
3. DKBA အဖွဲ့  မှ ဗိုလ် နှုတ် ခမ်း မွှေး အသတ် ခံ ရ ခြင်း
4. နောက်ဆုံး သာ မည ဆရာ တော် ရုပ် အလောင်း ကို အမည် မသိ လက် နက် ကိုင် များ က လု ယူ သွား ခြင်း
စသည် ဖြင့် နိုင်ငံ ရေး ၊ လူ မှု ရေး ၊ ဘာ သာ ရေး ကိစ္စ များ ဖြစ် ပွား ခဲ့ သည် ။ အမှတ် စဉ် ၁ နှင့် ၂ တွင် မည်သူ တွေ က လုပ် သ လဲ ဆို တာ ရှင်း ပါ သည် ။ အမှတ် ၃ တွင် ကရင် လက် နက် ကိုင် များ အချင်း ချင်း သဘော ကွဲ လွဲ အောင် ဖန် တီး ထား ပါ သည် ။ ( လောလော ဆယ် တွင် လည်း ကချင် နှင့် မွန် တို့ ကို ဖဲ့ စည်းရုံး နေ ခြင်း ၊ ခြိမ်း ခြောက် နေ ခြင်း ) အမှတ် စဉ် ၄ တွင် ဘာ သာ ရေး နှင့်  ပက် သက် ပြီး ပွဲ ဆူ အောင် အခြေခံ ဥပဒေ ဆန္ဒ ခံ ယူ ပွဲ ကို လူ ထု စိတ် မ ဝင် စား အောင် ပြု လုပ် ထား သည် ကို တွေ့  ရ သည် ။ ( ရှေ့ တွင် လည်း ကောလ ဟာ လ အမျိုး မျိုး ထုတ် ထား သည် ကို တွေ့  ရ ပါ သည် )
မေ လ ဆန္ဒ မဲ မ ပေး မှီ တစ် ခု ခု ဖြစ် နိုင် ပါ သည် ။ လူ ထု အာရုံ ကို လှည့် နိုင် ပါ သည် ။ ၄င်း တို့ မှာ
1. တိုင်း ရင်း သား လက် နက် ကိုင် များ အချင်း ချင်း ( အဖွဲ့ အတွင်း သို့မဟုတ် အဖွဲ့ ကွဲ အချင်း ချင်း ) ပို မို သွေး ကွဲ အောင် လုပ် မည် ။
2. တရား ဝင် မြေ ပေါ် အဖွဲ့ အစည်း များ ၊ နိုင်ငံ ရေး တက် ကြွ သူ များ ကို နောက် ကွယ် က သော် လည်း ကောင်း ၊ ဗြောင် ကျ ကျ သော် လည်း ကောင်း တိုက် ခိုက် မည် ။
3. ဘာ သာ ရေး အဓိကရုဏ်း တစ် ခု ခု ဖြစ် အောင် ဖန် တီး လိမ့် မည် ။
4. ကော လ ဟာ လ များ အမျိုး မျိုး ဖန် တီး လိမ့်  ဦး မည် ။
5. လူ များ ဒုက္ခ ရောက် အောင် ( ဥပမာ ၊ မီး ဘေး ) ၊ သေ ကြေ ပျက် စီး အောင် ၊ကြောက် လန့် အောင် ( ဥပမာ ၊ဗုံး ခွဲ ခြင်း များ ) ဖြင့် ပိုမို ရှုတ်ထွေးေ အာင် ပြု လုပ် ပါ လိမ့် မည် ။
6. ပြည် ပ နှင့် အဆက် အသွယ် အင်တာနက် ၊ ဖုန်း လိုင်းများ ဖြတ် တောက် ပါ လိမ့် မည် ။
နောက်ဆုံး တော့ ခံ ရ မည် က ပြည် သူ လူ ထု သာ ဖြစ် သည် ။ လူ ထု အတွင်း တွင် လည်း နိုင်ငံ ရေး သတိ ရှိ ဖို့  လို ပေ သည် ။ လူအများ စု က သူတို့ ထင် သလို စွမ်း အား ရှင် စိတ် ဓါတ်၊ ကြံ့ ဖွတ် စိတ် ဓါတ် မျိုး မ ဟုတ် ၊ ရှင် ကြီး ဝမ်း လည်း ဝင် ခဲ့ ပြီး ပြီ ၊ ရှင် ငယ် ဝမ်း လည်း ဝင် ခဲ့  ပြီး ပြီ ။ အား လုံး သူ မသာ ၊ ကိုယ် မ သာ ပါ ။ လူ ထု က ကောင်း ကောင်း ရွေး တတ် ပါ သည် ။ အချုပ်က တော့ တိုက် ပွဲ တစ် ခု အတွက် တော့ ကြို တင် ပြင် ဆင် ထား ရ မှာ ပါ ။
Monday, March 31, 2008
Vote No အခြေခံ ဥ ပေ ဒ နဲ့ တိဘက် အရေး ကိစ္စ
အခုတလော အခြေခံ ဥပဒေ အကြောင်း သိပ် ပြော သံ မကြား ရ တော့ ။ တော် တော် များ များ က Vote No ကို မူ အရ သဘော တူ သွား ကြ ပြီ ။ နိုင်ငံ ရေး ရေ ချိန် အတော် မြင့် နေ သော အချိန် တွင် No Vote က မှန် ချင် မှန် နိုင် ပေ မယ့် ၊ မြန် မာ ပြည် ၏ အခြေ အနေ အရ ကန့်  ကွက် မဲ ပေး ရေး သည် သာ အသင့် တော် ဆုံး ဖြစ် သည် ဟု ဆို ရ မည် ။ တစ် ချို့ နေ ရာ များ တွင် ဘာ မှ မသိ သော လူ ထု ကို ခြိမ်း ခြောက် ၍ တစ် မျိုး ၊ ငွေ တိုး ချေး ၍ တစ် ဖုံ ၊ စည်း ရုံး နေ ကြ သည် ကို ကြား နေ ရ သည်။ ဝန် ထမ်း များ ကို လည်း သက်ဆိုင် ရာ ဌာ န များ တွင် သာ ပေး ရ မည် ကို လည်း ကြား ရ သည် ။ ထို့ ပြင် ကန့် ကွက် မဲ ပေး ရန် တာ စူ နေ သော ဝန် ထမ်း ထု ကို လည်း ဓါး ကျိန်း မ ကျိန်း ရုံ တ မယ် ခြိမ်း ခြောက် ထား သည် ကို လည်း ကြား ရ သည်။
မကြာသေး သော ရ က် ပိုင်း အ တွင်း က ဖြစ် သွား သော တိ ဘက် အ ရေး သည် တရုတ် ကွန် မြူ နစ် အရင်း ရှင် အစိုး ရ ကို တော် တော် အထိ နာ ခဲ့ သည် ။ သူ တို့ က လူ မျိုး ကြီး တရုတ် နယ် ချဲ့  တို့  ကို အခါ အ ခွင့် သင့်  တိုင်း တော် လှန် ဆ န္ဒ ပြ ခဲ့ ကြ လေ သည် ။ ဒီ တစ် ခါ တွင် တော့ တိ ဘက် ကို ကမ္ဘာ က သိ အောင် ပို ၍ လုပ် ပြ နိုင် ခဲ့ေ လ သည် ။ တ ရုတ် ၏ အိုလံ ပစ် အရေး နှင့် ချိန် ကိုက် လှုပ် ရှား နိုင် ခဲ့ လေ သ ည် ။ တစ် ချို့  က ဒုတိ ယ ရွှေ ဝါေ ရာင် တော် လှန် ရေး ဟု ဆို ကြ သည် ။ မည် သို့  ပ င် ခေါ် စေ ၊ မ လွ တ် လပ် သေး သော နိုင် ငံ တို့  ၏ လွတ် လပ်ေ ရး အ တွက် လှုပ် ရှား မူ တို့  သည် တရား သည် ဟု ဆို ရ ပေ မည် ။ ကမ္ဘာ တ လွှား ရှိ တိ ဘက် တို့  က ကမ္ဘာ နှင့် ချီ သော လှုပ် ရှား မှု များ ကို ပို လုပ် ပြ နိုင် သည် ကို တွေ့  ရ သည် ။ ဥ ပမာ ၊ အို လံ ပစ် မီး ရှုး တိုင် ထွန်း ညှိ ပွဲ တွင် ဆန္ဒ ပြ ခြင်း မျိုး ၊ နယူး ယောက် ရှိ အဓိ က နေ ရာ တစ် ခု တွင် တိ ဘက် အ လံ လွှင့် ထူ ခြင်း မျိုး တွေ ၊ ကမ္ဘာ တ လွှား ရှိ တိ ဘက် တို့ က ရှေ့  ထွက် လာ ကြ ပြီး သူ တို့  အေ ရး ကိစ္စ ကို စုပေါင်း လုပ် ကြ သည်မှာ ကျေ နပ် စရာ ကောင်း လှ သည်။
ဤ နေ ရာ တွင် ကျွန်ုပ် တို့  မြန်မာ တို့ ၏ အကြောင်း ကို ပြော ချင် သည် ။ ဘာမ ဆို ကျွန် တော် တို့  က ရှေ့  က ။ ဥ ပ မာ ၊ ၈၈ အရေး အခင်း ဖြစ် ပြီး နောက် တရုတ် တီ ရင် နင် မင် အရေး အခင်း ၊ ရိုမေး နီး ယား စ သော အရှေ့  ဥ ရော ပ နိုင် ငံ များ ဒီ မီ နို ဖြစ် စဉ် အတိုင်း ဆက် တိုက် ဖြစ် ခဲ့ သည် ။ တော် တော် များ များ က အာ ဏာ ရှင် လက် အောက် က လွတ် မြောက် ခဲ့ ကြ သည် ။ မြန် မာ များ က အဆုံး မသတ် နို် င် ခဲ့ ကြ ပေ ။ အခု တစ် ခါ တွင် လည်း မြန် မာ့ ရွှေ ဝါ ရောင် အရေး အခင်း ၊ ပြီးေ နာက် တိ ဘက် တို့ ၏ လွတ် မြောက် ရေး လှုပ် ရှား မှု ။ မြန် မာ တို့ ၏ သွေး များ က မ ခြောက် သေး ၊ တိ ဘက် တို့  က မူ လတ် လတ် ဆတ် ဆ တ် ပင် ရှိ သေး သည် ။ ကမ္ဘာ မီဒီ ယာ တို့ က မူ တာ ဝန် ကျေ ကြ ပါ သည် ။ အတည် ပြု ချက် မရ သေး သော်လည်း သွေး အလိမ်း လိမ်း နဲ့  တိ ဘက် ဘုန်း ကြီး ပေါ် တွင် တရုတ် ရဲ တစ် ယောက် က ခြေ ထောက် တင် ထား သော ပုံ ကား တော် တော် ဆိုး သည် ။ အာ ဏာ ရှင် တို့ ဘက် က တော့ အာ ဏာ သာ ထိ ပါး ပါ စေ ၊ မည် သည့်  အရာ မ ဆို ရှင်း လင်း ပစ် မည် သာ ဖြစ် ပါ သည် ။ သူ တို့ ကား လက် နက် ကို လည်း မကြောက် ပါ ချေ ( ရှိ လျှင် ကား နည်း နည်း ကြောက် ပါ သည် ။ ) သူ တို့  တကယ်ကြောက် သည် ကား People Power ဟု ခေါ် သည့် လူထု အား ပင် ။ အာဏာရှင် တို့  မည် သည် လူ ထု အား ဖြင့် သာ ချု ပ် ငြိမ်း ရ စ မြဲ ဖြစ် သည် ။ လူထု အား ကို အထင် မသေး ဖို့ ဆ ရာ လူ ထု စိန် ဝင်း က တိုက် တွန်း ထား သည် ။
ဖိလစ်ပိုင် နိုင် ငံ တွင် အာဏာ ရှင် မား ကို့ စ် ကို SMS ဖြင့် စည်း ရုံး ဖြုတ် ချ လိုက် သည် ဆို လျှင် မမှား ပါ ။ တော် လှန် သူ တို့ အချင်း ချင်း မက်ဆေ့ ပို့ ၍ စု ရုံး စေ ပြီး ဆန္ဒ ပြ ပွဲ များ ကို ဖန် တီး ခဲ့ ကြ သည် ။ ထို့ ကြောင့် လူ ထု လက် ထဲ တွင် ဆက် သွယ် ရေး စံနစ်ကောင်းများ ရောက် သွား မည်ကို အလွန် ကြောက် ၏ ။ ပြင်ပ သို့ သတင်း များ မစီး ထွက် ရန် အတွက် အင် တာ နက် လှိုင်း နှုန်း များ လျှော့ ချ ပစ်သည် ။ နှစ် ၂၀ အတွင်း နိုင်ငံ တော်သည် မည်သည့် ခေတ် မှ မကြုံ ဘူး သော တိုးတက် မှု မျိုး ကို ရ ရှိ နေ ပြီ ဟု လိမ် သည် ။ ထို့ ကြောင့် လျှပ် စစ် မီး က တနေ့ ၁၂ လောက် မ လာ ။ အင်တာနက် ၊ ဖုန်း လိုင်း များ ဒေ သ တွင်း ဈေး အကြီး ဆုံး ( ကမ္ဘာ ပေါ် တွင် လည်း ဈေး အကြီး ဆုံး လို့ ပြော ၍ ရ သည် ။ ) ဦးနေ ဝင်း က တော့ ၂၆ နှစ် အတွင်း LDC ဘဝ သို့ ဆွဲ ချ သွား သည် ။ ဗိုလ် ချုပ် မှူး ကြီး သန်း ရွှေ မှ ဦး သန်း ရွှေ သို့ အာ ဏာ လွှဲ လို က် လျှင် ကား တွေး လို့ ပင် မရ ။
ယခု တ လော အတွင်း ဘလော့ များ ၌ အခြေ ခံ ဥ ပဒေ အတွက် ဆန္ဒ မဲ များ ထည့် လာ ကြ သည် ကို တွေ့ ရ သည် ။ အား လုံး အဖြေ များ က တူ ညီ နေ သလောက် တွေ့  ရ သည် ။ အများ စု က ၉၀ % ကျော် ကျော် မထောက်ခံ ကြ ။ တစ်ချို့ က ၈၀% ကျော် ။ အား ရ စရာ ကောင်း လှ သည် ။ မေ လ ရွေး ကောက် ပွဲ ရ လာဒ် ကို တော့ မြန် မာ့  နိုင်ငံ ရေး ငွေရောင် ပိတ် ကား ပေါ် တွင် သာ ကြည့် ကြ ပါ လို့ ပြော လို ပါ တယ် ။
Friday, March 14, 2008
စစ်အစိုး ရ နဲ့ လူထု ထောက်ခံ မှု
ဒီတပတ် မှာ ထူးခြားတဲ့ သတင်း တွေ က တော့ သတင်း စာ ဆရာကြီး လူထု စိန် ဝင်း ရဲ့ လူထု ကို ပန်ကြားချက် ၊ ဟံသာဝတီ ဦးဝင်း တင် ရဲ့ အကျဉ်းထောင် တွင်း မှ တိုက်တွန်း ချက် များ ကို စစ်အစိုး ရ ရဲ့  အာဘော် လို့ ယူဆ ရ တဲ့ ဒေါက်တာ နေဝင်းေ မာင် ရဲ့  ပြော စ ကား များ ကို မိုး မ ခ နှင့်  အခြား ဘလော့ များ တွင် အတူတူ ဖော်ပြ ထား တာ ပါ ပဲ ။ ( ဘေး မှ side bar တွင် တင် ထား ပါ သည် )
ပြီးတော့ စစ်အစိုး ရ က အောက် လမ်း နည်း များ ဖြစ် တဲ့ ပြည် သူ့ ထောက်ခံ မှု ကို လိမ် ညာ ၍ တစ်မျိုး ၊ ခြိမ်းခြောက် လို့ တနည်း နဲ့ လက် ကိုင် တုတ် အဖွဲ့ အစည်း များ ကို အသုံး ချ လို့ ရ ယူ နေ တာ ကို တွေ့  ရ တာ ပါ ပဲ ။ တဆက် တည်း မှာ ပဲ ဝန် ထမ်း များ ကို သက်ဆိုင် ရာ ဌာန တွေ မှာ ပဲ ပေး နိုင် အောင် စီစဉ် နေ တာ ကို လည်း ကြား ရ ပါ တယ် ။ မှတ်ပုံ တင် လုပ် ပေး မယ် ပြော ပြီး စည်း ရုံး နေ တာ လည်း လုပ် နေ တာ တွေ့ ရ တယ် ။ မဲ ရုံ မှုး များ ကို လျှို့  ဝှက် ခန့် အပ် နေ တာ တွေ ၊ မီး သတ် တွေ ကို စည်း ရုံး ခိုင်း တာ တွေ ၊ ဝန်ထမ်း များ ကို လည်း အခု လို အကျဉ်း အကျပ် ထဲ က လွတ် အောင် မဲ ပေး မှ ရ မယ် လို့  မဲ ဆွယ် နေ တာ ကို လည်း တွေ့  ရ ပါ တယ် ။ ( အားလုံး ကျပ်တည်း အောင် ၊ အဆင်ပြေသည်များ ကို ပို ခက် ခဲ အောင် ၊ ရှင်း နေ သည် များ ကို ပို ရှုပ် အောင် ဘယ် သူတွေ က လုပ် နေ တာ လဲ ဆို တာ ဝန် ထမ်း အများ စု က သိ ကြ ပါ တယ် ။ ) နိုင် ငံ ရပ် ခြား တွင် အခု အထိ မြန် မာ နိုင် ငံ သား များ ဆန္ဒ မဲ ပေး ခွင့် ရှိ မ ရှိ အခု ထက် တိုင် မသိ ရ သေး ပါ ။ ( သူတို့ က တော့ အခု အချိန် အထိ တရား မဝင် သွား ရောက် သူများ စာ ရင်း ထဲ တွင် ထည့် ထား သည် လို့ သိ ရ ပါ တယ် ။ ဒါ ပေ မယ့်  အခွန် ဆို ရင် တော့ လာ ထား ပါ ပဲ တဲ့ ။ ပြီးတော့ ကိုယ့်  နိုင်ငံ သား ဘယ် လောက် ရောက် နေ တာ ဆို တာ လည်း တိတိပပ သိ ပုံ မရ ပါ ဘူး )
အတိုက် အခံ တွေ ဘက် က တော့ ၁၉၉၀ ရွေး ကောက် ပွဲ ကို အသိ အ မှတ် ပြု ရေး ၊ အခု မဲဆန္ဒ ကောက် ခံ ပွဲ ကို သပိတ် မှောက် ရေး ၊ အကယ် ၍ ရွေး ချယ် စရာ လမ်း မရှိ ပါ က ကန့် ကွက် မဲ ပေး ရေး ကို တောင်း ဆို နေ သည် ကို တွေ့  ရ တယ် ။ တစ်ချို့  လည်း ဝိဝါ ဒ ကွဲ စရာ တွေ ဖြစ် လာ ကြ ပါ တယ် ။ အခု အချိန် ထိ NLD က ဘယ် လမ်း ကို ရွေး မ လဲ ဆို တာ ကို စောင့် ကြည့် ရ ဦး မှာ ပါ ။ NLD ရဲ့  statement လောက် က တော့ အံ တို နေပြီ ဖြစ် တဲ့ ၊ ရှက် ကြော မရှိ တဲ့ နအဖ က တော့ မမှု ပါ ။ ပြီး တော့ အခြေအနေ က အချိန် မ ရွေး ပေါက် ကွဲ သွား နိုင် တဲ့ အနေ အထား တစ် ခု ဖြစ် နေ ပြန် ပါ တယ် ။ (အဲ ဒီ အချိန် တစ် ခု ရောက် သွား ခဲ့  ရင် ဒု တိ ယ စစ် အုပ် စု တစ် ခု က တိုင်း ပြည် ကို ချောက် ထဲ က ပြန် ကယ် တင် ချင် ကောင်း ကယ် တင် ပြီး ထူးမခြား နား ဇာတ် ကို ထပ် က ချင် ပါ လိမ့်  မယ် ။ ) ကျွန် တော် တို့ လူထု ဘက် က တော့ အား လုံး ငြိမ်း ငြိမ်း ချမ်း ချမ်း နဲ့ အဆင် ပြေ ချင် လှ တယ် ။ ယာ လဲ ဖွတ် ဖွတ် ညက် ညက် ကျေ ၊ ပြီး တော့ အိမ် ကြက် တွေ လည်း မော လှ ပါ ပြီ ။
ဒီနေ့ ဖတ် လိုက် ရ တဲ့ သတင်း တစ် ခု က တော့ အစိုး ရ အာ ဘော် ဆောင်း ပါး တစ် ပု ဒ် မှာ မဲမပေး ပဲ နေ ပါ က နိုင်ငံ သား အခွင့် အ
ရေး ဆုံး ရှုံး တော့ မည် တဲ့  ။ ( ၃၅ နှစ်အောက် မည်သည့် မြန် မာ နိုင်ငံ သား မဆို အခု အချိန် အထိ မဲမပေး ဘူး ခင်ဗျ ) ထောက်ခံ မဲ မပေး လျှင် ဒီမို ကရေ စီ နဲ့ ပို ဝေး သွား မည် တဲ့ ။ ( အခု လက် ရှိ ဒီမို ကရေ စီ မရှိ ဘူး လို့  ဝန်ခံ လိုက် တာ ပဲ ခင် ဗျာ ။ ) သူတို့ ကိုယ် တိုင် က ဒီ မို ကရေ စီ ဆို တာ ကြီး ကို လို အပ် မှ ဝယ် လို့ ရ တဲ့ အရာ မျိုး ၊ တောင်း လျှင် ရ တဲ့ သ ဘော မျိုး ရေး ထား တာ ပါ ။ ဒီ လို မျိုး လက် လွတ် စပယ် ပြော ဆို တာ မျိုး တွေ ကို ရပ် တန်း က ရပ် ပြီး လူထု ကို အခြေ ခံ ဥပဒေ ကို ဘယ် လို ဘယ် ပုံ ရွေး ဆွဲ ထား ကြောင်း ရှင်း ပြ ခြင်း ၊ ပြည် သူ လူ ထု မည်၍ မည် မျှ လျှင် ဘယ် နှစ် အုပ် စသည် ဖြင့် အခမဲ့ ပေး ဝေ ဖတ် ရှု လေ့ လာ ခြင်း ၊ ဆွေး နွေး စေ ခြင်း ၊ တို့  ကို ပြု လုပ် သင့် ပါ တယ် ။ ( အခု အချိန် အထိ တော့ မည်သည့်  အလုပ် မှ မလုပ် ရ သေး ပါ ၊ ) ရှင်း ပါ တယ် ။ လူထု က ပို သိ လေ လေ ၊ ပို ပြီး ကန့် ကွက် လေ လေ ဖြစ် မည် ။ ဒါ ကြောင့်  သူတို့ မရှင်း ပြ ရဲ ပါ။ မကြိုက် ဘူး လား ။ ဖွင့် ဟ တော့  မပြော လေ နှင့် ။ ထောင်ဒဏ် သုံး နှစ်က အနည်း ဆုံး ။
ပြည်သူလူ ထု ဘက် ကတော့ ရှင်း ပါ သည် ။ အများ စု က တော့ ကန့် ကွက် ကြ လိမ့် မည် ။ နိုင်ငံ ရပ် ခြား က မြန် မာများ က ရော ? ၊ ရှင်း ပါ သည် ။ ကန့် ကွက် မဲ ပေး ကြ ပါ လိမ့် မည် ။ မဲ မလိမ် ရင် မည်သည့် မဲ မျှ ကို မမျှော် လင့် ပါ နှင့် စစ်အာဏာရှင် အစိုး ရခင် ဗျား ။
Saturday, March 8, 2008
အခြေခံ ဥပဒေ မူ ကြမ်း ကို ကန့် ကွက် မဲ ပေး ကြ
အခု တ လော ပွက်ပွက်ညံ အောင် ကြားနေ ရ တာ က NO VOTE ( မဲမပေး ဘဲ သပိတ်မှောက် ရေး ) , VOTE NO ( ကန့် ကွက် မဲပေး ရေး ) ကိစ္စ ပဲ ဖြစ် ပါ တယ် ။ ဘာ ပဲ ပြော ပြော ဝင်ရောက် ဆွေးနွေး နေ သူ တိုင်း ဟာ အမိ မြန်မာပြည် အတွက် စေတနာ ရှိ တဲ့ လူ ချည်း ပါ ပဲ ။ ဘာလို့ လည်း ဆို တော့ ဒီ အခြေခံ ဥပဒေ ဟာ အများ ဆန္ဒ မပါ တဲ့ ၊ ပြည် သူ လူ ထု မထောက်ခံ နိုင် တဲ့ အရာ ဖြစ်နေ လို့ ပါ ဘဲ ။ အတည်ပြု လို့ လည်း ဘယ် လို မှ မဖြစ် နိုင် တဲ့ အရာ ဖြစ်နေ ပါ တယ် ။ ဒါ ကြောင့် ပြည် တွင်း ပြည် ပ က ဝို်င်း ဝန်း ကန့် ကွက် နေ ကြ တာ ပါ ။
ဘာ ကြောင့် လက် မခံ နိုင် တာ ရ တာ လဲ ။ ရှင်း နေ ပါ တယ် ။ ( လူ ပြိန်း အမြင် အရ သာ ဖြစ်ပါ တယ် ။ ပညာ ရှင် များ အတွက် မဟုတ် ပါ )
၁) စစ်တပ် က နေရာ အား လုံး ရဲ့  ၂၅% အသား လွတ် နေ ရာ ဝင် ယူ ထား ပါ တယ် ။
၂) ဒေါ် အောင် ဆန်း စု ကြည် ဝင်ပါ လို့ မရ အောင် လုပ် ထား ပါ တယ်။
၃) အရေးကြီး တဲ့ ဝန်ကြီး လေး နေ ရာ လောက် ကို ကာကွယ် ရေး ဦးစီး ချုပ် က တိုက် ရိုက် ခန့် မယ် တဲ့ ။ သမ္မတ ထက် လုပ်ပိုင်ခွင့် ပို ကြီး နေ ပါ တယ် ။
၎) အချိန်မရွေး အာဏာ သိမ်း ခွင့် ရှိ နေ ပါ တယ် ။
၅) အမျိုးသား လုံ ခြုံ ရေး နှင့် ကာကွယ် ရေး ကောင်စီ မှာ စစ်တပ် က လူ တွေ များနေ တယ် ။ သမ္မတ က အရေး ကြီး တဲ့ ကိစ္စ တွေ ကို သူတို့ ဆန္ဒ မပါ ဘဲ လုပ် လို့  မရဘူး ။ ပါ လီ မန် ရဲ့  နေရာ ပျောက် နေ ပါ တယ် ။
၆)စစ်တပ် ဟာ ထူးခြား တဲ့ လုပ် ငန်း သဘာ ဝ ကြောင့် နိုင်ငံ ဝန်ထမ်း မဟုတ် ဘူး လို့ လည်း ဆို ထား ပြန် ပါ တယ် ။
၇) ကာကွယ် ရေး ဦး စီး ချုပ် သည် လက်နက်ကိုင် အဖွဲ့ များ ၏ အချုပ် လို့ လည်း ဆို ပြန် ပါ တယ် ။ ကာကွယ်ရေး ဝန် ကြီး နေ ရာ ပျောက် နေ ပါ တယ် ။
၈) နိုင်ငံ တော် ရဲ့ မြို့တော် နဲ့ အလံ က လက်ခံ နိုင်စရာ မရှိ ပါ ။
စသည်ဖြင့် အချက် တွေ က အများ ကြီး ပါ ။
အချုပ်ပြော ရ ရင် သမ္မတ က စစ်တပ် က သဘော ကျ တဲ့ လူ ၊ ဒါ မှ မ ဟုတ် စစ်တပ် က လာ တဲ့ လူ ဖြစ် သွား နိုင် တယ် ။( ဒီ နေ ရာ မှာ လည်း မိန်း မ သမ္မတ မဖြစ် ရ လို့ မပြော ရုံ တမယ် ပဲ ရှိ ပါ တယ် ။ )သမ္မတ က စစ်တပ် မထောက်ခံ ဘဲ ဘာ မှ မလုပ် နိုင် ဘူး ။ ကာကွယ် ရေး ဦး စီး ချုပ် က အထက် က ရောက် နေ တယ် ။ ရိုင်း ရိုင်း နှိုင်း ရ ရင် “ဘု ရား ကား အောက် ၊ မျောက် ကား အထက်” ဖြစ် နေ တယ် ။
ဒါကြောင့် ဒီ ဥပဒေ ကြီး အတည် ဖြစ် လို့ မရ ပါ ဘူး ။ မြန် မာ ပြည် သူ များ ကန့် ကွက် မဲ ပေး နိုင် အောင် လုပ် ရ ပါ လိမ့် မယ် ။ ပြည် တွင်း က လူ များ က တော့ boycott လုပ် ဖို့ တော့ မလွယ် ပါ ဘူး ။ သူတို့ မှာ လည်း အရာ ရာ ကို ကြောက် နေ ရ တာ ပါ ။ အရေး အကြီး ဆုံး က တော့ ဆန္ဒ ခံယူ ပွဲ သည် Free and Fair ဖြစ်ဖို့ ပါ ။
အထက် ပါ ပုံ ကို ကို ထိုက် ဘလော့ မှ ကူး ယူ ပါ တယ် ။
Monday, March 3, 2008
ကိုင်း…ပြောစမ်းပါရစေ (၆)
ပြီးခဲ့တဲ့အပတ်မှာ ပေါ်မှပေါ်လာပါ့မလားလို့ စောင့်ကြည့်နေတဲ့ စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဥပဒေ ထွက်လာပါတယ်။ အများမျှော်လင့်တဲ့အတိုင်း မေးခွန်းထုတ်ဖွယ်ကောင်းတဲ့ အချက်အလက်တွေကို ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတွေ့ရပါတယ်ဗျာ။ ပထမအချက်ကတော့ ဆန္ဒခံယူပွဲကို ကြီးကြပ်မယ့် ကော်မရှင်မှာ စစ်အစိုးရရဲ့ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေအများစု ပါဝင်နေကြတဲ့ အချက်ပါပဲ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ကော်မရှင်ရဲ့ သမာသမတ်ရှိမှု အပေါ်မှာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ သိက္ခာသမာဓိရှိပြီး ပြည်သူလူထုလေးစားတဲ့ ပုဂ္ဂိုလ်များ မပါဝင်တဲ့ ဆန္ဒခံယူပွဲကော်မရှင် ဖြစ်တဲ့အတွက်ကြောင့် ဘက်လိုက်မှုကင်းရှင်းတဲ့၊ တရားမျှတတဲ့ ဆန္ဒခံယူပွဲ ပေါ်ပေါက်နိုင်ဖို့ မမျှော်လင့်နိုင်တော့ပါဘူး။ အခြေခံဥပဒေကို ကိုယ်တိုင်ရေးပြီး၊ ဆန္ဒခံယူမှုပွဲကို ကိုယ်တိုင်ကြီးကြပ်တဲ့ လုပ်ရပ်ဟာ လက်ခံနိုင်ဖို့ရာ မရှိပေဘူးဗျ။
အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေရဲ့ အခန်း(၉)မှာ ဖော်ပြထားတာက ဆန္ဒခံယူပွဲကော်မရှင်ဟာ “ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲပေးသူဦးရေ၊ ထောက်ခံဆန္ဒမဲပေးသူဦးရေ နှင့် ယင်းတို့၏ နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေငြာရမည်” လို့ပြောထားပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ကန့်ကွက်မဲပေးသူဦးရေ နဲ့ ရာခိုင်နှုန်းကို ကြေငြာရန် ထည့်သွင်းမဖော်ပြတဲ့ အတွက်ကြောင့် ဒီဥပဒေဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်။ တနည်းပြောရရင် ကော်မရှင်ဟာ အခြေခံဥပဒေကို လူထုက ပယ်ချတယ်၊လက်ခံတယ် လို့ ကြေငြာဖို့ အာဏာမရှိပေဘူး။ ဒါဆိုရင် ဘယ်အဖွဲ့အစည်းက တာဝန်ရှိသလဲဆိုတာ မေးဖို့ရှိနေပါတယ်ဗျ။
အလွန်ထူးခြားတာကတော့ စစ်အစိုးရပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ဘယ်လိုအခြေအနေမှာ အခြေခံဥပဒေဟာ အတည်ဖြစ်သလဲ ဆိုတဲ့ အဓိကကျတဲ့ အခန်းပျောက်နေပါတယ်ခင်ဗျ။ စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပတာဖြစ်ပါလျက်နဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ မည်ရွေ့မည်မျှသော ရာခိုင်နှုန်းရရင် အတည်ဖြစ်တယ်ဆိုတဲ့ အဓိကအချက် မပါဝင်နေခြင်းဟာ အထူးသံသယဝင်ဖွယ်ဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါရစေလား။
ကိုညို
Thursday, February 21, 2008
ို
ကိုင်း…ပြောစမ်းပါရစေ (၅)
ကျွန်ုတို့၏ လက်ငင်းတာဝန်နှင့်ဝတ္တရားများ
အခုတလော မြန်မာ့ပြည်တွင်း နိုင်ငံရေးအခြေအနေ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်ခင်ဗျ။ နအဖ စစ်အစိုးရရဲ့ ကြေငြာချက် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ ထွက်ပေါ်လာခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ စစ်အစိုးရက လာမယ့် ၂၀၀၈ခုနှစ် မေလမှာ အခြေခံဥပဒေကို အတည်ပြုဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမယ်၊ နောက် ၂၀၁၀ခုနှစ်မှာ အတည်ပြုပြီးတဲ့ အခြေခံဥပဒေနဲ့အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဖက်အုပ်ချုပ်မှုကို လွှဲပြောင်းမယ်လို့ ဆိုင်းမဆင့်၊ဗုံမဆင့် ကြေငြာခဲ့တယ်။ ရွှေဝါရောင်တော်လှန်ရေး ရက်ရက်စက်စက် ဖြိုခွဲခံခဲ့ရတာ ပူပူနွေးနွေးပဲရှိနေတဲ့ အချိန်အခါမျိုးမှာ နအဖစစ်အစိုးရရဲ့ နိုင်ငံရေးအရ အရေးကြီးတဲ့ ကြေငြာချက်တွေ ထွက်လာတာကို လေးလေးနက်နက် သုံးသပ်သင့်ပေတယ်ဗျ။
ဒီနေရာမှာ အရေးတကြီး သတိပေးချင်တာကတော့ နအဖစစ်အစိုးရဟာ လူထုကြီးရဲ့ ထောက်ခံမှုရဖို့ မသေချာလှဘူးဆိုတာ ကောင်းကောင်းကြီး သိနေတယ် ဆိုတာပါပဲဗျ။ စက်တင်ဘာ အရေးအခင်းမှာ ဗုဒ္ဓဘုရားရဲ့ သားတော်များဖြစ်တဲ့ သံဃာတော်တွေကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ ပုံရိပ်တွေဟာ ဗုဒ္ဓဘာသာဝင် မြန်မာတို့ရဲ့ ရင်ထဲစွဲထင်နေဆဲပါ၊ ဒါ့အပြင် စစ်အစိုးရလက်အောက် အနှစ်၂၀အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လုပ်ရပ်တွေကိုလဲ မိဘပြည်သူအများက အမှတ်ရနေဆဲဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ မြန်မာပြည်သူတွေဟာ ခွင့်လွတ်ကျေအေးဖို့ ဝန်မလေးကြပါဘူး၊ ဒါပေမယ့် သမိုင်းပုံရိပ်ဆိုတာ ဖျောက်ဖျက်ဖို့ ခက်လှပါတယ်ခင်ဗျ။ နောက်တစ်ဖန် အဖက်ဖက်က ယိုယွင်းကျဆင်းနေတဲ့ စီးပွားရေးအခြေအနေကြောင့် ပြည်သူအများစုဟာ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ ဒီအချက်တွေကို စစ်အစိုးရက ကောင်းကောင်း သဘောပေါက် နားလည်ထားပြီးသားပါခင်ဗျ။
ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမယ်လို့ ဖေဖေါ်ဝါရီလ ၉ရက်မှာ ကြေငြာခဲ့ပေမယ့် ဒီနေ့ဒီအချိန်အထိ အရေးကြီးတဲ့ နောက်ဆက်တွဲ ကြေငြာချက်တွေ မထွက်လာသေးဘူးခင်ဗျ။ ပုံမှန်အတိုင်းဆိုလို့ရှိရင် ဆန္ဒခံယူပွဲကျင်းပမယ့်နေ့ရက်ကို အတိအကျ ကြေငြာရမှာပါ။ နောက်ပြီး ဆန္ဒခံယူပွဲကို ဘယ်ပုံဘယ်နည်းနဲ့ ကျင်းပပြုလုပ်မယ် ဆိုတာကိုလည်း တိုင်းသိပြည်သိ ကြေငြာရတော့မှာပါ။ ပြီးတော့ နိုင်ငံတစ်ဝှန်းလုံး မဲဆန္ဒနယ်မြေတွေ သတ်မှတ်တဲ့ အမိန့်ကြေငြာစာတွေ ထွက်ရှိသင့်နေပါပြီ။
အဓိကအကျဆုံးကတော့ စစ်အစိုးရက အတင်းအကြပ် ထောက်ခံခိုင်းဖို့ရှိတဲ့ “နအဖ အခြေခံဥပဒေ” ထွက်ပေါ်လာခြင်း မရှိသေးတဲ့အချက်ပါဗျ။ မြန်မာနိုင်ငံတစ်ဝှန်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတို့ရဲ့ ကတိကဝတ် စာချုပ်ဖြစ်တဲ့ အတွက်ကြောင့် လူတိုင်းလူတိုင်း ဒီအခြေခံဥပဒေမှာ ပါရှိတဲ့ အချက်အလက်တွေကို ကျေကျေလည်လည် နားလည်သဘောပေါက်ကြဖို့လိုပါတယ်ခင်ဗျ။ နားလည်သဘောပေါက်ကြမှလဲ ပြည်သူတွေဟာ အမှန်အမှားကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်ခင်ဗျ။
အခြေခံဥပဒေဆိုတာမျိုးဟာ “ဥပဒေကဲ့သို့အာဏာတည်သောအမိန့်” တွေလို အမိန့်ပေးရုံနဲ့ အတည်မဖြစ်ပေဘူး။ ဒီအခြေခံဥပဒေဟာ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်အတွက်၊ တိုင်းသူပြည်သားတွေရဲ့ အနာဂတ်အကျိုးအတွက် သင့်တော်တယ်၊ မသင့်တော်ဘူးလို့ ပြည်သူလူထုရှေ့မှောက်မှာ အဆုံးအဖြတ် ခံယူရပေမယ်ဗျ။ ဒီလို ပြည်သူ့အဆုံးအဖြတ် ခံယူရာမှာ တိုင်းပြည်လူဦးရေရဲ့ အနည်းဆုံး ရာခိုင်နှုန်း ဘယ်လောက်ရမှ အတည်ဖြစ်တယ် ဆိုတာမျိုးလဲ အတိအလင်းပြောသင့်နေပါပြီဗျ။ ဒါ့အပြင် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေဖြစ်တဲ့ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို နှောက်ယှက်ပါက အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ၅/၉၆ကို ရုတ်သိမ်းသင့်ပေတယ်။ အခုလို လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ကြေငြာချက်တွေ ယနေ့တိုင် မထွက်ပေါ်လာသေးတဲ့ အချက်ဟာဖြင့် ပုံမှန်မဟုတ်ပေဘူးခင်ဗျ။ ဒီလိုအနေအထားမှာ လူထုဆန္ဒ ခံယူပွဲ ကျင်းပဖို့ ခြေလှမ်းလှမ်းလိုက်တာဟာ အရှင်းဆုံးပြောရရင် အဖက်ဖက်က ကျရောက်နေတဲ့ ဖိအားတွေ လျော့ကျသွားစေချင်လို့သာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်ခင်ဗျာ။
တဆက်ထဲမှာဘဲ ကျနော်တို့ မြန်မာပြည်သူတွေဟာ အရေးကြုံက၊သက်လုံကောင်းခဲ့ကြတဲ့ ပြည်သူတွေ ဖြစ်တယ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်က သက်သေပြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းရှိပြည်သူအများ အခုကြုံလာနေပြီဖြစ်တဲ့ အရေးမှာ သက်လုံကောင်းနိုင်စေဖို့၊ ပြည်ပရှိ ဒီမိုကရက်တစ်အင်အားစုများက ဝိုင်းဝန်းလုပ်ဆောင် သင့်ပေတယ်ခင်ဗျ။ သဘောတရားရေးရာ ကွဲလွဲမှုတွေကို ဘေးချိတ်ထားပြီး၊ ငါ့မြင်းငါစိုင်းနေတဲ့ စစ်အစိုးရကို သူတို့ရဲ့ ရွေ့ ကွက်ထဲမှာ ကျဆုံးစေဖို့ ကြိုးစားကြသင့်လှပါတယ်။ လာမယ့်မေလမှာ ပြည်သူတွေက ပယ်ချခဲ့ရင် စစ်အစိုးရဟာ ဘေးကြပ်နံကြပ် အခြေအနေကိုကြုံတွေ့ ရမှာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ကျနော်တို့ဟာ လွတ်လပ်ပြီး၊တရားမျှတမှုရှိတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်စေဖို့၊ ကုလသမဂ္ဂရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ ရှိစေနိုင်ဖို့ ဝိုင်းဝန်းလှုံ့ဆော်သင့်ပါတယ်။ တစ်ချိန်ထဲမှာဘဲ အဆုံးအဖြတ်မဲပေးရမယ့် ပြည်သူတွေကို “နအဖ အခြေခံဥပဒေ”ရဲ့ အပြစ်တွေ၊ ကျရောက်လာမယ့်ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ချပြသင့်ပါတယ်။ အကောင်းဆုံးနဲ့အထိရောက်ဆုံး နည်းလမ်းကတော့ ရေဒီယို၊သတင်းဋ္ဌာနတွေကတဆင့် နေ့စဉ်နေ့တိုင်း “အခြေခံဥပဒေဝေဖန်ချက်”တွေ ထုတ်လွှင့်စေတဲ့ နည်းလမ်းဘဲ ဖြစ်ပါတယ်ခင်ဗျ။
အချုပ်ပြောရရင် ပြည်သူ့အဆုံးအဖြတ်ကို ခံယူတဲ့နေရာမှာ ရလဒ်နှစ်မျိုး ထွက်ပေါ်လာနိုင်ပါတယ်။ ဆန္ဒခံယူပွဲမှာ စစ်အစိုးရက တင်ပြလာတဲ့ အခြေခံဥပဒေကို ပြည်သူအများက ပယ်ချခဲ့မယ်ဆိုရင် နအဖစစ်အစိုးရ အနေနဲ့ ဘယ်ပုံဘယ်နည်းလုပ်ဆောင်မှာလဲ ဆိုတာကို အတိအလင်းမေးမြန်းဖို့ရာ ရှိပေတယ်ခင်ဗျ။ စစ်အစိုးရကလည်း သိက္ခာရှိရှိနဲ့ ပြည်သူ့ဆန္ဒကို လက်ခံမယ်၊ လက်မခံဘူး ဆိုတဲ့ ကတိကဝတ်မျိုး တိုင်းသိပြည်သိ ကြေငြာသင့်ပေတယ်ဗျ။ နိုင်ငံသားတို့ သဘောတူနိုင်တဲ့ အခြေခံဥပဒေ ပေါ်ပေါက်လာတဲ့အထိ ရေးဆွဲပါရစေ ဆိုတဲ့အခြေအနေမျိုးကတော့ လက်ခံနိုင်ဖွယ်မရှိပေဘူး ဆိုတာကိုတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်ခင်ဗျ။
ဒီတော့ကာ လာမယ့်ဆန္ဒခံယူပွဲဟာ တရားမျှတမှုရှိမယ်၊ သမာသမတ်ရှိတဲ့ ဆန္ဒခံယူပွဲကော်မရှင် တစ်ခုခုရဲ့ ကြီးကြပ်မှုအောက်မှာရှိမယ်၊ ထွက်ပေါ်လာမယ့်ရလဒ်ကို သိက္ခာရှိရှိ လက်ခံမယ်ဆိုရင်တော့၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြုံးဝါးခဲ့သလို “သတ္တိရှိရင် ရွေးကောက်ပွဲ လုပ်ပေးလိုက်” လို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးလိုက်ပါရစေလား။
Tuesday, February 19, 2008
ရေဆန်
သမီးရေ …
ဂန္ထ၀င်ခရီးမှာ
နေခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။
ညဥ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်။
လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်။
မုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။
သမီးရေ …
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး …။ ။
(နှစ် ၅၀ပြည့် ကရင်တော်လှန်ရေး အထူးထုတ် သနူးထူးဂျာနယ်၊ ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁-ရက်)
ဖဒိုမန်းရှာရဲ့ ကဗျာတပုဒ်ပါ။ ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြပါတယ်။
ကိုညို
Thursday, February 14, 2008
ဝမ်းနည်းမှတ်တမ်း
၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ အထွေထွေအတွင်းရေးမှုး ဖဒိုမန်းရှာလဖန်းဟာ အမည်မသိ သေနတ်သမားနှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားခဲ့ရရှာပြီ ဖြစ်ပါတယ်ခင်ဗျာ။ စစ်အာဏာရှင်စနစ် လက်အောက်မှာ ပျက်စီးယိုယွင်းနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ဖို့အတွက် အဖိုးတန်တဲ့ ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပါတယ်။ တော်လှန်ရေး အစဉ်အလာကြီးမားပြီး၊ အမျှော်အမြင်ရှိတဲ့ ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာကျဆုံးမှုဟာ ကရင်တိုင်းရင်းသား တို့အတွက်သာမက ဗမာတိုင်းရင်းသားတို့အဖို့လည်း ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်ခင်ဗျာ။ ဖဒိုမန်းရှာ ကျဆုံးရခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင် ရပါတယ်ခင်ဗျာ။
ကိုညို
ု
Tuesday, February 12, 2008
ကိုင်း…ပြောစမ်းပါရစေ (၄)
လွန်ခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် သမိုင်းဘီး တစ်ပတ်လည်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်ခင်ဗျ။ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း မှတဆင့် မှာကြားလိုက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” ဆိုတဲ့ စကားပဲဖြစ်ပါတယ်ခင်ဗျ။ ဒီစကားဟာ မြန်မာတွေအတွက် သိပ်တော့မစိမ်းလှပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကလည်း အလားတူစကားမျိုးကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ဘိလပ်သွားပြီး အရေးဆိုစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်မျိုးထည်းသော စကားကို ဖခင်ဖြစ်သူ ဗိုလ်ချုပ် နဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့ပြောခဲ့ကြပေမယ့် လေသံအပြင်းအပျော့ ကွာခြားလှတာကို တွေ့ရပါသဗျ။
“ကျုပ်တို့ဟာ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါတယ်” ၁၉၄၇ခုနှစ်က ထွက်ပေါ်လာခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ကြုံးဝါးသံပါ။ အားမာန်အပြည့်နဲ့ ကြုံးဝါးလိုက်တဲ့ ဒီစကားသံမှာ၊ မြန်မာ့လွတ်လပ်ရေးအတွက် ရရာနည်းလမ်းနဲ့ ကြိုးပမ်းမယ်ဆိုတဲ့ သံဓိဌာန်ချထားသံ၊ သွားရောက်တွေ့ဆုံဆွေးနွေးရမယ့် ဘိလပ်အစိုးရကို တင်းတင်းမာမာနဲ့ ရာဇသံ ပေးလိုက်တဲ့အသံ၊ ပြည်သူလူထုကို “လာမယ့်ဘေး၊ပြေးတွေ့နိုင်စေဖို့” တပ်လှန့ှ်နှိုးဆော်သံတွေနဲ့ ပြည့်ဝနေပါတယ်ခင်ဗျ။ ဖခင်ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်စကားသံဟာ ကြားကြရတဲ့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဇာတိမာန် တဖွားဖွား ပေါ်ပေါက်လာစေခဲ့တယ်ဗျ။ မိမိတို့ရပိုင်ခွင့်ဖြစ်တဲ့ “လုံးဝလွတ်လပ်ရေး” အတွက် ရှေ့ လာမယ့်ဘေးမှန်သမျှကို ပြေးတွေ့ဖို့အတွက် အသင့်ဖြစ်နေစေပါတယ်ဗျ။ ပြည်သူလူထုဘက်ကလဲ ဘိလပ်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတဲ့ လူထုစည်းဝေးပွဲတွေ တခြိမ့်ခြိမ့် ကျင်းပပြီး အဆိုးဆုံးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ပြသခဲ့ကြတယ် မဟုတ်လား။
နှစ်ပေါင်း၆၀အကြာ ဒီနေ့ဒီအချိန်မှာ ဒီသမိုင်းဝင်စကားသံ ပြန်လည်ပေါ်ထွက်လာပါတယ်ခင်ဗျ။ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာတို့ကို “အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” လို့တိုက်တွန်းလိုက်ပါတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားသံမှာ၊ မတရားဖိနှိပ်မှုအောက်မှာ မလူးသာ၊မလွန့်သာ ဖြစ်နေတဲ့ လူထုကို အသိပေးလိုသံ၊ နီးကပ်လာနေပြီဖြစ်တဲ့ ဘေးဆိုးကြီးကို အသင့်ပြင်ရင်ဆိုင်နိုင်စေလိုသံတွေ ပြည့်နှက်နေပါတယ်ခင်ဗျ။ တစ်ခွန်းတည်းသော စကားဖြစ်ပေမယ့် တာသွားတဲ့ အတိုင်းအတာကတော့ ကွဲပြားလှကြောင်း တွေ့နိုင်ပါတယ်ဗျ။
ဒီလို အမျိုးသားခေါင်းဆောင်ကြီးနှစ်ဦးရဲ့ ပြည်သူလူထုကို တပ်လှန့်နှိုးဆော်သံ အပြင်းအပျော့ ကွဲပြားနေရခြင်းရဲ့ အခြေခံအကြောင်းရင်းကတော့၊ ရရှိတည်ဆောက်ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုရေချိန် အနိမ့်အမြင့် ကွာခြားမှုကြောင့်ပါဘဲခင်ဗျ။ ၁၉၄၇ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ အမျိုးသားစည်းလုံးညီညွတ်မှုရေချိန်ဟာ အထွတ်အထိပ်ရောက်နေခဲ့တယ် လို့ဆိုနိုင်ပါတယ်။ ဖဆပလ၊ ကွန်မြူနစ် အကွဲအပြဲတွေရှိခဲ့ပေမယ့် နှစ်ဖွဲ့ လုံးဟာ လုံးဝလွတ်လပ်ရေး ပန်းတိုင်ကိုသာ ဦးတည်ခဲ့တဲ့အတွက် ပြည်သူလူထုကြား အက်ကြောင်းမရှိခဲ့ပေဘူး။ စေ့စပ်ရေးဂိုဏ်းသားတွေဖြစ်တဲ့ စော၊စိန်၊မော် တို့ဟာလဲ လူထုကို တွေဝေယိမ်းယိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒီလို ပြည်သူတရပ်လုံးရဲ့ အုံးအုံးကျက်ကျက် ထောက်ခံအားပေးမှုကိုရရှိခဲ့တဲ့အပြင်၊ တိုးတက်သောနိုင်ငံရေးအင်အားစုများ စည်းစည်းလုံးလုံးရှိနေခဲ့တဲ့ အတွက်ကြောင့် ဖခင်ဗိုလ်ချုပ်ဟာ အခုလို ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်တာပါခင်ဗျ။
ဒီနေ့ဒီအချိန်မှာတော့ တိုးတက်တဲ့နိုင်ငံရေးအင်အားစုများကြား စည်းလုံးမှုရေချိန်ဟာ ထင်သလောက်မြင့်မားခြင်း မရှိပေဘူးဗျ။ ဒါ့အပြင် အခြေခံဥပဒေကိုထောက်ခံကြဖို့ လူထုကိုမဲဆွယ်နေတဲ့ စေ့စပ်ရေးဂိုဏ်းသားများ (ယနေ့အခေါ် တတိယလှိုင်းအုပ်စု) အသံတွေကလည်း ဟိုကဒီက ဆိုသလို ထွက်ပေါ်နေတယ်ဗျ။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်လှန့်သံမှာ မတရားဖိနှိပ်ခံနေရတဲ့ ဘဝကလွတ်မြောက်စေလိုတဲ့ စေတနာတွေ ယိုဖိတ်နေတာကို အထင်အရှား တွေ့မြင်နိုင်ပါတယ်ခင်ဗျ။
ဒီတော့ ကျနော်တို့ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှိုးဆော်သံအတိုင်း ရှေ့ လာမယ့်အဆိုးဆုံး အခြေအနေအတွက် အသင့်ပြင်ထားကြသင့်ပြီ ဖြစ်ပါတယ်ခင်ဗျ။ ဒီလို အသင့်ပြင်တဲ့နေရာမှာ အမျိုးသားရေးအတွက် ဆောင်ရွက်နေတဲ့ အင်အားစုတွေအကြား အရင်ကထက် စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဆောင်သင့်ပေတယ်။၊ သမိုင်းမှန်၊အဖြစ်မှန်တွေကို ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိမြင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းသင့်တယ်ခင်ဗျ။၊ စေ့စပ်ရေးဂိုဏ်းသားတွေရဲ့ အန္တရာယ် ကို လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချကြပြီး၊ ဒီလူတွေရဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေကို ပြတ်ပြတ်သားသား ချေမှုန်းကြသင့်ပါတယ်ခင်ဗျ။ ဒီလို မြန်မာ့ဒီမိုကရေစီရေးအတွက် အတူတူ ဆောင်ရွက်နေသူတွေအကြား ညီညွတ်မှုဒီရေ မြင့်တက်လာမယ့် မဝေးတော့တဲ့ တနေ့မှာ ကျနော်တို့ဟာ “ကျုပ်တို့ဟာ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါတယ်” လို့ ပြတ်ပြတ်သားသား ကြုံးဝါးနိုင်လာမယ် ဖြစ်ကြောင်း နမိတ်ဖတ်လိုက်ပါရစေလား။
ကိုညို
Thursday, January 17, 2008
ကိုင်းပြောစမ်းပါရစေ (၃)
ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး အရှိန်မြင့်နေဆဲ ကာလတစ်ခုမှာ ပြည်ပရောက် မြန်မာတွေကြား မေးခွန်းတစ်ခု ဂယက်ရိုက်ခဲ့တယ်ခင်ဗျ။ အဲဒါကတော့ “ငါတို့ဘာလုပ်နိုင်သလဲ၊ အခုဘာတွေလုပ်ကြမလဲ“ ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်ဗျ။ ၈၈အရေးတော်ပုံနောက် အကြီးမားဆုံး လူထုလှုပ်ရှားမှု အကြမ်းဖက်ဖြိုခွဲခံရပြီး အခုအချိန်မှာလည်း မေးခွန်းတွေ မေးနေကြဆဲပါ။ သေချာတဲ့အချက်ကတော့ ပြည်တွင်းမှာ လှုပ်ရှားမှု ပေါ်ပေါက်လာတဲ့ အခါကြမှ တုံ့ပြန်ခဲ့တဲ့ အတွက်ကြောင့် ပြည်ပအင်အားစုတွေရဲ့ ကူညီမှုဟာ ထိရောက်သင့်သလောက် မထိရောက်ခဲ့ဘူးဆိုတာပါပဲခင်ဗျ။
နိုင်ငံ့အရေး လုပ်ဆောင်ကြတဲ့ အင်အားစုများဟာ ပထမဆုံးအဆင့်မှာ အခြေခိုင်ခိုင်ရပ်တည်နိုင်ဖို့ ကြိုးပမ်းကြရပါတယ်။ ဒုတိယအဆင့်အနေနဲ့ မိမိရပ်တည်မှု ခိုင်မာလာတာနဲ့အမျှ အဖွဲ့အင်အား တောင့်တင်းလာဖို့ လူထုအကြားဆင်းပြီး လှုပ်ရှားကြရပါတယ်ခင်ဗျ။ နောက်ဆုံးအဆင့်ကတော့ မိမိတို့ရဲ့အယူအဆ၊ လမ်းကြောင်းကို တိုင်းသူပြည်သား အများစုက ထောက်ခံလာရင် အဆုံးသတ်အောင်ပွဲ ရယူဖို့ကြိုးပမ်းရပါတယ်။
ဒီနေရာမှာ ပြည်တွင်းအင်အားစုနဲ့ ပြည်ပအင်အားစု နှစ်ခုမှာ အဆုံးသတ် အောင်ပွဲကို ရယူပေးနိုင်တဲ့ အင်အားစုဟာ ပြည်တွင်းအင်အားစုသာ ဖြစ်ပေတယ်ဗျ။ ပြည်ပအင်အားစုဟာ ပြည်တွင်းအင်အားစုရဲ့ ကျောထောက်နောက်ခံသာဖြစ်တယ် ဆိုတာကို အရင်ဆုံး ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်ခင်ဗျ။ ဒီအတွက် အောင်ပွဲရယူပေးမယ့် ပြည်တွင်းအင်အားစုရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရာကြီးပွားကြောင်း အတွက် ဘက်ပေါင်းစုံကနေ ပံ့ပိုးသင့်ပေတယ်ဗျ။
အခုလိုကူညီပံ့ပိုးကြရာမှာ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်လေးတွေကတော့
၁။ ပြည်တွင်းအင်အားစုကို ရုပ်ဝတ္တု၊ငွေကြေး ထောက်ပံ့ခြင်း
၂။သမိုင်းမှန်၊ သတင်းမှန်၊ ပကတိအခြေအနေမှန်ကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခြင်း
၃။ ပြည်တွင်းအင်အားစုက အဆုံးသတ်အောင်ပွဲအတွက် လုံးပန်းနေချိန်တွင်၊ ပြည်ပအင်အားစုမှ ပြန်လည်ထူထောင်ရေးကာလ အတွက် ကြိုတင်ပြင်ဆင်တားခြင်း။
၎။ အထက်ပါ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော လူအများအကြား အညီအညွတ်ရှိစေခြင်း တို့ဘဲဖြစ်ပါတယ်ခင်ဗျ။
ဒီတော့ ကျနော်တို့ဟာ ပြည်တွင်းမှာ တစ်ခုခုဖြစ်မှ ထလုပ်ရှားကြမယ့်အစား၊ လူအများ ပေါ့ပေါ့ပါးပါးနဲ့ ပါဝင်လုပ်ဆောင်နိုင်မယ့် ယေဘုယျ လုပ်ငန်းစဉ်လေးတွေ အခုကတည်းက ချမှတ်ပြီး လုပ်သင့်နေပြီဖြစ်ကြောင်း အကြံပြုပါရစေလားခင်ဗျာ။
ကိုညို
Sunday, January 6, 2008
ကိုင်း…ပြောစမ်းပါရစေ (၂)
လွတ်လပ်ရေးနေ့အတွေး
နှင်းမြူတွေဆိုင်းနေတဲ့ ဇန်န၀ါရီလ နံနက်ခင်းတစ်ခင်းမှာ ပြည်သူ့လွှတ်တော်ရှေ့ လမ်းရှောက်နေရင်းနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်မိပါတယ်။ တက်သစ်စ နေခြည်နုအောက်မှာ ၀င်းပနေတဲ့ရွှေရောင်တွေဟာ မြူတွေကြားကထိုးထွက်ပြီး ဟိုတစ်စဒီတစ်စနဲ့ တလက်လက် တောက်ပနေပါတယ်။ တချိန်ထဲမှာပဲ အတွေးတစ်ခု ၀င်လာပါတယ်၊ လောကမှာ ရွှေရောင်ဓမ္မတရားစစ်ဆိုတာ အဓမ္မမြူခိုးတွေ ဘယ်လိုပဲ ကာဆီးထားထား အမြဲထွန်းလင်းနေဆဲဖြစ်ပြီး၊ အဓမ္မတရားဟာ တချိန်မှာတော့ ဖယ်ခွာရစမြဲ ဆိုတာပါခင်ဗျာ။
တစ်ဆက်ထဲ အင်္ဂလိပ်တို့ လက်အောက်က လွတ်မြောက်ခဲ့တာ နှစ်ပေါင်း၆၀ တိုင်ခဲ့ပါပကောလို့ တွေးလိုက်မိတယ်ဗျာ။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ကျနော်တို့မြန်မာတွေဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သလို လွတ်လပ်ရေးရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရသေးပါဘူးဗျ။ လူမှုရေး၊ စီးပွားရေး ယုတ်စွအဆုံး နေ့တဓူဝအရေး နယ်ပယ်တွေမှာ အာဏာပိုင်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ပြည်သူတွေဟာ မလူးသာ မလွန့်သာ ဖြစ်နေဆဲပါ။ ကိုယ့်ဘ၀ခရီးလမ်းကို ကိုယ်ပိုင်ပြဌာန်းချက်အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဖို့အတွက် ခက်ခဲနေဆဲပါခင်ဗျ။ အမှန်ပြောရရင် ကျနော်တို့တွေ မလွတ်လပ်သေးပါဘူး။
၁၈၈၅ခုနှစ် ပါတော်မူပြီး ကတည်းက မြန်မာတို့ဟာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်ဗျ။ တင်းကျပ်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေမှန်သမျှကို ချိုးဖျက်နိုင်ဖို့ အမြဲကြိုးစားခဲ့ကြတယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းတို့လှုပ်ရှားမှု၊ ပထမ ကျောင်းသားသပိတ၊် ဒို့ဗမာအစည်းအရုံးရဲ့ စည်းရုံးလှုပ်ရှားမှု၊ ဒုတိယ ကျောင်းသားသပိတ်၊ ၁၃၀၀ပြည့် အရေးတော်ပုံ အစရှိတဲ့ လှုပ်ရှားမှုတွေဟာ မတရားတဲ့ဖိနှိပ်ချုပ်ချယ်မှု မြူမှောင်တွေကြားက ပြတ်ပြတ်သားသား လင်းလက်လာတဲ့ ရွှေရောင်အလင်းတန်းများဘဲ ဖြစ်ပါတယ်ခင်ဗျ။
မြန်မာတို့ရဲ့ နိုင်ငံရေးအသိ၊ စည်းလုံးညီညွတ်မှုရေချိန် မြင့်မားလာတာနဲ့အမျှ လွတ်လပ်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး၊ ၉၁ဌာန အုပ်ချုပ်ရေး စတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ ညီညွတ်ရေးရေချိန် မြင့်မားလာနေတဲ့ မြန်မာတို့ကို ချွေးသိပ်ခဲ့ရတယ်ဗျ။ ဒီနေရာမှာ နယ်ချဲ့ တို့ပေးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အနှစ်သာရ စစ်မှန်မှု ကိုပြောလိုတာ မဟုတ်ပေဘူး။ အဖိနှိပ်ခံလူထု စည်းလုံးညီညွတ်မှုရှိလေလေ အုပ်ချုပ်သူတွေ အလျှော့ပေး လိုက်လျောရလေလေ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြလိုခြင်းသာ ဖြစ်တယ်ခင်ဗျ။ အမျိုသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာတို့ရဲ့ စည်းလုံးညီညွတ်မှု အထွတ်အထိပ်ရောက်ရှိခဲ့တဲ့အတွက် ၁၉၄၈ခုနှစ်မှာ လုံးဝလွတ်လပ်ရေး ရရှိခဲ့ပါတယ်။
အမျိုးသားစည်းလုံးမှု ပျက်ပြားခဲ့တဲ့အတွက် ၁၄နှစ်အကြာမှာ ရွှေရောင်တောက်ပခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဟာ အာဏာရှင်လူတစ်စု လက်အောက်မှာ ဆိတ်သုန်းခဲ့ရတယ်ဗျ။ မြန်မာပြည်ကို မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု သံကွန်ချာ ထပ်မံလွှမ်းမိုးခဲ့ရပြန်တယ်။ ကျနော်တို့ဟာ ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးများအတွက် ခေါင်းငုံ့မခံဘဲ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း တွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု တံတိုင်းကို ရိုက်ချိုးဖို့ ကြိုးစားခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပါတယ်ခင်ဗျ။ ဒါတွေဟာ စစ်အာဏာရှင် အုပ်စိုးမှု အမိုက်မှောင်အတွင်းက ပွင့်အံထွက်လာတဲ့ ပြည်သူတွေရဲ့ ရွှေရောင်သတ္တိတွေ ဖြစ်တယ်။
၁၉၈၈ခုနှစ်အရေးတော်ပုံမှာ ပြည်သူလူထုရဲ့ စည်းလုံးမှု အထွတ်အထိပ် ရောက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ တဆက်ထည်းမှာဘဲ မြန်မာပြည်ဟာ ပိုမိုနက်ရှိုင်းတဲ့ ဖိနှိပ်ချုပ်ချယ်မှု အမှောင်ထုအတွင်း ကျရောက်ခဲ့ရတယ်ဗျ။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို မဲပေးခဲ့ပြီး ပြည်သူ့ ဆန္ဒကို ရဲရဲဝံ့ဝံ့ ဖော်ပြခဲ့တယ်။ ၉၂ ကျောင်းသားလှုပ်ရှားမှု၊ ၉၆၊၉၈ ကျောင်းသားလှုပ်ရှားမှု နဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေဟာ စစ်အာဏာရှင်အုပ်စိုးမှု အမိုက်မှောင်အောက်က လွတ်မြောက်လိုတဲ့ ဆန္ဒကြောင့် ထွက်ပေါ်လာတဲ့ အလင်းတန်းတွေပဲ ဖြစ်ပါတယ်ဗျ။
၁၈၈၅ခုနှစ် ကတည်းက ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးဟာ အနှစ်၆၀ကျော် ကြာပြီးမှ ကျနော်တို့ရဲ့ ဘိုးဘွားတွေရဲ့ သွေးချွေးတွေပေးဆပ်ပြီး ရယူခဲ့ရတာပါ။ အဲဒီလိုပဲ ၁၉၆၂ခုနှစ်မှာ ပြန်လည်ဆုံးရှုံးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွေးရာပါအခွင့်အရေးတွေကို ပြန်လည်ရယူဖို့အတွက် ဖြတ်သန်းလာခဲ့ရတဲ့ လူထုလှုပ်ရှားမှုတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ လွတ်မြောက်ရေးပန်းတိုင်ဆီ အရောက်လှမ်းနိုင်မယ့် အချိန်ဟာ အကန့်အသတ်မဲ့ပါ။ အဲဒီ့အတွက် ကျနော်တို့တွေဟာ စိတ်ရှည်သည်းခံမှု၊ စည်းလုံးညီညွတ်မှု၊ တော်လှန်ရေးသတိ အစဉ်နိုးကြားနေဖို့ လိုအပ်ပါတယ်ဗျ။ ဒါ့အပြင် ပြည်တွင်း၊ပြည်ပ တော်လှန်ရေးအင်အားစုအတွင်း စည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်လာနိုင်တာနဲ့အမျှ မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ လွတ်လပ်မှုဟာ ဖုံးလွှမ်းထားတဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု အမှောင်တိုက်မှ ထွက်မြောက်လာနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။
ကျနော် အတွေးနက်နေတဲ့ အချိန်အတွင်းမှာဘဲ မျက်နှာမူရာမှာရှိတဲ့ ရွှေတိဂုံစေတီတော်ကြီးဆီက ရွှေရောင်အလင်းတန်းများဟာ ပိန်းပိတ်နေတဲ့ မြူတွေကြားက ဟိုနားဒီနားကနေ ထိုးဖောက်တောက်ပနေပါတယ်။ တဖြည်းဖြည်းချင်း ထွန်းလင်းလာတဲ့ နံနက်နေရောင်အောက်မှာ မြူခိုးတွေဟာ အလန့်တကြား ကွယ်ပျောက်နေပါပြီ။ ရွှေရောင်တွေ ၀င်းဝင်းလက်လက်နဲ့ တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကို ရွှေတောင်ကြီးအလား အဝေးက ဖူးမြော်လိုက်ရပါတယ်။ အဆုံးမှာတော့ ဤလောကမှာ ဓမ္မ ကသာ အနိုင်ရမြဲ မဟုတ်ပါလားခင်ဗျာ။
ကိုညို
Friday, January 4, 2008
လွတ်လပ် ရေး နေ့ အတွေးများ
ဒီနေ့ ကား ၂၀၀၈ ခုနှစ် ဇန္နဝါရီ လ ၊ ၄ ရက် နေ့ ၊ လွတ်လပ်ရေးနေ့ အခါသမယ တည်း ။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ က ကျွနုပ် တို့ ဗြိတိသျှ တို့ ထံမှ တခြားသော အာရှ နိုင်ငံ များ ထက် စောစွာ လွတ်လပ်ရေး ရခဲ့ လေသည်။ သို့ ရာ တွင် လွတ်လပ် ရေး နှင့် အတူ ပေါက် ဖွား လာ သော ပြည်တွင်း စစ် မီး ကို ကား အခု ထိ တိုင်အောင် မငြိမ်း နိုင်သေး ။ ဒီမိုကရေစီ အရသာ ကို ၁၀ နှစ်မျှ ခံစား ပြီး နောက် ၁၉၅၈ ခုနှစ် ၌ အိမ်စောင့် အစိုးရ ၊ ထို့ နောက် ၁၉၆၂ ခုနှစ် မှ စ၍ အာဏာသိမ်း စစ်အစိုးရ ၊ နောက်ပိုင်း ၁၉၇၄ ခုနှစ် ၌ အာဏာရှင် နာမည် ပြောင်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ လက်ထက် ၊ ၁၉၈၈ မှ ၍ နဝတ၊ နအဖ အမျိုးမျိုး ပြောင်း ခေါ် သော်လည်း အာဏာ ကို လက်မလွှတ်တမ်း ဆုပ်ကိုင်သွား မည့် စစ်အာဏာရှင် အစိုးရ ၊ စသည်ဖြင့် အာဏာရှင် အမျိုးမျိုး နှင့် ရင်ဆိုင် ခဲ့ ရ လေ သည်။ အစိုးရ အဆက်ဆက် ကို တော်လှန်သော သူပုန် များ က လည်း ( အရောင်အမျိုးမျိုး ၊ အယူဝါဒ အမျိုးမျိုး ၊ ခံယူချက် အမျိုးမျိုး ) ဖြင့် စုံခဲ့ လေ သည်။ တစ်ချို့ ဒေ သ များ တွင်ကား စစ်တပ် လည်း ကြောက် ရ ၊ သူပုန် လည်း ကြောက် ရ ၊ မြို့ ပေါ် လက်နက် ကိုင် များ လည်း ကြောက်ရ နှင့် လူထု မှာ ကျွဲ အုပ် များ ကြား မှ မြေဇာပင်များ သဖွယ် ဖြစ်ခဲ့ လေ သည်။ ယခုအချိန် အထိ နိုင်ငံအတွင်း မှာ ပင် စစ် ပြေး ရွာပုန်း ရွာ ရှောင် ဒုက္ခသည်များ ရှိ နေ သည်။ ဤသည်မှာ လည်း အား လုံး အသိပ င် ။
ကျွန်တော် တို့ နိုင်ငံ ဘယ် တော့ မှ လွတ်လွတ် လပ် လပ် နေ နိုင် မလဲ ။ လွတ်လပ် နေ တာ ပဲ ဟု ငြင်း နိုင် ပါ သည်။ ဟုတ် ပါ သည်။ စစ်အစိုးရ လက် ထက် တွင် ပညာ ရေး ၊ စီးပွားရေး ၊ နိုင်ငံ ရေး ၊ နိုင်ငံ တကာ နှင့် ဆက်ဆံ ရေး တွင် များ စွာ ကျဆင်း ခဲ့ သည် ။ ကမ္ဘာ့ အဆင်းရဲ ဆုံး တိုင်းပြည် တစ်ပြည် အဖြစ် သို့  ရောက် သွား သည်။ မကောင်းသည့် ဘက် တွင် အပေါ် ဆုံး မှ နေ သည့်  တိုင်း ပြည် ဖြစ်သွား သည်။ မကောင်းသည့်  ဝိသေသ များ စွာ ပိုင်ဆိုင် သော နိုင် ငံ တစ်နိုင် ငံ ဖြစ် လာ သည်။ စီးပွား ရေး ခြွတ်ခြုံ ကျ ခဲ့ သည်။ ငွေကြေး ဖောင်းပွ မှု က များ လာ သည်။ ဝင်ငွေ က သဘာဝ ဓါတ်ငွေ့ တစ်ခု တည်း လောက်လောက်လား လား ရှိ ပေ မယ့် တစ်ခြား နိုင်ငံ ၏ ပွဲစား လုပ် ခ တောင် မရှိ ၊ တောထဲတွင် မြို့ တော် တည် နေ သည်။ နန်းတော် များ ဆောက် နေ သည်။ ပြည်သူ့ အကျိုး စီးပွား တစ်ခု မှ မပါ ၊ ပြည့် သူ့  ဆန္ဒ တစ်ခု မှ မပါ ။ လွယ်သည်များ ကို ခက် အောင် လုပ် ၍ ၊ ခက် သည် များ ကို ပို ၍ ခက် အောင် လုပ် ပစ် သည်။ တိုင်း ပြည် ကို ရောင်း စား နေ သည့် ၊ အလွဲ သုံး စား လုပ် နေ သည့် အစိုးရ လက် ထက် တွင် လွတ်လပ် ရေး သည် အလကား ဖြစ် နေ သည်။
ည ၁၂ ကျော် လျှင် ဧည့် စာရင်း စစ် မည့် ရန် ကို ကြောက် နေ ရ သည်။ ခွေးဟောင် သံ ကြား လျှင် ကို ကြောက် နေ ရ သည်။ တလော က ဘုရား တက် လျှင် ကို မှတ်ပုံတင် ပြ ရ သည်။ ပြည်သူတို့ လွတ် လွတ်လပ် လပ် လုပ် ကိုင် ခွင့် ၊ အသက်မွေးဝမ်း ကြောင်း ပြု ခွင့် ၊ တောင် မရှိ သလောက် ဖြစ်နေ သည်။ ( လွတ်လွတ်လပ် လပ် ဆန္ဒ ပြ ခွင့် ကို ထား ဦး ) ။ ကျန်ခဲ့ သော အပတ် က စားသောက်ဆိုင်များ ဖွင့်ခွင့် ကို ပိုမို တင်းကျပ် မည် ဟု အမိန့် ထွက် လာသည်။ စားသောက်ဆိုင်များ က လူတွေကို အချိန် ကုန် ၊ ငွေ ကုန် ဖြစ်စေသည် ဆိုသော ကမ္ဘာကျော် မှာ ကြား ချက် ကို ရန် ကုန် မြို့ တော်ဝန် က ပြော ခဲ့လေ သည်။ တိုင်းပြည် စီးပွား ရေး ကောင်း ၍ လူတော် တော်များ များ တွင် အလုပ်အကိုင်များ ရှိ ပါ က ထိုလူများ ထိုဆိုင်များ တွင် သွား ရောက် ၍ အချိန်ဖြုန်း ကြ မည် လား ၊ အခြေခံ ပညာ တတ် လျှင် ပင် စဉ်းစား တတ် ပါ သည်။
ယခု အပတ် စိတ်ဝင်စား ဖွယ် သတင်းများ ထဲ မှ တစ်ခု မှာ - နွား ၆ ကောင် ဖြင့် လျှပ်စစ်မီး ထုတ် သော စက် ဖြစ် လေ သည်။ ရေးသည့် သတင်း ထဲ မှာ လည်း တစ် ကီ လို လျှင် ဝပ် နှစ် ထောင် ရှိ သည် ဟု ဆို ထားသေး သည်။ ပြီး တော့  စမ်းသပ် ပြ သည် ပစ္စည်း မှာ လည်း ကော်ဖီ Maker ဖြစ် နေ သည်။ ရန် ကုန် မြို့ မှာ တောင် အမှောင် ထဲ ထိုင် ၍ ခြင် ရိုက် နေ ရ သော ခေတ် ဖြစ် လေ ရာ ၊ တော ရွာ လေး တစ် ရွာ တွင် နွား တွေ က သွား နေ ၊ နောက်ချေး နံ့ တသင်းသင်း ၊ ဖုံ တထောင်းထောင်း နှင့် ၊ ကော်ဖီ Latte သို့ Expresso ကို သူတို့ စမ်းသောက် နေ သည် ကို ကျွန်တော် စဉ်းစား ကြည့်မိသည်။ အခု အပတ် ရဲ့ ရီ စရာ တစ်ခု ဖြစ် လေသ ည်။ သူတို့ ရွာ တွင် နွား များ ညဘက် OT ဆင်းရ မည့် အရေး ကို လည်း တွေးပူ မိ သည်။
ကျွန်တော် တို့  မျက်စိ ရှေ့ မှာ တွင် မအောင်မြင်သော ပရိုဂျက် တို့ အများ ကြီး ပင် ။ ဗခ ခင်ညွှန့် လက် ထက် လှေ ပြိုင် ပွဲ တွေ လုပ် သည် ။ တော နယ် များ မှ ၊ ရွာဦးကျောင်း များ အောက် တွင် မနာ အောင် ထား ကာ တစ်နှစ် မှ တစ်ခါ သာ ထုတ် သော ပြိုင်လှေ များ ကို သယ် ချ လာ သည်။ ထို့ နောက် နှစ် အနည်း ငယ် သာ လုပ် ပြီး ၊ ချောင်ထိုး ထား လုပ် ကြသည်။ ထို့ နောက် လှေ များ မှာ ရန် ကုန်သို့ ရောက် ပြီး နှစ် မကြာ မီ ၊ ကိစ္စ ချော သွား ကြ လေ သည်။
ထို့ နောက် သစ်စိမ့် ဆီ ဆို ၍ တစ်နိုင်ငံ လုံး စိုက် ကြ သေး သည်။ TV မှ လွှင့် ၍ သူထက် ကောင်း တာ ဘာ မှ မရှိ သည့် ပုံ စံ ပြော ကြသည်။ ပြီး တော့ လည်း ပြီး သွား တာ ပါ ပဲ ။ နောက် တော့ ကြက်ဆူဆီ ၊ စိုက် ကြ ဟေ့ တစ်နိုင်ငံ လုံး ၊ ကြာတော့ လည်း ပြီးသွား မှာ ပါ ။ သူတို့ က တော့ စမ်းပြ ပါ သည်။ ကြိတ်စက် နှင့် ကြိတ် ၊ ပိတ်စိမ်းပါး နှင့် စစ် ပြီး ဒီ ဇယ် ဆီ နှင့် ရော မောင်း ပြ သည်။ အိုကေ ။ ဗိုလ် ချုပ်ကြီး ပြန် သွား ပြီး ထိုစက်များ နော်ဇယ် များ ဆေး ၊ တစ် ချို့  ဖြုတ်လဲ လိုက် ရ သည်။ ၁၀ တန်း လောက် အောင် လျှင် စဉ်းစားတတ် ပါ သည်။
ဒါတွေ က သိသာထင်ရှား သော အချက် တွေ ပါ။
ကျွန်တော် အတွေး တွေ စုံသွား သည်။ ဒါ ဒီ နေ့ တွေးမိ တာ လေး တွေ ပါ။ နောက် များ ကျ မှ ပဲ …….။
Friday, December 28, 2007
ဘူတို့အတွက် ဝမ်းနည်းခြင်း နှင့် ဒေါ်စုအတွက် စဥ်းစားခြင်း
မနေ့ က ဘနေဇာ ဘူတို လုပ်ကြံ ခံလိုက် ရ သည်။ အခု အချိန် အထိ မည်သူ့ လက်ချက် ဖြစ်ကြောင်း ဝန်မခံ ကြ သေး ။ ကြားကြားရချင်း ကျွန်တော် ကြက်သေသေ သွား သည်။ပြီး တော့ ဒေါ်စု အတွက် စိတ်ပူ မိ သည်။ ဒေါ်စု နှင့် ဘူတို က သမိုင်း နောက် ခံ ခြင်း ဆင်ဆင်တူ လေ သည်။ ဖခင်တို့ လုပ်ကြံ ခံ ရ ၊ ပြိုင်ဘက် တို့ က မတရား အမှု ဆင်ခံ ရ လေ သည်။ အောက်စဖို့ တွင် အတူတူ ပညာ သင်ကြား ဖူး လေ သည်။ အာဏာရှင် စစ်အစိုးရ နှင့် ရင်ဆိုင်နေ ရ သည်။ ပါကစ္စတန် ပြည်သူ တို့ သာ သည် က သူတို့ က နိုင်ငံရေး သွေးဆူ သည် ။ ပို၍ နား လည် သည်။ ဗမာ တို့ က ပို၍ ကြောက် ကြ သည် ။ သွေးအေး သည် ။ ပို၍ ကောက်ကျစ် ကာ ပြည် သူ တို့ ၏ အကြော ကို ကောင်းကောင်း သိ နေ သော အာဏာရှင် အစိုးရ နှင့် ရင်ဆိုင် နေ ရ သည်။
ပြီး တော့ ပါကစ္စတန် တွင် နိုင်ငံရေး ပြိုင် ဘက်များ အပြင် ၊ အကြမ်းဖက် သမား များ ရှိ နေ သည်။ မြန်မာ ပြည် တွင် ကား နိုင်ငံရေး ပြိုင်ဘက် ကား သိပ် မရှိ လှ ဘဲ ၊ အင်မတန် ဆိုး ရွား လှ သော စစ်အစိုးရ က ဗိုလ် ကျ စိုးမိုး လျက် ရှိ သည်။ တောတွင်း လက်နက် ကိုင် တို့ ကို အချိန် မရွေး မြို့ ပေါ် ခေါ် လာ က အခြေအနေ ကို ရှုပ်ထွေး အောင် လုပ် ၍ ရသည်။ စစ်အစိုးရ က ဦးစီး ၍ ဒေါ်စု ကို နှစ်ကြိမ် တိုင် တိုင် လုပ် ကြံ ရန် ကြိုးစား ပြီး ပြီ ။ ( အတည်ပြုချက် များ ၊ တရား ဥပဒေ အရ စုံစမ်း စစ်ဆေး ခြင်း မရှိ သော်လည်း လယ်ပြင်တွင် ဆင်သွား သလို ထင်းထင်း ကြီး ဖြစ် နေ သော ကြောင့် ရေး ပါ သည် ။ )
ကျွန်တော် တို့ ပြည် သူ လူထု ဘက် က စိုးရိမ် ရ သည် မှာ ဒေါ် စု ကို ဟန် ပြ လွှတ် ပေး ၊ ဒေါ်စု က လည်း နယ် သို့  ဆင်း ၍ စည်း ရုံး ရေး ထွက်မည်။ တစ်ဘက် က လည်း ဆွေးနွေး ပွဲ များ ဆက် လုပ် နေ မည်။ တစ် ဘက် က စွမ်း အား ရှင် များ နှင့် ၊ လူထု ၊ NLD ပြဿနာ ကြီးထွား လာ အောင် လုပ် မည်။ စွမ်းအား ရှင် များ ၊ မြို့ပေါ် လက်နက် ကိုင် များ ၊ ကို ခိုင်း ၍ ဒေါ် စု အား လုပ်ကြံ ခိုင်း ၍ မရ ပြီ လော ။ ဒီပဲယင်း ကိစ္စ ကို တောင် ပြောင်ပြောင် တင်းတင်း လုပ် ရဲ သော ၊ ဘုန်း ကြီး ကျောင်း များ ကို တောင် သူပုန် စခန်း ဝင်စီး သလို ဝင် မွှေ သော သူ တို့ သည် မလုပ် ရဲ စရာ အကြောင်း မရှိ ပေ ။
ကျွန်တော် တို့ ပို ၍ နိုင်ငံ ရေး သတိ ပို ရှိ ရ ပေ မည် ။ ပို၍ စည်းလုံး သင့် ပါ သည်။
96gen:
Wednesday, November 28, 2007
ပြောကြည့်ရ အောင် ၅
ကြည့်ရတာ တော့ ထော်လော်ကန့်လန့် ဗျ ။ ကြာလည်း တော် တော် ကြာခဲ့ ပါ ပြီ ။ ဗခ ခင်ညွှန့် တို့ လက်ထက် ကတည်း က ပါ ။ စင်္ကာပူ ဝင်လည် ၊ သံရုံး ဝင် သြဝါဒ ပေး ။ ကျွေးတာစား ၊ ပေး တဲ့ လက် ဆောင် ယူ ( တွင်း ၁ အဆင့် ဆိုတော့ လည်း နည်း လို့ တော့ မရ ဘူး လေ ) ။ အဲ … အကန်တော့ ခံ ကြ တာ လေ။
အခု လည်း ပုံ ကြည့် ရ တာ ကို က တော် တော် မခံချင် စရာ ဗျ ။ သံမှုး နဲ့ ဝန်ထမ်းေ တွ က အောက်က ထိုင် ၊ သူတို့ က အပေါ် က ၊ ဘယ် သူ လက် ထက် ကတည်း က စခဲ့ သလဲ မသိ ။ သူတို့ တွေ က ဘုရင် စိတ် ပေါက် ပြီး လက် အောက် က လူ တွေ ကို လူတွေ လို့  ကို မမြင်တော့ တာ ။ ဟိုး အရင် ကြပ် ပြေး မင်း တ ရား ကြီး ရန်ကုန် မှာ စံ နေ တုန်း က တည်း က မိသားစု နဲ့ တိုင်း ခန်း လှည့်လည် တဲ့ အခါ ကြို ဆို တဲ့ လူ တွေ ကို လက်အုပ် ချီ ခိုင်း ၊ ဘာမှ မသိ သေး တဲ့ ကလေး တွေ ကို ထိုင် ရှိ ခိုး ခိုင်း ခဲ့ ပါ တယ်။ တစ်ခါတစ်လေ လည်း ကြက်တူရွေး က တော်တော် မယ် ဘော် က ကဲကဲ ဆို တာ တွေ လည်း ရှိ ပါ တယ်။ ကိုယ့် ရာထူး မြဲ အောင် လျှောက် လုပ် ကြတာ တွေ လေ။ အောက် ဆုံး က လူ တွေ ( အထူး သဖြင့် ဝန်ထမ်း တွေ ပေါ့ ) ဆို ပိပြီး ပြား နေ အောင် ကို ငြိမ်ဝပ် ခဲ့ ရ တာ ပါ ။
ဒါ တွေ ဘယ် တော့ အဆုံး သပ် မလဲ။ နောက် တက် မယ့် အစိုး ရ လက် ထက် ( မျှော်သာမျှော် ဘယ် တော့ မှန်း မသိ) မှာ လည်း ဒါ တွေ ကို ထိန်းသိမ်း ထား မှာ လား ။ တော် တော် တော့ ပြင် ရ ပါ ဦး မယ်။ ဗမာ ဆို တာ က ထုံး စံ က လည်း ရှိ သမို့ လား ။ ဘာမှ မသိ သေး တဲ့ ဗြိ တိ သျှ တွေ ကို ဘုရား စ ထူး ခဲ့ လို့ အရသာ တွေ့ ပြီး ကျုပ် တို့ တစ် မျိုး သား လုံး လူမျိုး ခြား ကို ဘုရား ထူး ခဲ့ ရ တာ မဟုတ် လား ။ မကြိုက်ပေမယ့် ယိုးဒယား တွေ လက်အုပ်ချီ တယ် ဆို တာ က အပြန်အလှန် ချီ ကြ တာ မဟုတ် လား ။
“ ပြည်သူလူထု သည် ကိုယ့်နဲ့ ထိုက် တန် သော အစိုး ရ ကို သာ ရ သည် ” ဆိုတဲ့ အဆို ကို ကြား ခါ စ က တော်တော် ခံပြင်း တာ ဗျ ။ ကျုပ် က တော့ ပြန် ငြင်း တဲ့ ဘက် က ပေါ့ ဗျာ ။ “ဟေ့ ဟစ် တ လာ ကို ဘယ် သူ က မှ ဖိတ်ခေါ် ခဲ့ တာ မဟုတ် ဘူး ကွ ။ အာဖရိက က အာ ဏာ ရှင် တွေ ကို ဘယ် သူ က မှ လက်ခံ တာ မဟုတ် ဘူး ကွ ။ လက် တစ် ဆုပ် စာ သူ့ လူ တွေ နဲ့ လက်သပ် မွေး အဖွဲ့ အစည်း တွေ က သာ ချယ် လှယ် သွား ကြ တာ ကွ ” ဆို ပြီး ပြန် တွယ် ခဲ့  တာ ချည်း ပဲ ။ ကြာတော့  လည်း ကိုယ့် ပေါင် ကိုယ် ပြန် လှန် ထောင်း ချင် စိတ် ပေါက် တာ ပေါ့ ဗျာ ။ တစ်ကယ် တော့ လည်း သမိုင်း ကို ပြန် ကြည့် တော့ သူတို့ တွေ က တော် တော် အမြစ် ဆွဲ အောင် လုပ် ခဲ့ တော့ နုတ်ရ အတော် ခက် သဗျို့ ။ အင်အား ကြီး နိုင်ငံခြား အကူအညီ မရ ပဲ ပြုတ်ကျ တယ် ဆို တာ မရှိ ဘူး ဗျ ။ ( ဖတ် ရ ဘူး သလောက်ပါ ။ ) ကိုယ့် လူ တွေ က လည်း ညီ ၊ ပြင်ပ အကူအညီ က လည်း ပါ မှ ပွဲ က မြန်မြန် ပြတ် မှာ ပါ ။ နို့မို့ က တော့ သားစဉ်မြေး ဆက် စစ် ကျွန် ဖြစ် ရ တော့ မှာ ပါ ။ ကျုပ် သူငယ် ချင်း ထဲ မှာ လည်း တစ် နေ့ ဗမာ ပြည် ပြန် ချင်တယ် တာ ပြော နေ တယ် ။ ခေတ် ပြောင်း ဖို့ တိုး တိုး တိတ်တိတ် တောင် အား မပေး ရဲ (အလှု ခံ မထည့် ရဲ ) တဲ့ လူ တွေ ရှိ သေး တယ် ဗျာ ။ ဒီ လူ တွေ နဲ့ တော့ သေ တာ တောင် ပြန် ရ မှာ မဟုတ် ဘူး ။
အခုတလောတော့ ဗျာ ။ မူရှာ ရက် ဖ် ကြီး အမြီး ကုတ် သွား တာကို သဘောကျ သဗျာ ။ ဘာ တွေ ဆက် ပြီး ဖြစ် မ လဲ ဆို တာ ကို ပဲ ကြည့် ရ ဦး မယ်။ သူ့ လူ တွေ က လည်း ညီ ကြ သ ကိုး ဗျ ။ သူ့ နိုင်ငံ ဥပမာ ကို ယူ သင့် ရင် ယူ ရ မယ် ဗျာ ။ သူ့ ကို တော့ သူ့ နိုင်ငံ က လူ တွေ ကျေး ဇူး တင် ရ မှာ ပါ ။ တိုင်း ပြည် မနာ အောင် ၊ တိုင်း ပြည် ကို ချောက် ထဲ ဆွဲ မချ သွား လို့ လေ ။ ကျုပ် တို့ ဆီ မှာ က တော့ လက် တစ်လုံး အလို ၊ နှစ်လုံး အလို ပြော ပြီး ချောက် ထဲ ဆွဲ ချ သွား တဲ့ လူ တွေ ချည်း ပဲ ။ အဲ …မူရှာရက်ဖ် က သန်း ရွှေ လောက် မရက်စက် တတ် တော့ မထိန်း နိုင်ဘူး ဗျ ။ ဘာ တဲ့ ….“ ကြွေး ကျန် မထား နဲ့ ၊ ဓါး နဲ့ ပြတ် ရင် ဓါး နဲ့ ဖြတ် ” ဟုတ် လား ။
Friday, November 23, 2007
ကိုင်း…ပြောစမ်းပါရစေ
ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ “ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုတဲ့ အခန်းဆက် ဆောင်းပါးရှည်ကြီးကို သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ ကျနော် စွဲစွဲလမ်းလမ်းနဲ့ ဖတ်ခဲ့ရပါတယ်။ ၈၀ပြည့်လွန်နှစ်ကာလ ဖြစ်ပျက်မှုတွေအပေါ်မှာ ဆရာမကြီးရဲ့ သုံးသပ်ဝေဖန်ချက်တွေဟာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံထားပြီး ပုဂ္ဂလိကခံစားချက်တွေ ရောယှက်ထားတဲ့အတွက် ဝေဝေဆာဆာရှိလှပါတယ်ခင်ဗျ။ အဲဒီ့လိုပဲ ယနေ့မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ကျနော့်ရင်ထဲက ပွင့်ကျလာတဲ့ ခေတ်ပြိုင်ခံစားချက်တွေကို ဆရာမကြီးရဲ့ လေသံလေး မဝံ့မရဲလေးဖမ်းပြီး “ကိုင်း…ပြောစမ်းပါရစေ”လား။
အခုတလော မြန်မာနိုင်ငံမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်ခင်ဗျ။ ကုလသမဂ္ဂ လက်ထေက်အတွင်းရေးမှူး ဂန်ဘာရီ တစ်လအတွင်း ဒုတိယအကြိမ် ရောက်လာခဲ့တယ်။ နောက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ပင်ညဲရိုး ရောက်ခဲ့တယ်ခင်ဗျ။ စက်တင်ဘာ ဆန္ဒပြပွဲတွေမှာ ရက်ရက်စက်စက် အကြမ်းဖက်ခဲ့တဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခဲ့တယ်ဗျ။ တစ်ချိန်ထည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ဆွေးနွေးပွဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ၃ဦးတို့ရဲ့ဆွေးနွေးပွဲတွေ ဖြစ်ခဲ့တယ်။ အဲဒီလို အခြေအနေတွေအပေါ်မှာ အပြုသဘော ရှုမြင်သုံးသပ်မှုတွေရှိနေကြတယ်ခင်ဗျ။
ဒါပေမယ့် အခုလို အပြုသဘောဆောင်တဲ့ သုံးသပ်မှုတွေကနေ အားကိုးတကြီး မျှော်လင့်မှုဖြစ်မလာဖို့ လိုတယ်ဆိုတာကိုတော့ လက်တို့ပြီးပြောပါရစေဗျ။ ပြီးခဲ့တဲ့ ဒုတိယအခေါက်မှာ ဂန်ဘာရီတစ်ယောက် အဆင့်အမြင့်ဆုံးဆိုလို့ နအဖ ဝန်ကြီးချုပ်နဲ့ပဲ တွေ့ခွင့်ရခဲ့တာပါ။ ဂန်ဘာရီ တစ်ကယ်တန်း ဆွေးနွေးခဲ့ရတဲ့သူကတော့ ပြန်ကြားရေးဝန်ကြီး ဗခကျော်ဆန်း တို့အဖွဲ့ပါ။ ဗခကျော်ဆန်းကတော့ သူတို့ဟာ နအဖရဲ့ Mandate ရထားတယ်လို့ ကြေငြာပြီး ဘယ်နည်းနဲ့မှ ပြည်ပစွက်ဖက်မှုကှို လက်မခံနိုင်ဘူးလို့ ကြိမ်းဝါးသွားလေရဲ့ အင်း…အမျိုးသားရင်ကြားစေ့ရေးကတော့ အားရစရာပါပဲဗျ။ ရင်ကြားကို ဒါးထောက်ပြီးစေ့ရင် ရင်ကွဲယုံပဲ ရှိမှာပါလို့ပဲ ပြောချင်ပါတယ်ခင်ဗျ။
နောက်ပြီး နအဖရဲ့ Mandate ရထားတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ သာမန်ဝန်ကြီး အဆင့်သာရှိတဲ့ ဗခကျော်ဆန်းပါ။ ဒီလိုပြောလို့ တမင်နှိမ်ပြောတယ်လို့ မထင်စေချင်ပါဘူးဗျ။ ၈၈မှာ နိုင်ငံတော်အာဏာသိမ်းခဲ့တဲ့အဖွဲ့ဟာ နဝတ တဖြစ်လဲ နအဖအဖွဲ့ပဲ ဖြစ်ပါတယ်ခင်ဗျ။ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို နအဖအဖွဲ့ကပဲ ချမှတ်နေတာပါ။ ဝန်ကြီးအဖွဲ့ ဆိုတာ နအဖရဲ့ ချမှတ်ထားတဲ့ အမိန့်တွေကို အကောင်အထည်ဖေါ်ရတဲ့ အဖွဲ့သာဖြစ်တယ်ဗျ။ ဒါအပြင် ဝန်ကြီးဆိုသူတွေဟာ နအဖအဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။ ယခင့်ယခင်ကာလများတုံးက ဆွေးနွေးမှုတွေကို ကိုင်တွယ်ခဲ့တဲ့ တွင်း(၁) လောက်တောင် အဆင့်မမြင့်တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ လက်ရှိဆွေးနွေးရေးအဖွဲ့ကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အစိုးရရဲ့ အလေးထားမှုကိုတွေ့ နိုင်ပါတယ်ခင်ဗျ။
တဖန် မကြာခင်ကာလအတွင်းက စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အရာရှိချုပ် ဒုဗခကရဲမြင့် နယ်စပ်တခို လှည့်လည်ပြီး ငြိမ်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်။ ဒါတွေဟာ စစ်အစိုးရရဲ့ နည်းဗျူဟာမြောက် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်ခင်ဗျ။ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် အပစ်ရပ်အဖွဲ့တွေရဲ့ သဘောထားကို တီးခေါက်ကြည့်တာဖြစ်တယ်။ တချိန်တည်းမှာပဲ ပြည်တွင်းနိုင်ငံရေးကစားကွက်မှာ ဘေးကျပ်နံကျပ် ကြုံရမယ့်အဖြစ်ကို ရှောင်ချင်ပုံရပါတယ်။ အခုဆိုရင် ပြည်တွင်းစာနယ်ဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေငြာချက်ကို တိုင်းရင်းသားအဖွဲ့ တွေရဲ့ ကန့်ကွက်ချက်တွေ ဖော်ပြလာပါတယ်ဗျ။ ဒီလှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် နအဖစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ သံသယဝင်ဖွယ် ဖြစ်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ်ဗျ။
ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဂန်ဘာရီက မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို လာရောက်ရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အာဆီယံအဖွဲ့က လက်မခံခဲ့ပါဘူး။ မြန်မာစစ်အစိုးရဝန်ကြီးချုပ်က ကန့်ကွက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်ဗျ။ အာဆီယံအဖွဲ့ကလည်း အလွယ်တကူပဲ လိုက်လျောခဲ့ပါတယ်။ ကျနော်တို့ ဗုဒ္ဓမြတ်စွာ ဟောထားတာက အမှန်တရားဆိုတာ အချိန်မရွေး၊ နေရာမရွေး မှတ်ကျောက်တင်ခံနိုင်ပါတယ်တဲ့။ အင်း တချို့ အမှန်တရားတွေကတော့ အချိန် နဲ့ နေရာ ရွေးပုံရတယ်ခင်ဗျ။
အခုလို အထက်ကဖော်ပြခဲ့တဲ့အချက်တွေကို သေသေချာချာ လေ့လာကြမယ် ဆိုရင် မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ ရှေ့ နောက်မညီကြောင်း တွေ့ရမှာဖြစ်ပါတယ်ခင်ဗျ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးဖို့ ညှိနှိုင်းနေတဲ့ကာလအတွင်း ဆက်လက် ဖမ်းဆီးထားဆဲပါဗျ။ ဒါတွေဟာ စေတနာမမှန်သေးတဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ယနေ့မြန်မာပြည်မှာ ဖြစ်ပေါ်မှုတွေဟာ အပြုသဘောဆောင်ပေမယ့် အထူးသတိပြု စောင့်ကြည့်ရဦးမယ့် အခြေအနေမှာပဲ ရှိနေဆဲဖြစ်ကြောင်း အလေးအနက် ပြောလိုပါတယ်ဗျာ။
ကိုညို
( ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရဲ့ မြန်ပြည်အရေး သုံးသပ်ချက် တွေ ပါ ။ ဆက်လက်ပြီး အပတ်စဉ် ထွက်လာ ဖို့ မျှော်လင့်ပါတယ်။ )
Monday, November 12, 2007
ရွှေတိဂုံ ဘုရား နှင့် တိုပါးယိုး ဘုန်းတော်ကြီးကျောင်း
တလောက ရွှေတိဂုံ ဘုရားဂေါပက က “ မည်သူမဆို မှတ်ပုံတင် ယူလာရန် ” ကြေညာထားသည် ကို ဘလော့များ တွင် တွေ့လိုက် ရ သည်။ မနေ့ က လည်း စင်္ကာပူ တိုပါးယိုး ဘုန်းတော်ကြီး ကျောင်းတွင် “ဘုရား ဝတ်ပြုခြင်း နှင့် တရားထိုင်ခြင်းမှ အပ မည်သည့်အမှု ကိစ္စ များ ဆောင်ရွက်သည် ကို ခွင့်မပြု ပါ ” ဟူသော ကြေညာချက် ကို တွေ့ ရ လေ သည် ။ အလို ….ဘာ တွေ ဖြစ် ကုန် ပြီ လဲ ။ တော် သေး သည်။ ဘုန်းကြီး ကျောင်း သို့  လာ လျှင် IC တစ်ပါ တည်း ယူ လာ ရန် မပြော တာ ။ တာဝန်ရှိ သူ တို့ စိတ်ချင်း ဆက်စပ် နေ ကြ ဟန် တူ သည်။
မြန်မာ တို့ အဖို့ ဘုန်းတော်ကြီး ကျောင်းများ သည် လူမှု ရေး ၊ ဘာ သာ ရေး အတွက် စုဝေး ရာ ဖြစ် သည်။ စင်္ကာပူ အတွက်မူ တိုပါးယိုး ဘုန်းကြီး ကျောင်း သည် ခေတ္တ မြန်မာပြည် ပြန်ရောက် သွားသလို ခံ စား ရ သော နေရာ ဖြစ်သည်။ ပင်နီဆူလာ ပြီး လျှင် ဒုတိယ အများ ဆုံး ဆုံရပ်၊ အချိန်းအချက် ပြု လုပ် ရာ နေ ရာ ဖြစ် သည်။ သို့ အတွက် မြန်မာ ပြည် ကို ချစ် သော မြန် မာ များ ၊ မြန်မာ ပြည် နှင့် ပက်သက် သော ကိစ္စ များ ဆောင်ရွက် ရာတွင် ဘုန်းတော် ကြီး ကျောင်း တွင် စုဝေး ကြ ၊ ဆုံ ဆည်း ကြ သည် မှာ လည်း မဆန်း ပေ ။
ကျွန်တော်တို့ ကျောင်း သား ဘဝ က အင်္ကျီဖြူ ဝတ်၍ ရွှေတိဂုံ ဘုရားသို့ တက်လေ့ရှိ ခဲ့ သည်။ အခု အချိန်ဆိုရင် ဘယ်လောက်များ မျက်စိဒေါက်ထောက် ကြည့်လိမ့်မည် လဲ။ ဘုရား၊ လူ ငယ် ၊ အင်္ကျီ အဖြူ ၊ ကချင် ပုဆိုး သည် နအဖ အတွက် တွဲဖက် ၍ ကြည့်မရ သော အရာ များ ဖြစ် လေ ပြီ ။ ဤ စင်္ကာပူ တွင်လည်း ၊တိုပါး ယိုး ဘုန်း ကြီး ကျောင်း တွ င် လည်း မြန် မာ ၊ အင်္ကျီ အနီ ၊ ဒေါ် စု တီ ရှပ် ၊ ငါးယောက် ထက် ပို သော စု ရုံး မှု မရတော့ ပြီ လား ။
မနေ့ က သူငယ် ချင်း တစ် ယောက် က လှမ်း ၍ သတိပေး သည်။ “ဟေ့ကောင် ဘုန်းကြီး ကျောင်း သွားတာ ကြည့်သွားဦး ။ ရန် ကုန် က နွား တွေ က ဒါ တွေ နား လည် တာ မဟုတ် ဘူး ။ အလုပ် တွေ ရှုပ် ကုန် မယ်။ ” ကျွန် တော် စိတ်မကောင်း ပါ။ ကျွန် တော် အခါ ကြီး ရက် ကြီး များ တွင် ဘုရား ၊ ဘုန်း ကြီး ကျောင်း သွားချင်စိတ် မရှိ ပါ ။ လူ များ ၍ ဘုရား တရား အာ ရုံ မပြု နိုင် ပါ။ သို့ ပေမယ့် မြန်မာ စားစရာ များ တစ်နေရာ တည်း တွင် တစ်စုတစ်ဝေး တည်း စားဖို့ ကို တော့ စိတ်ဝင်စား ပါ သည်။ ဘုန်းကြီးကျောင်း ကို တောင် အခါ ကြီး ရက်ကြီး များတွင် သွား ရောက် ရန် မဖြစ် နိုင် တော့ ဘူး လား ။ ရန် ကုန် က လူ များ ရွေ တိ ဂုံ ဘု ရား ကို လွတ်လွတ် လပ် လပ် သွား ရောက် ဖို့ မဖြစ်နိုင် တော့ ဘူး လား ။
ကျွန်တော် နည်း နည်း ကြောက်တတ် ပါ သည် ။ သို့ သော် လည်း ကြောက် ၍ မသွား ရင် လည်း ကို ယ့်  အခွင့်  အရေး ဆုံး ရှုံး မည်။ ကိုယ့်  လွတ် လပ် ခွင့် ဆုံး ရှုံး မည်။ ကျွန်တော် သွားပါ သည်။ ထို့ အပြင် ကြောက် ၍ မသွား လျှင် သူရို့ အကြံ အောင်မည်။ နအဖ ၏ ခြိမ်းခြောက် မှု သည် စင်္ကာပူ အထိ အာ ဏာ သက် ရောက် မှု ရှိ သ လား ။ ဤ အချိန် တွင် မြန်မာ တို့ ပို၍ စည်း လုံး မှု ပြ ရမည်။ ပွဲ တွေ များများ လုပ်ပြ ရ မည်။ မြန်မာ များ အား လုံး ပြိုင်တူ ဝိုင်းတွန်း ရ ပါ မည်။ သို့မှ သာ ရွေ့ ပါ လိမ့် မည်။
မိတ်ဆွေ ၊ သင့် အိမ် ရှေ့ က ရေ မြောင်း ပိတ် နေ လည်း နိုင်ငံရေး ဟု ယူဆ ပါ သလား ။ သဘော တူ ပါ က ယခု သင့် အိမ်ရှေ့  က ရေ မြောင်း ပိတ် ၍ နေ လေ ပြီ ။
Friday, November 9, 2007
ပြောကြည့် ရ အောင် ၎
ဂမ်ဘာရီ တော့  ပြန်သွား ပြန်ပါ ပြီ။ ကျော်ဆန်းရဲ့ အကြိမ်းအမောင်း ကိုလည်း ခံလိုက်ရ သေးသည်။ ခင်ဗျား ပြန်သွား ရင် အခြေအနေတွေ က ပို ဆိုး လာတယ်။ ကျုပ်တို့ ကတော့ ဘယ်သူမှ ဂရု မစိုက် ဟု ပြော လိုက် လေ သည်။ ကုလ ကို တောင်ဘေး ထွက် နေ ရန် ခြိမ်းခြောက်လိုက်သေးသည်။ ကျွန်တော် ပြောရင်းဆိုရင်း အာဏာရှင် အီ ဒီ အာမင် ကို သွား သတိရ သည်။ ဘယ်သူမှ မနိုင်၍ စစ်အတွင်း က သူ့ ဆရာရင်း လွှတ် ပြီး ပြော ခိုင်း တောင် လေးဘက်ထောက်ဝင် ရ သော လယ်တော တွင်း မှ ကောက်ရိုး အိမ် ကလေး အတွင်း တွင် လက်ခံ တွေ့ ဆုံ ခဲ့ သည်။ ယခု လည်း အစိုးရ အဖွဲ့ ကို သာ မက တိုင်းရင်း သား ကိုယ်စားလှယ် အမျိုးသမီး များ ကို ကုလကိုယ်စားလှယ် က သွား ရောက် တွေ့ ဆုံ ရ သည့် အပေါက် ရေး ခဲ့ သည်။ စစ်ကောင်စီ ဥက္ကဌ က မတွေ့ ရဲ ၍ မတွေ့  ။ ဘာ တွေ အကြံ ထုတ်နေ လည်း မသိ ။
ဒေါ် စု ၏ ကြေညာချက် တွင် သူ့ စေတနာကို လှမ်း မြင်လိုက် ရ သည်။ ဗခ ကျော်ဆန်း ၏ ကြေညာချက် တွင် မူ ကုလကို ကြိမ်း ထား သည်။ ပြင်ပ မှ ဖိအား ကြောင့် မဟုတ် ဟု ကြောက်ကန်ကန် ငြင်းထား သည်။ အားလုံး ကို ထီ မထင် သော အပြော များ ပါ သည်။ ကျွန်တော်တို့ အီရတ် ပြန်ကြားရေး ဝန်ကြီး ၏ နောက်ဖေးပေါက် က ဆင်း ပြေး ခါ နီး ထိ လိမ် သွား သော အပြော များ ကို ကြား ဖူး ၍ တော် သေး သည်။ နို့မို့ ဆို ရင် သူ့ အပြော နှင့် ပင် ဖျား သွား လောက် သည်။
တရား ဥပဒေ က လည်း ၉ နှစ် ခွဲ ထောင် ချ ထား သော လူ ကို ၂ နှစ် ခွဲ အထိ လျှော့ချ သည် တဲ့ ။ ဒါ တောင် သူတို့ ကို ပြန် ကျေး ဇူး တင် ရ ဦး မည်။ နိုင်ငံ ရေး အမှု များ ကို ချ ချင် သလောက် ချ ခွင့် ၊ ရှိ သည် မဟုတ်ပါ လား ။ အမှု တွဲ များ ကို ပေါင်း ၍ နှစ် ၁၀၀ ကျော် တွေ လည်း ရှိ တာ ပဲ ။ တရား ဥပဒေ ရယ် ၊ ဥပဒေ ကဲ့ သို့ အာဏာ တည် သော အမိန့် ရယ် ၊ ဘိုး တော် ဘု ရား ခေတ် က ဥပဒေ ရယ် ၊ စည်းမျဉ်း စည်းကမ်း ရယ် ပေါင်း လိုက် တော့ သာမန် ဘာမှ မသိ သော လူ တောင် ထောင်ချ ၍ ရ နေ သည်။ သွား လေ သူ ခင်ညွှန့် တောင် ဆိုင်း ငံ့ ၄၄ နှစ် မဟုတ်ပါ လား ။ သူတောင် တရား တွေ ဘာ တွေ ရ နေ သည် ဆို၍ ကျွန်တော် ပြုံး မိ သေး သည်။ ဘယ် တော့ ကန့်လန့် ကာ ကြား က ထွက် လာ မလဲ ဆို တာ ကြည့် ရ ဦး မည်။ နိုင်ငံ ရေး ဘယ် တော့ မှ မလုပ် တော့ ပါ ဟု ပြော ထား သော ဦး အောင်ကြီး တောင် အချိန် တန် တော့ လိုက် ကာ လေး မ က ထွက် လာေ သး သည် မဟုတ် ပါ လား ။ သူ့ နိုင်ငံ ရေး ကျား သေ ကို အင်တာဗျူး မှော် ဆရာ မြတ်ခိုင် က အသက်သွင်း မည် ကြံသည်။ တပ်မတော် ကို စိတ် နဲ့ တောင် မပြစ် မှား နဲ့ ဆိုတဲ့ တစ်ချက် နှင့် ပင် မြောင်းထဲ ရောက်သွား သည်။ ဒါ တောင် သမဂ္ဂ ကိစ္စ တွေ မဖော်ရ သေး ။ ကျန်လူ တွေ သေကုန် ပြီ ဖြစ် ၍ လိမ်လို့ ကောင်း နေ တုန်း ။ ဦး နေ ဝင်း နှင့် တုန်း က လည်း ok ဟု ပြော သံ ကြား လိုက် ရ သည် ဟု ပဲ သိ လိုက် ရ သည်။
တစ်နေ့  က တေ ဇ ၏ အလိမ်တွေ ကို ဖတ်လိုက် ရသည်။ သူ့ ဝန်ထမ်း တွေ ပဲ လက်ခုတ်တီး ကြ ပေ လိမ့် မည်။ သူ့ ထူး ကုမ္ပဏီ က ပတ်ဝန်း ကျင် ထိန်း သိမ်း ရေး တွေ လုပ် နေ သည် ဆို ၍ နည်း နည်း ရီ မိ သည်။ သူပုန် အဖွဲ့များ နှင့် ပေါင်း ကာ တစ် တော လုံး တစ် တောင် လုံး ရှင်း တာ ဘယ် ကုမ္ပဏီ လဲ ? ။ သစ်တော တိုင်း လက်ညိုး ထိုး မလွဲ ခုတ်ခွင့် ရှိ တာ ဘယ် ကုမ္ပဏီ လဲ ?။ စီး ပွား ရေး ကို လက်ဝါး ကြီး အုပ် ခွင့် ရှိတာ ဘယ် ကုမ္ပဏီ လဲ ? ။ လက်နက် ကိုယ် စား လှယ် လုပ် ကာ နေ့ ချင်း ည ချင်း ကြီး ပွား သွား တာ ဘယ် ကုမ္ပဏီ လဲ ? ။ သြော် … အရှင် မွေး တော့ နေ့ ချင်း ည ချင်း ကြီး ပေ မေ ပါ့ ။ မုဒိ တာ ပွား လိုက် ပါ သည်။
ဂမ် ဘာ ရီ တစ် ယောက် နောက် လ လောက် ပြန် လာ ဦး မည် လား ။ သူ့ ကို လည်း မျှော် သည် ပေါ့ ။ သို့ သော် လည်း ကိုယ် တွေ ဘက် က လည်း ကိုယ် နိုင် သ လောက် လုပ် ဖို့ လို သည်။ စင်္ကာပူ က မြန် မာ များ အတွက် မူ ကား အခြေအနေ မကောင်း လှ ။ သူ ရို့ က divide and rule သုံး နေ ပြီ ။ မီး စ တစ် ဖက် ရေ မှုတ် တစ် ဖက် ၊ ကိုယ့် အရိုး နဲ့ ကိုယ် အ ထိုး ခံ ဖို့ ပြင်ထား ပေ ရော့ ။ ကျွန်တော် တို့ မြန် မာ များ ဒီ မှာ စည်း ကမ်း လိုက် နာ ကြ ပါ သည်။ ထမင်း ကျွေးထား သည် မဟုတ် ပါ လား ။ ကျွန်တော် တို့ သဘော က တော့ စလုံး ၏ စည်း ကမ်း ကို လည်း မဖောက်ဖျက် ဘဲ ၊ အမိမြန်မာ ပြည် အတွက် စုစည်းမှု အား တွေ ရ ချင် သည်။ ပြည်တွင်း က လူ တွေ အ တွက် အား ဖြစ် စေ ချင် သည် ။ ကိုယ့် မြန် မာ တွေ က ထမင်း ဝ နေ ရုံ နှင့် သူတို့ လို နိုင်ငံ ရေး စိတ်မဝင်စား ကြ သော လူမျိုး မဟုတ် ။ ပိုက်ဆံ ရ ရင် ပြီး ရော ဟူ သော လူ မျိုး တစ် မျိုး မှ ဆင်း လာ သည် လည်း မဟုတ် ပေ ။
